နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဒိုင်လူကြီးအန်သိုနီတေလာ၏ ဆုံးဖြတ်ချက်များကို မန်စီးတီးနည်းပြ ဝေဖန်ပြစ်တင်

500

Pika (NP News) - စက်တင်ဘာ ၂၄
မန်စီးတီးနည်းပြဂွါဒီယိုလာသည် နော်တင်ဟမ်ဖောရက်စ်အသင်းကို (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ၎င်း၏ အသင်းနောက်တန်းကစားသမားရိုဒရီ ပွဲချိန်(၄၆)မိနစ်တွင် အနီကဒ်ပြခံရကာ ထုတ်ပယ်ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရိုဒရီကို ထုတ်ပယ်လိုက်ခြင်းနှင့်ပတ်သက်ပြီး ဒိုင်လူကြီးအန်သိုနီတေလာ၏ လုပ်ရပ်ကို ဂွါဒီယိုလာက ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။ မန်စီးတီးအသင်းသည် ဒုတိယပိုင်းအစတွင် ကစားသမား(၁ဝ)ဦးဖြင့် ကစားခဲ့ရသော်လည်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်အသင်း နှင့် ကစားခဲ့သည့်ပွဲတွင် မန်စီးတီးကွင်းလယ်လူဖိုဒန်သည် ပွဲချိန်(၇)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပြီး တိုက်စစ်မှူးဟာလန်းက ပွဲချိန်(၁၄)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲအတွင်း ဒိုင်လူကြီး အန်သိုနီတေလာသည် ရိုဒရီကို အနီကဒ်ပြကာ ထုတ်ပယ်ခဲ့ပြီးနောက် နော်တင်ဟမ်ဖောရက်စ်အသင်းမှ ကစားသမား(၇)ဦး နှင့် မန်စီးတီးအသင်းကစားသမား(၃)ဦးတို့ကို အဝါကဒ် ထပ်မံပြခဲ့ကြောင်း သိရသည်။
ထို့အပြင် အန်သိုနီတေလာသည် မန်စီးတီးနည်းပြဂွါဒီယိုလာကိုလည်း အဝါကဒ်ပြသခဲ့ကြောင်း သိရသည်။ ဂွါဒီယိုလာက "ဒီကစားပွဲဟာ ပွဲချိန်(၃၅)မိနစ်လောက်ထိ နှစ်သင်းလုံးအတွက် အကောင်းဆုံးကစားပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပရမ်းပတာတွေဖြစ်ခဲ့ပြီး အနီကဒ်တွေ၊ အဝါကဒ်ပြတာတွေ အများကြီးဖြစ်ခဲ့ပါတယ်။ ဒီအဝါကဒ်တွေအားလုံးက မန်စီးတီးအသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ရဲ့ကစားသမားတွေ အမှား မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဒိုင်လူကြီးက ကစားပွဲကို လုံးဝပြောင်းပစ်လိုက်တာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
ေနာ္တင္ဟမ္ေဖာရက္စ္အသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ ဒိုင္လူႀကီးအန္သိုနီေတလာ၏ ဆုံးျဖတ္ခ်က္မ်ားကို မန္စီးတီးနည္းျပ ေဝဖန္ျပစ္တင္
Pika (NP News) - စက္တင္ဘာ ၂၄
မန္စီးတီးနည္းျပဂြါဒီယိုလာသည္ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းကို (၂)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ေသာပြဲတြင္ ၎၏ အသင္းေနာက္တန္းကစားသမား႐ိုဒရီ ပြဲခ်ိန္(၄၆)မိနစ္တြင္ အနီကဒ္ျပခံရကာ ထုတ္ပယ္ခံခဲ့ရျခင္းႏွင့္ ပတ္သက္ၿပီး စိတ္ဆိုးေဒါသျဖစ္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ႐ိုဒရီကို ထုတ္ပယ္လိုက္ျခင္းႏွင့္ပတ္သက္ၿပီး ဒိုင္လူႀကီးအန္သိုနီေတလာ၏ လုပ္ရပ္ကို ဂြါဒီယိုလာက ျပစ္တင္ေဝဖန္ခဲ့ေၾကာင္းလည္း သိရသည္။ မန္စီးတီးအသင္းသည္ ဒုတိယပိုင္းအစတြင္ ကစားသမား(၁ဝ)ဦးျဖင့္ ကစားခဲ့ရေသာ္လည္း အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့သည္။
ေနာ္တင္ဟမ္ေဖာရက္စ္အသင္း ႏွင့္ ကစားခဲ့သည့္ပြဲတြင္ မန္စီးတီးကြင္းလယ္လူဖိုဒန္သည္ ပြဲခ်ိန္(၇)မိနစ္တြင္ အသင္းအတြက္ အဖြင့္ဂိုးကိုသြင္းယူေပးႏိုင္ခဲ့ၿပီး တိုက္စစ္မႉးဟာလန္းက ပြဲခ်ိန္(၁၄)မိနစ္တြင္ တစ္ဂိုး ထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ (၂)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ အဆိုပါပြဲအတြင္း ဒိုင္လူႀကီး အန္သိုနီေတလာသည္ ႐ိုဒရီကို အနီကဒ္ျပကာ ထုတ္ပယ္ခဲ့ၿပီးေနာက္ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းမွ ကစားသမား(၇)ဦး ႏွင့္ မန္စီးတီးအသင္းကစားသမား(၃)ဦးတို႔ကို အဝါကဒ္ ထပ္မံျပခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ အန္သိုနီေတလာသည္ မန္စီးတီးနည္းျပဂြါဒီယိုလာကိုလည္း အဝါကဒ္ျပသခဲ့ေၾကာင္း သိရသည္။ ဂြါဒီယိုလာက "ဒီကစားပြဲဟာ ပြဲခ်ိန္(၃၅)မိနစ္ေလာက္ထိ ႏွစ္သင္းလုံးအတြက္ အေကာင္းဆုံးကစားပြဲျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပရမ္းပတာေတြျဖစ္ခဲ့ၿပီး အနီကဒ္ေတြ၊ အဝါကဒ္ျပတာေတြ အမ်ားႀကီးျဖစ္ခဲ့ပါတယ္။ ဒီအဝါကဒ္ေတြအားလုံးက မန္စီးတီးအသင္းနဲ႔ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းတို႔ရဲ႕ကစားသမားေတြ အမွား မဟုတ္ဘူးဆိုတာ သိသာပါတယ္။ ဒိုင္လူႀကီးက ကစားပြဲကို လုံးဝေျပာင္းပစ္လိုက္တာပါ" ဟု ေျပာခဲ့သည္။