ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်စဉ် လမ်းခုလတ်၌ ဖမ်းဆီးရမိ

1669
Pearl (NP News) – စက်တင်ဘာ ၂၄
ကျပ်သိန်း (၆၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ် ဆောင်စဉ် လမ်းခုလတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
အဆိုပါဘိန်းဖြူများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အဆိုပါကျေးရွာအနီးတွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ ခွန်တင်ထွန်း(ခ)ခွန်ဧပရယ်မောင်းနှင်ပြီး ခွန်စိုးထိုက် လိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၁၇ တုံး၊ အလေးချိန် ၄၀ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူ ဘလောက်တုံးများအား ရှမ်းပြည်နယ်မှ ကရင်ပြည် နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
က်ပ္သိန္း(၆၀၀၀)ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ားကို ရွမ္းျပည္နယ္မွ ကရင္ျပည္နယ္သို႔ သယ္ဆာင္စဥ္ လမ္းခုလတ္၌ ဖမ္းဆီးရမိ
Pearl (NP News) – စက္တင္ဘာ ၂၄
က်ပ္သိန္း (၆၀၀၀)ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ားကို ရွမ္းျပည္နယ္မွ ကရင္ျပည္နယ္သို႔ သယ္ ေဆာင္စဥ္ လမ္းခုလတ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
အဆိုပါဘိန္းျဖဴမ်ားကို ၿပီးခဲ့သည့္ စက္တင္ဘာလ (၁၆) ရက္၊ နံနက္ (၁၀) နာရီအခ်ိန္ခန႔္တြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္၊ လိန္းလီေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ အဆိုပါေက်း႐ြာအနီးတြင္ ပင္ေလာင္းဘက္မွ တပ္ကုန္းဘက္သို႔ ခြန္တင္ထြန္း(ခ)ခြန္ဧပရယ္ေမာင္းႏွင္ၿပီး ခြန္စိုးထိုက္ လိုက္ပါလာသည့္ HIACE ေမာ္ေတာ္ယာဥ္ကို သတင္းအရရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ ယာဥ္ေပၚမွ ေဒသကာလတန္ဖိုးေငြက်ပ္သိန္း ၆၁၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴဘေလာက္တုံး ၁၁၇ တုံး၊ အေလးခ်ိန္ ၄၀ ဒသမ ၉၅ ကီလို သိမ္းဆည္းရမိခဲ့ၿပီး စစ္ေဆးေဖာ္ ထုတ္ခ်က္အရ သိမ္းဆည္းရမိ ဘိန္းျဖဴ ဘေလာက္တုံးမ်ားအား ရွမ္းျပည္နယ္မွ ကရင္ျပည္ နယ္သို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရွိရသည္ဟု ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
လက္ရွိတြင္ ၎တို႔အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။