ကညန မှာ EV မော်တော်ယာဉ်အစီးရေ (၉ဝဝ) ကျော် မှတ်ပုံတင်ထား

 1140

NP News - အောက်တိုဘာ ၆

၂ဝ၂၃ ခုနှစ် (၉) လတာအတွင်း ပြည်တွင်း၌ EV မော်တော်ယာဉ်အစီးရေ (၉၁၈) စီး မှတ်ပုံတင်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ လူစီး EV မော်တော်ယာဉ် (၉၁၆) စီးနှင့် ကုန်တင်ယာဉ် (ဝန်ပေါ့) (၂) စီး တို့ကို မှတ်ပုံတင်ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“EV ကားသစ်တွေက ဆီကား ဈေးနဲ့မကွာတော့ ဝယ်ချင်တဲ့သူ အရမ်းများတယ်။ ကညနမှာလိုင်စင်ဝင်တဲ့ ကားတွေ အားလုံးဈေးကွက်ထဲ ရောက်လာပေမယ့် ကားဈေးက မကျသေးဘူး။ ကားလိုအပ်ချက်ရှိတော့ ကား ဈေးမကျ တဲ့သဘောပါ” ဟု ဝါရင့်ကား ဝယ်အရောင်းသမားတစ်ဦးက ပြောသည်။

EV ကားအမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း (၉ဝဝ) ကျော်မှ ကျပ်သိန်း (၂ဝဝဝ) ကျော်အထိ ပေါက်ဈေးရှိနေပြီး ပြည်တွင်းသို့ EV ကားများ ဆက်တိုက်ဝင်လာသော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိသေးကြောင်း EV ကားဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်း၌ စက်တင်ဘာလအထိ မှတ်ပုံတင်ထားသည့် EV ယာဉ်အမျိုးအမျိုး (၃ဝ၆၅) စီး ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ EV ယာဉ်များကို အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့်တင်သွင်းထားခြင်း ဖြစ်သည်။

Zawgyi Version;
ကညန မွာ EV ေမာ္ေတာ္ယာဥ္အစီးေရ (၉ဝဝ) ေက်ာ္ မွတ္ပုံတင္ထား
NP News - ေအာက္တိုဘာ ၆

၂ဝ၂၃ ခုႏွစ္ (၉) လတာအတြင္း ျပည္တြင္း၌ EV ေမာ္ေတာ္ယာဥ္အစီးေရ (၉၁၈) စီး မွတ္ပုံတင္ထားေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

ဇန္နဝါရီလမွ စက္တင္ဘာလကုန္အထိ လူစီး EV ေမာ္ေတာ္ယာဥ္ (၉၁၆) စီးႏွင့္ ကုန္တင္ယာဥ္ (ဝန္ေပါ့) (၂) စီး တို႔ကို မွတ္ပုံတင္ခြင့္ျပဳေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“EV ကားသစ္ေတြက ဆီကား ေဈးနဲ႔မကြာေတာ့ ဝယ္ခ်င္တဲ့သူ အရမ္းမ်ားတယ္။ ကညနမွာလိုင္စင္ဝင္တဲ့ ကားေတြ အားလုံးေဈးကြက္ထဲ ေရာက္လာေပမယ့္ ကားေဈးက မက်ေသးဘူး။ ကားလိုအပ္ခ်က္ရွိေတာ့ ကား ေဈးမက် တဲ့သေဘာပါ” ဟု ဝါရင့္ကား ဝယ္အေရာင္းသမားတစ္ဦးက ေျပာသည္။

EV ကားအမ်ိဳးအစားေပၚမူတည္ၿပီး က်ပ္သိန္း (၉ဝဝ) ေက်ာ္မွ က်ပ္သိန္း (၂ဝဝဝ) ေက်ာ္အထိ ေပါက္ေဈးရွိေနၿပီး ျပည္တြင္းသို႔ EV ကားမ်ား ဆက္တိုက္ဝင္လာေသာ္လည္း ေဈးႏႈန္းက်ဆင္းျခင္း မရွိေသးေၾကာင္း EV ကားေဈးကြက္အတြင္းမွ သိရသည္။

ျပည္တြင္း၌ စက္တင္ဘာလအထိ မွတ္ပုံတင္ထားသည့္ EV ယာဥ္အမ်ိဳးအမ်ိဳး (၃ဝ၆၅) စီး ရွိေၾကာင္း ကုန္းလမ္း ပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။

အဆိုပါ EV ယာဥ္မ်ားကို အမ်ိဳးသားအဆင့္လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရး ဦးေဆာင္ ေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္တင္သြင္းထားျခင္း ျဖစ္သည္။

Related news

© 2021. All rights reserved.