တာချီလိတ်မြို့နယ်တွင် ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များဖမ်းဆီးရမိ

1164
Pearl (NP News) - စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
အဆိုပါ မူးယစ်ဆေးများအား စက်တင်ဘာလ (၂၀) ရက်၊ နံနက် (၆) နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အဆိုပါ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံမှတာချီလိတ်ဘက်သို့ စိုင်းမွန်းမောင်းနှင်လာသည့် LIFAN မြေသယ်ယာဉ်အား သတင်းအရရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၀၄၉ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလိုနှင့် ကက်တမင်း ၂ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကျိုင်းတုံမှ တာချီလိတ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
zawgyi version
တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားဖမ္းဆီးရမိ
Pearl (NP News) - စက္တင္ဘာ ၂၅
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
အဆိုပါ မူးယစ္ေဆးမ်ားအား စက္တင္ဘာလ (၂၀) ရက္၊ နံနက္ (၆) နာရီအခ်ိန္ခန႔္တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က အဆိုပါ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ က်ိဳင္းတုံမွတာခ်ီလိတ္ဘက္သို႔ စိုင္းမြန္းေမာင္းႏွင္လာသည့္ LIFAN ေျမသယ္ယာဥ္အား သတင္းအရရွာေဖြ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွာေဖြရာယာဥ္ေပၚမွ ေဒသကာလတန္ဖိုးေငြက်ပ္ ၂ ဒသမ ၀၄၉ ဘီလ်ံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ အိုက္စ္(မက္သ္အဖက္တမင္း) ၂၅၄ ကီလိုႏွင့္ ကက္တမင္း ၂ ကီလိုသိမ္းဆည္းရမိခဲ့ၿပီး စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိ စိတ္ေျပာင္းေဆးဝါးမ်ားအား က်ိဳင္းတုံမွ တာခ်ီလိတ္သို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္းသိရသည္ဟု ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
လက္ရွိတြင္ ၎အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။