UNSC အစည်းအဝေးသို့ ဇီလင်စကီး ကိုယ်တိုင်တက်ရောက်လာခြင်းအား မော်စကို ကန့်ကွက်
![](/img/icon_eye.svg)
1282
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/650bf530dc78d0266a2afeb5/banner-650bf530dc78d0266a2afeb5-x800.jpg)
Htay Oung (NP News) - စက်တင်ဘာ ၂၁
ယူကရိန်းနိုင်ငံကို ရုရှားရဲ့ကျူးကျော်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် သမ္မတ ဗိုလိုဒီမြာ_ဇီလင်စကီးကိုယ်တိုင်တက်ရောက်လာခြင်းအပေါ် ရုရှားသံအမတ် ဗက်စီလီ_ နီဘန်စီယာက ကန့်ကွက်ခဲ့တယ်လို့ Reuters က ယနေ့ စက်တင်ဘာလ ၂၁ ရက်မှာ ရေးသားခဲ့ပါတယ်။
တင်းမာသွားတဲ့ အစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ အယ်လ်ဘေးနီးယားနိုင်ငံ ဝန်ကြီးချုပ်_ အက်ဒီ ရာမာက ကျူးကျော်တဲ့ စစ်ခင်းမှုမဟုတ်ကြောင်း ရုရှားက ရှည်လျားစွာပြောဆိုနေခိုက် “အထူးစစ်ဆင်ရေးပါ” လို့ ပြောင်လှောင်တုံ့ပြန်လိုက်ပါတယ်။
အတိတ်ကာလ ဆိုဗီယက်ယူနီယံရဲ့ အရံနိုင်ငံနဲ့ ဝါဆောစစ်စာချုပ်အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ အယ်လ်ဘေးနီးယားဟာ လောလောဆယ် အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်စာချုပ်အဖွဲ့ဝင်ဖြစ်နေပြီး ရုရှားတို့ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းအပေါ် အကူအညီပေးတဲ့နိုင်ငံအဖြစ် ပြောင်းလဲနေပါတယ်။
"အယ်လ်ဘေးနီးယန်း သမ္မတရာထူးဆိုတာ အထူးလုပ်ဆောင်မှုတော့ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ရဲ့ ရုရှားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီမှာရှိတဲ့လူတိုင်းကို အခိုင်အမာ ပြောချင်ပါတယ်" လို့ ကြိတ်ရယ်နေကြတဲ့ အခန်းတွင်းရှိသူများကို ဟာသဉာဏ်ရွှင်ရွင်နဲ့ သမ္မတ ရာမာက ပြောလိုက်ပါတယ်။
“ဒီအတွက် အဖြေရှိပါတယ်" လို့ ရုရှားသံအမတ်ကြီးရဲ့ပြောဆိုချက်ကို အယ်လ်ဘေးနီးယား သမ္မတက ကြားဝင်လိုက်ပြီး “ရုရှားက သဘောတူမယ်ဆိုရင် စစ်ပွဲကို ရပ်တန့်လိုက်ပါ" “ဇီလင်စကီးလည်း အစည်းအဝေးခန်းမထဲ လာစရာ မလိုတော့ဘူး" လို့ ဆက်လက်ပြောဆိုပါတယ်။
အယ်လ်ဘေးနီးယားရဲ့စောဒကတက်ခြင်းကို ရုရှားက သဘောမတူပါဘူး။ ဆွေးနွေးပွဲကို ပြပွဲတစ်ခုအဖြစ်ပြုလုပ်နေပြီး အယ်လ်ဘေးနီးယားဟာ အစဉ်အလာလုပ်ထုံးလုပ်နည်းများကို ဝိုင်း၀န်းထိန်းသိမ်းရမယ့်အစား နိုင်ငံရေးအရ စွပ်စွဲပြောဆိုနေတယ်လို့ ဝေဖန်ပါတယ်။
အစည်းအဝေးအပြီး ဇီလင်စကီးက အနုပညာရှင်တစ်ဦးလည်းဖြစ် ဘတ်စကက်ဘောကစားသမားတစ်ဦးလည်းဖြစ်သူ အယ်လ်ဘေးနီးယား၀န်ကြီးချုပ် ရာမာကို လူမှုကွန်ရက်မှတဆင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
"လိမ်ညာမှုနဲ့ အရေခြုံနေတဲ့ ရုရှားကို ဘယ်လိုနည်းလမ်းမှန်နဲ့ ကိုင်တွယ်ရမယ့်အကြောင်း ကမ္ဘာကို ပြသခဲ့တယ်လို့ ဆိုပါတယ်။
နေတိုး အပါအဝင် အနောက်အုပ်စုနဲ့ ပေါင်းစည်းမယ့် ယူကရိန်းရဲ့ရည်မှန်းချက်တွေဟာ ရုရှားရဲ့ (အမျိုးသား) လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းကြောင့်ဖြစ်တယ်လို့ သူ့ရဲ့ကျူးကျော်ရခြင်းကို ရုရှားက အကြောင်းပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုပြောဆိုခြင်းဟာ စစ်၀င်တိုက်ချင်လို့ အခြေအမြစ်မရှိတာတွေကို ကိုးကားနေတယ်လို့ ယူကရိန်းနဲ့ သူ့ရဲ့မဟာမိတ်တွေက ပယ်ချထားပါတယ်။
အစည်းအဝေးခန်းမအတွင်း ယူကရိန်းသမ္မတ ဝင်ရောက်ခွင့်ရရှိပြီးနောက် အပြန်အလှန် ဆွေးနွေးကြပါတယ်။ ယူကရိန်းကို တိုက်ခိုက်ခြင်းအတွက် ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ငါးဦးအနက် တစ်ဦးဖြစ်တဲ့ ရုရှားအပေါ် အပ်နှင်းထားတဲ့ ဗီတိုအာဏာကို ဖယ်ရှားပေးရန် ဇီလင်စကီးက တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက် ဇီလင်စကီး ရောက်ရှိလာချိန် ထွက်ခွာသွားတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ_လက်ဗ်ရော့ဗ်ဟာ အခန်းတွင်း ပြန်ဝင်လာပါတယ်။ မော်စကိုရဲ့ဗီတိုအာဏာအသုံးပြုမှုကို တရားဝင်ဖြစ်ကြောင်း ခုခံကာကွယ်ခဲ့ပြီး ယူကရိန်းနဲ့ အနောက်နိုင်ငံတွေဟာ သူတို့ရဲ့ (ဆန္ဒနဲ့) ကိုက်ညီမှသာ ၁၉၄၅ ခုနှစ် ကုလသမဂ္ဂပဋိညာဉ်ပါ အခြေခံမူများကို ရွေးချယ်လိုက်နာနေတယ်လို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးက စွပ်စွဲပါတယ်။
#ယူကရိန်းသမ္မတ_ဗိုလိုဒီမြာ_ဇီလင်စကီး #ကုလရုရှားသံအမတ်_ဗက်စီလီ နီဘန်စီယာ #ရုရှားနိုင်ငံခြားရေး၀န်ကြီး_ဆာဂီ_လက်ဗ်ရော့ဗ် #ဗီတိုအာဏာ #ကုလသမဂ္ဂလုံခြုံရေး ကောင်စီ
(Reuters., 21 September 2023,"'Stop the war' and Zelenskiy need not speak, UN Security Council chair tells Russia" ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/650bf530dc78d0266a2afeb5/body-image-650bf530dc78d0266a2afeb5-0.jpg)
Zawgyi Version;
UNSC အစည္းအေဝးသို႔ ဇီလင္စကီး ကိုယ္တိုင္တက္ေရာက္လာျခင္းအား ေမာ္စကို ကန္႔ကြက္
Htay Oung (NP News) - စက္တင္ဘာ ၂၁
ယူကရိန္းႏိုင္ငံကို ႐ုရွားရဲ႕က်ဴးေက်ာ္မႈနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီအစည္းအေဝးကို ပထမဆုံးအႀကိမ္အျဖစ္ သမၼတ ဗိုလိုဒီျမာ_ဇီလင္စကီးကိုယ္တိုင္တက္ေရာက္လာျခင္းအေပၚ ႐ုရွားသံအမတ္ ဗက္စီလီ_ နီဘန္စီယာက ကန္႔ကြက္ခဲ့တယ္လို႔ Reuters က ယေန႔ စက္တင္ဘာလ ၂၁ ရက္မွာ ေရးသားခဲ့ပါတယ္။
တင္းမာသြားတဲ့ အစည္းအေဝးမွာ ဥကၠ႒အျဖစ္ ေဆာင္႐ြက္ေနတဲ့ အယ္လ္ေဘးနီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္_ အက္ဒီ ရာမာက က်ဴးေက်ာ္တဲ့ စစ္ခင္းမႈမဟုတ္ေၾကာင္း ႐ုရွားက ရွည္လ်ားစြာေျပာဆိုေနခိုက္ “အထူးစစ္ဆင္ေရးပါ” လို႔ ေျပာင္ေလွာင္တုံ႔ျပန္လိုက္ပါတယ္။
အတိတ္ကာလ ဆိုဗီယက္ယူနီယံရဲ႕ အရံႏိုင္ငံနဲ႔ ဝါေဆာစစ္စာခ်ဳပ္အဖြဲ႕ဝင္ျဖစ္ခဲ့ဖူးတဲ့ အယ္လ္ေဘးနီးယားဟာ ေလာေလာဆယ္ အေမရိကန္ဦးေဆာင္တဲ့ ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ဝင္ျဖစ္ေနၿပီး ႐ုရွားတို႔ကို ခုခံတိုက္ခိုက္ေနတဲ့ ယူကရိန္းအေပၚ အကူအညီေပးတဲ့ႏိုင္ငံအျဖစ္ ေျပာင္းလဲေနပါတယ္။
"အယ္လ္ေဘးနီးယန္း သမၼတရာထူးဆိုတာ အထူးလုပ္ေဆာင္မႈေတာ့ မဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္တို႔ရဲ႕ ႐ုရွားလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဒီမွာရွိတဲ့လူတိုင္းကို အခိုင္အမာ ေျပာခ်င္ပါတယ္" လို႔ ႀကိတ္ရယ္ေနၾကတဲ့ အခန္းတြင္းရွိသူမ်ားကို ဟာသဉာဏ္႐ႊင္႐ြင္နဲ႔ သမၼတ ရာမာက ေျပာလိုက္ပါတယ္။
“ဒီအတြက္ အေျဖရွိပါတယ္" လို႔ ႐ုရွားသံအမတ္ႀကီးရဲ႕ေျပာဆိုခ်က္ကို အယ္လ္ေဘးနီးယား သမၼတက ၾကားဝင္လိုက္ၿပီး “႐ုရွားက သေဘာတူမယ္ဆိုရင္ စစ္ပြဲကို ရပ္တန္႔လိုက္ပါ" “ဇီလင္စကီးလည္း အစည္းအေဝးခန္းမထဲ လာစရာ မလိုေတာ့ဘူး" လို႔ ဆက္လက္ေျပာဆိုပါတယ္။
အယ္လ္ေဘးနီးယားရဲ႕ေစာဒကတက္ျခင္းကို ႐ုရွားက သေဘာမတူပါဘူး။ ေဆြးေႏြးပြဲကို ျပပြဲတစ္ခုအျဖစ္ျပဳလုပ္ေနၿပီး အယ္လ္ေဘးနီးယားဟာ အစဥ္အလာလုပ္ထုံးလုပ္နည္းမ်ားကို ဝိုင္း၀န္းထိန္းသိမ္းရမယ့္အစား ႏိုင္ငံေရးအရ စြပ္စြဲေျပာဆိုေနတယ္လို႔ ေဝဖန္ပါတယ္။
အစည္းအေဝးအၿပီး ဇီလင္စကီးက အႏုပညာရွင္တစ္ဦးလည္းျဖစ္ ဘတ္စကက္ေဘာကစားသမားတစ္ဦးလည္းျဖစ္သူ အယ္လ္ေဘးနီးယား၀န္ႀကီးခ်ဳပ္ ရာမာကို လူမႈကြန္ရက္မွတဆင့္ ေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။
"လိမ္ညာမႈနဲ႔ အေရၿခဳံေနတဲ့ ႐ုရွားကို ဘယ္လိုနည္းလမ္းမွန္နဲ႔ ကိုင္တြယ္ရမယ့္အေၾကာင္း ကမာၻကို ျပသခဲ့တယ္လို႔ ဆိုပါတယ္။
ေနတိုး အပါအဝင္ အေနာက္အုပ္စုနဲ႔ ေပါင္းစည္းမယ့္ ယူကရိန္းရဲ႕ရည္မွန္းခ်က္ေတြဟာ ႐ုရွားရဲ႕ (အမ်ိဳးသား) လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနျခင္းေၾကာင့္ျဖစ္တယ္လို႔ သူ႔ရဲ႕က်ဴးေက်ာ္ရျခင္းကို ႐ုရွားက အေၾကာင္းျပခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီလိုေျပာဆိုျခင္းဟာ စစ္၀င္တိုက္ခ်င္လို႔ အေျခအျမစ္မရွိတာေတြကို ကိုးကားေနတယ္လို႔ ယူကရိန္းနဲ႔ သူ႔ရဲ႕မဟာမိတ္ေတြက ပယ္ခ်ထားပါတယ္။
အစည္းအေဝးခန္းမအတြင္း ယူကရိန္းသမၼတ ဝင္ေရာက္ခြင့္ရရွိၿပီးေနာက္ အျပန္အလွန္ ေဆြးေႏြးၾကပါတယ္။ ယူကရိန္းကို တိုက္ခိုက္ျခင္းအတြက္ ျပစ္ဒဏ္ေပးတဲ့အေနနဲ႔ ဒုတိယကမာၻစစ္အၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ အၿမဲတမ္းအဖြဲ႕ဝင္ ငါးဦးအနက္ တစ္ဦးျဖစ္တဲ့ ႐ုရွားအေပၚ အပ္ႏွင္းထားတဲ့ ဗီတိုအာဏာကို ဖယ္ရွားေပးရန္ ဇီလင္စကီးက ေတာင္းဆိုခဲ့ပါတယ္။
အဲဒီေနာက္ ဇီလင္စကီး ေရာက္ရွိလာခ်ိန္ ထြက္ခြာသြားတဲ့ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာဂီ_လက္ဗ္ေရာ့ဗ္ဟာ အခန္းတြင္း ျပန္ဝင္လာပါတယ္။ ေမာ္စကိုရဲ႕ဗီတိုအာဏာအသုံးျပဳမႈကို တရားဝင္ျဖစ္ေၾကာင္း ခုခံကာကြယ္ခဲ့ၿပီး ယူကရိန္းနဲ႔ အေနာက္ႏိုင္ငံေတြဟာ သူတို႔ရဲ႕ (ဆႏၵနဲ႔) ကိုက္ညီမွသာ ၁၉၄၅ ခုႏွစ္ ကုလသမဂၢပဋိညာဥ္ပါ အေျခခံမူမ်ားကို ေ႐ြးခ်ယ္လိုက္နာေနတယ္လို႔ ႐ုရွားႏိုင္ငံျခားေရး၀န္ႀကီးက စြပ္စြဲပါတယ္။
#ယူကရိန္းသမၼတ_ဗိုလိုဒီျမာ_ဇီလင္စကီး #ကုလ႐ုရွားသံအမတ္_ဗက္စီလီ နီဘန္စီယာ #႐ုရွားႏိုင္ငံျခားေရး၀န္ႀကီး_ဆာဂီ_လက္ဗ္ေရာ့ဗ္ #ဗီတိုအာဏာ #ကုလသမဂၢလုံၿခဳံေရး ေကာင္စီ
(Reuters., 21 September 2023,"'Stop the war' and Zelenskiy need not speak, UN Security Council chair tells Russia" ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)