ထိုင်းနိုင်ငံတွင်ကျင်းပမည့် BKFC Thailand5 ပွဲစဉ်ကို မြန်မာတိုက်ခိုက်ရေးသမား သပြေညို ပထမဆုံး ပါဝင်ယှဉ်ပြိုင်မည်

2792

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂
မြန်မာနာမည်ကျော်တိုက်ခိုက်ရေးသမား သပြေညိုသည် နိုဝင်ဘာ ၄ ရက်တွင် ထိုင်းနိုင်ငံပတ္တယားမြို့တွင်ကျင်းပမည့် BKFC Thailand5 ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း BKFC အဖွဲ့က ဖော်ပြထားသော တွဲဆိုင်းအစီအစဉ်များအရ သိရသည်။
သပြေညိုသည် အဆိုပါပွဲစဉ်တွင် ထိုင်းတိုက်ခိုက်ရေးသမား Pongpisan Chunyong ဆိုသူနှင့် ယှဉ်ပြိုင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၄ ရက်တွင်ကျင်းပမည့် BKFC Thailand5 ပွဲစဉ်တွင် ထိုင်းတိုက်ခိုက်ရေးသမား နှစ်ဦးဖြစ်သော Buakaw နှင့် Saenchai တို့ တွဲဆိုင်းက အဓိကပွဲစဉ်အဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ MMA တိုက်ခိုက်ရေးသမား သပြေညိုသည် ပြည်တွင်းလက်ဝှေ့ပွဲစဉ်များ နှင့် နာမည်ကျော် One Championship ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း BKFC ပွဲစဉ်များကို ပထမဆုံးယှဉ်ပြိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း သိရသည်။
သပြေညိုသည် ပြည်တွင်းလက်ဝှေ့ပွဲစဉ်များကို ယှဉ်ပြိုင်ထိုးသတ်ရာတွင်လည်း ရလဒ်ကောင်းများရယူနိုင်ခဲ့သလို MMA ပွဲစဉ်များကို ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် နိုင်ပွဲများ ဆက်တိုက်ရယူနိုင်ခဲ့သူဖြစ်သည်။သပြေညို နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းကစ်ဘောင်ဆင်သမား Pongpisan Chunyong ဆိုသူသည် BKFC ပွဲစဉ်များကို ယှဉ် ပြိုင်ထိုးသတ်ဖူးသော အတွေ့အကြုံရှိနေသူဖြစ်ပြီး BKFC ပွဲစဉ် သုံးပွဲထိုးသတ်ခဲ့ရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသူဖြစ်သည်။
အသက် ၃၆ နှစ်အရွယ်ရှိ ထိုင်းတိုက်ခိုက်ရေးသမား ပရော်ဖက်ရှင်နယ် ကစ်ဘောင်ဆင်ပွဲစဉ်များတွင်လည်း နိုင်ပွဲ ၇၂ ပွဲ ၊ သရေပွဲ နှစ်ပွဲ နှင့် ရှုံးပွဲ ၁၆ ပွဲ ရှိထားသူဖြစ်သည်။ သပြေညိုသည် မြန်မာနိုင်ငံ၏ နာမည်ကျော်လက်ဝှေ့သမားများဖြစ်သော ထွန်းထွန်းမင်း၊ နဂါးမာန်၊ သွေးသစ်အောင်၊ စိုးလင်းဦးတို့ နှင့်ယှဉ်ပြိုင်ထိုးသတ်ဖူးသော ဝါရင့်လက်ဝှေ့သမားတစ်ဦးဖြစ်သလို ၂ဝ၁၅ ခုနှစ်တွင် One Championship ပွဲစဉ်များ ကို စတင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္က်င္းပမည့္ BKFC Thailand5 ပြဲစဥ္ကို ျမန္မာတိုက္ခိုက္ေရးသမား သေျပညိဳ ပထမဆုံး ပါဝင္ယွဥ္ၿပိဳင္မည္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂
ျမန္မာနာမည္ေက်ာ္တိုက္ခိုက္ေရးသမား သေျပညိဳသည္ ႏိုဝင္ဘာ ၄ ရက္တြင္ ထိုင္းႏိုင္ငံပတၱယားၿမိဳ႕တြင္က်င္းပမည့္ BKFC Thailand5 ပြဲစဥ္တြင္ ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း BKFC အဖြဲ႕က ေဖာ္ျပထားေသာ တြဲဆိုင္းအစီအစဥ္မ်ားအရ သိရသည္။
သေျပညိဳသည္ အဆိုပါပြဲစဥ္တြင္ ထိုင္းတိုက္ခိုက္ေရးသမား Pongpisan Chunyong ဆိုသူႏွင့္ ယွဥ္ၿပိဳင္တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ႏိုဝင္ဘာ ၄ ရက္တြင္က်င္းပမည့္ BKFC Thailand5 ပြဲစဥ္တြင္ ထိုင္းတိုက္ခိုက္ေရးသမား ႏွစ္ဦးျဖစ္ေသာ Buakaw ႏွင့္ Saenchai တို႔ တြဲဆိုင္းက အဓိကပြဲစဥ္အျဖစ္ ပါဝင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာ MMA တိုက္ခိုက္ေရးသမား သေျပညိဳသည္ ျပည္တြင္းလက္ေဝွ႔ပြဲစဥ္မ်ား ႏွင့္ နာမည္ေက်ာ္ One Championship ပြဲစဥ္မ်ားကို ယွဥ္ၿပိဳင္ခဲ့ဖူးေသာ္လည္း BKFC ပြဲစဥ္မ်ားကို ပထမဆုံးယွဥ္ၿပိဳင္တိုက္ခိုက္မည္ျဖစ္ေၾကာင္း သိရသည္။
သေျပညိဳသည္ ျပည္တြင္းလက္ေဝွ႔ပြဲစဥ္မ်ားကို ယွဥ္ၿပိဳင္ထိုးသတ္ရာတြင္လည္း ရလဒ္ေကာင္းမ်ားရယူႏိုင္ခဲ့သလို MMA ပြဲစဥ္မ်ားကို ယွဥ္ၿပိဳင္တိုက္ခိုက္ရာတြင္ ႏိုင္ပြဲမ်ား ဆက္တိုက္ရယူႏိုင္ခဲ့သူျဖစ္သည္။သေျပညိဳ ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္မည့္ ထိုင္းကစ္ေဘာင္ဆင္သမား Pongpisan Chunyong ဆိုသူသည္ BKFC ပြဲစဥ္မ်ားကို ယွဥ္ ၿပိဳင္ထိုးသတ္ဖူးေသာ အေတြ႕အႀကဳံရွိေနသူျဖစ္ၿပီး BKFC ပြဲစဥ္ သုံးပြဲထိုးသတ္ခဲ့ရာတြင္ ႏွစ္ပြဲႏိုင္၊ တစ္ပြဲရႈံးနိမ့္ထားသူျဖစ္သည္။
အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ ထိုင္းတိုက္ခိုက္ေရးသမား ပေရာ္ဖက္ရွင္နယ္ ကစ္ေဘာင္ဆင္ပြဲစဥ္မ်ားတြင္လည္း ႏိုင္ပြဲ ၇၂ ပြဲ ၊ သေရပြဲ ႏွစ္ပြဲ ႏွင့္ ရႈံးပြဲ ၁၆ ပြဲ ရွိထားသူျဖစ္သည္။ သေျပညိဳသည္ ျမန္မာႏိုင္ငံ၏ နာမည္ေက်ာ္လက္ေဝွ႔သမားမ်ားျဖစ္ေသာ ထြန္းထြန္းမင္း၊ နဂါးမာန္၊ ေသြးသစ္ေအာင္၊ စိုးလင္းဦးတို႔ ႏွင့္ယွဥ္ၿပိဳင္ထိုးသတ္ဖူးေသာ ဝါရင့္လက္ေဝွ႔သမားတစ္ဦးျဖစ္သလို ၂ဝ၁၅ ခုႏွစ္တြင္ One Championship ပြဲစဥ္မ်ား ကို စတင္ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ေၾကာင္း သိရသည္။