Game of Thrones ဝတ္တုရေးဆရာ အပါအဝင် အခြားစာရေးဆရာတွေက ChatGPT ထုတ်လုပ်သူကို "စာပေခိုးမှု"နဲ့ တရားစွဲ

 1041

ရောင်နီ (NP News) - စက်တင်ဘာ ၂၃

နာမည်ကြီး ဝတ္တုနဲ့ ရုပ်ရှင်တွေဖြစ်ခဲ့တဲ့ John Grisham၊ Jodi Picoult နဲ့ Game of Thrones ဝတ္ထုရေးဆရာ ဂျော့အာအာမာတင် အပါအဝင် စာရေးဆရာ ၁၇ ဦးက OpenAI ရဲ့ထုတ်လုပ်သူကို ၎င်းတို့ရဲ့ မူပိုင်ခွင့်ရထားတဲ့ စာပေလက်ရာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုနဲ့ အင်္ဂါနေ့ (စက်တင်ဘာ ၁၉ ရက်) က တရားစွဲခဲ့ပါတယ်။

Authors Guild မှ အင်္ဂါနေ့ (စက်တင်ဘာ ၁၉ ရက်) နှောင်းပိုင်းက တင်သွင်းခဲ့တဲ့ အဆိုပါတရားစွဲဆိုမှုမှာ စာရေးဆရာတွေ၊ source code owners တွေနဲ့ AI ဝန်ဆောင်မှုအပေါ် ဆန့်ကျင်တဲ့ ပန်းချီဆရာတွေ ပါဝင်ပါတယ်။

Microsoft ကျောထောက်နောက်ခံပြု OpenAI အပြင်၊ ၎င်းတို့ရဲ့ AI စနစ်တွေမှာ အသုံးပြုတဲ့ ဒေတာနဲ့ ပတ်သက်ပြီး Meta Platforms နဲ့ Stability AI တို့ဟာလည်း အလားတူတရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအတွက် OpenAI အနေနဲ့ စာရေးဆရာတွေရဲ့အခွင့်အရေးကို လေးစားပြီး "စာရေးဆရာများအသင်း အပါအဝင် ကမ္ဘာတစ်ဝန်းရှိ creator များစွာနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့ OpenAI ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၂ဝ ရက်) မှာ ပြောကြား ဖြေရှင်းခဲ့ပါတယ်။

ယခုလအစောပိုင်းကလည်း အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှာ မစ်ရှယ်ချာဘွန် နဲ့ ဒေးဗစ်ဟင်နရီဝမ် အပါအဝင် လက်တစ်ဆုပ်စာစာရေးဆရာတွေက OpenAI ကို မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခဲ့ပါတယ်။

Zawgyi Version;
Game of Thrones ဝတၱဳေရးဆရာ အပါအဝင္ အျခားစာေရးဆရာေတြက ChatGPT ထုတ္လုပ္သူကို "စာေပခိုးမႈ"နဲ႔ တရားစြဲ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃

နာမည္ႀကီး ဝတၱဳနဲ႔ ႐ုပ္ရွင္ေတြျဖစ္ခဲ့တဲ့ John Grisham၊ Jodi Picoult နဲ႔ Game of Thrones ဝတၳဳေရးဆရာ ေဂ်ာ့အာအာမာတင္ အပါအဝင္ စာေရးဆရာ ၁၇ ဦးက OpenAI ရဲ႕ထုတ္လုပ္သူကို ၎တို႔ရဲ႕ မူပိုင္ခြင့္ရထားတဲ့ စာေပလက္ရာေတြကို ခြင့္ျပဳခ်က္မရွိဘဲ အသုံးျပဳမႈနဲ႔ အဂၤါေန႔ (စက္တင္ဘာ ၁၉ ရက္) က တရားစြဲခဲ့ပါတယ္။

Authors Guild မွ အဂၤါေန႔ (စက္တင္ဘာ ၁၉ ရက္) ေႏွာင္းပိုင္းက တင္သြင္းခဲ့တဲ့ အဆိုပါတရားစြဲဆိုမႈမွာ စာေရးဆရာေတြ၊ source code owners ေတြနဲ႔ AI ဝန္ေဆာင္မႈအေပၚ ဆန႔္က်င္တဲ့ ပန္းခ်ီဆရာေတြ ပါဝင္ပါတယ္။

Microsoft ေက်ာေထာက္ေနာက္ခံျပဳ OpenAI အျပင္၊ ၎တို႔ရဲ႕ AI စနစ္ေတြမွာ အသုံးျပဳတဲ့ ေဒတာနဲ႔ ပတ္သက္ၿပီး Meta Platforms နဲ႔ Stability AI တို႔ဟာလည္း အလားတူတရားစြဲဆိုမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီအတြက္ OpenAI အေနနဲ႔ စာေရးဆရာေတြရဲ႕အခြင့္အေရးကို ေလးစားၿပီး "စာေရးဆရာမ်ားအသင္း အပါအဝင္ ကမာၻတစ္ဝန္းရွိ creator မ်ားစြာနဲ႔ စကားေျပာဆိုမႈေတြ ျပဳလုပ္ေနတယ္လို႔ OpenAI ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ဗုဒၶဟူးေန႔(စက္တင္ဘာ ၂ဝ ရက္) မွာ ေျပာၾကား ေျဖရွင္းခဲ့ပါတယ္။

ယခုလအေစာပိုင္းကလည္း အေမရိကန္ႏိုင္ငံ၊ ဆန္ဖရန္စစၥကိုမွာ မစ္ရွယ္ခ်ာဘြန္ နဲ႔ ေဒးဗစ္ဟင္နရီဝမ္ အပါအဝင္ လက္တစ္ဆုပ္စာစာေရးဆရာေတြက OpenAI ကို မူပိုင္ခြင့္ ခ်ိဳးေဖာက္မႈနဲ႔ တရားစြဲခဲ့ပါတယ္။

Related news

© 2021. All rights reserved.