တိုင်း နှင့် ပြည်နယ်ဆေးရုံကြီးများ၌ နှလုံးအထူးကြပ်မတ်ကုသဆောင်များ ဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဆို

671
ယွန်း(NP News) - စက်တင်ဘာ ၃၀
တိုင်းဒေသကြီးနှင် ပြည်နယ်ဆေးရုံကြီးများ၌ နှလုံးအထူးကြပ်မတ်ကုသဆောင်များ ဖွင့်လှစ်သွားရန် စီစဥ်နေကြောင်း ကျန်းမာရေးဝန်ကြီးက အသိပေးပြောကြားထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက စက်တင်ဘာလ(၂၉)ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ၌ကျင်းပခဲ့သည့် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ခေတ်မီကုထုံးများနှင့် နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရှေ့တောင်အာရှဒေသတွင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများတွင် နှလုံးအထူးကြပ်မတ်ကုသဆောင် (Coronary Care Unit)များဖွင့်လှစ်ရန် စီစဥ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက အသိပေးပြောကြားထားသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆင့်မှစ၍ မကူးစက်နိုင်သောရောဂါများ စစ်ဆေးကုသနိုင်သည့် ဆေးခန်းပေါင်း(၇၄၇၆)ခုကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးနေကြောင်း သိရသည်။
ထို့ပြင် ကုသမှုအတွက် အခြေခံနှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါများ ကုသသည့် ဆေးနှင့်ဆေးပစ္စည်းများကိုလည်း နိုင်ငံတော်မှအခမဲ့ပံ့ပိုးပေးနေကြောင်း ကျန်းမာရေးဝန်ကြီးက ပြော သည်။
ကမ္ဘာတစ်ဝန်းတွင် နှလုံးနှင့်သွေးကြောရောဂါများကြောင့် နှစ်စဉ်လူဦးရေ (၂၀ ဒသမ ၅) သန်းကျော် သေဆုံးလျက်ရှိပြီး အဆိုပါသေဆုံးမှုများ၏ (၈၅)ရာခိုင်နှုန်းသည် နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရုတ်တရက်နှလုံးရပ်၍ သေဆုံးခြင်း(Heart Attack) နှင့် ဦးနှောက်သွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးနေရခြင်းကို တွေ့ရှိရကြောင်း သိရသည်။
ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များကို စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲခြင်းနှင့် အရက်အလွန်အကျွံသောက်သုံးခြင်းတို့သည် နှလုံး နှင့် သွေးကြောရောဂါများ ဖြစ်ပွားစေသည့် အဓိက အ ကြောင်းရင်းများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။

zawgyi version
တိုင္း ႏွင့္ ျပည္နယ္ေဆး႐ုံႀကီးမ်ား၌ ႏွလုံးအထူးၾကပ္မတ္ကုသေဆာင္မ်ား ဖြင့္လွစ္သြားမည္ဟု က်န္းမာေရးဝန္ႀကီးဆို
ယြန္း(NP News) - စက္တင္ဘာ ၃၀
တိုင္းေဒသႀကီးႏွင္ ျပည္နယ္ေဆး႐ုံႀကီးမ်ား၌ ႏွလုံးအထူးၾကပ္မတ္ကုသေဆာင္မ်ား ဖြင့္လွစ္သြားရန္ စီစဥ္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာ သက္ခိုင္ဝင္းက စက္တင္ဘာလ(၂၉)ရက္တြင္ ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိ အားကစား႐ုံ (B) ႐ုံ၌က်င္းပခဲ့သည့္ “ကမာၻ႔ႏွလုံးက်န္းမာေရးေန႔” အထိမ္းအမွတ္အခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေခတ္မီကုထုံးမ်ားႏွင့္ နည္းပညာပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ အေရွ႕ေတာင္အာရွေဒသတြင္းအဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းေဒသႀကီး/ျပည္နယ္ေဆး႐ုံႀကီးမ်ားတြင္ ႏွလုံးအထူးၾကပ္မတ္ကုသေဆာင္ (Coronary Care Unit)မ်ားဖြင့္လွစ္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေက်းလက္က်န္းမာေရးဌာနခြဲအဆင့္မွစ၍ မကူးစက္ႏိုင္ေသာေရာဂါမ်ား စစ္ေဆးကုသႏိုင္သည့္ ေဆးခန္းေပါင္း(၇၄၇၆)ခုကို ဗုဒၶဟူးေန႔တိုင္း ဖြင့္လွစ္၍ စစ္ေဆးကုသေပးေနေၾကာင္း သိရသည္။
ထို႔ျပင္ ကုသမႈအတြက္ အေျခခံႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳေရာဂါမ်ား ကုသသည့္ ေဆးႏွင့္ေဆးပစၥည္းမ်ားကိုလည္း ႏိုင္ငံေတာ္မွအခမဲ့ပံ့ပိုးေပးေနေၾကာင္း က်န္းမာေရးဝန္ႀကီးက ေျပာ သည္။
ကမာၻတစ္ဝန္းတြင္ ႏွလုံးႏွင့္ေသြးေၾကာေရာဂါမ်ားေၾကာင့္ ႏွစ္စဥ္လူဦးေရ (၂၀ ဒသမ ၅) သန္းေက်ာ္ ေသဆုံးလ်က္ရွိၿပီး အဆိုပါေသဆုံးမႈမ်ား၏ (၈၅)ရာခိုင္ႏႈန္းသည္ ႏွလုံးေသြးေၾကာပိတ္ျခင္းေၾကာင့္ ႐ုတ္တရက္ႏွလုံးရပ္၍ ေသဆုံးျခင္း(Heart Attack) ႏွင့္ ဦးေႏွာက္ေသြးေၾကာပိတ္ျခင္း၊ ဦးေႏွာက္ေသြးေၾကာေပါက္ျခင္း၊ ေလျဖတ္ျခင္းတို႔ေၾကာင့္ ေသဆုံးေနရျခင္းကို ေတြ႕ရွိရေၾကာင္း သိရသည္။
က်န္းမာေရးႏွင့္မညီၫြတ္သည့္ အစားအေသာက္မ်ားကို စားသုံးျခင္း၊ ကိုယ္လက္လႈပ္ရွားမႈနည္းပါးျခင္း၊ ေဆးလိပ္ ႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္းမ်ားသုံးစြဲျခင္းႏွင့္ အရက္အလြန္အကြၽံေသာက္သုံးျခင္းတို႔သည္ ႏွလုံး ႏွင့္ ေသြးေၾကာေရာဂါမ်ား ျဖစ္ပြားေစသည့္ အဓိက အ ေၾကာင္းရင္းမ်ားျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးက ေျပာသည္။