အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီပေးရန် တရုတ်အစိုးရကို အမေရိကန် တောင်းဆို

2521

Pika (NP News) - အောက်တိုဘာ ၁၅
အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် ၎င်း၏ ဩဇာအာဏာများကို အသုံးပြုရန် အီရန်၏ မိတ်ဖက်နိုင်ငံ ဖြစ်သော တရုတ်နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က အောက်တိုဘာလ(၁၄)ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေးဗျနိုင်ငံကို အလည်အပတ်ရောက်ရှိနေသော အန်တိုနီဘလင်ကန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် တစ်နာရီကြာ ဖုန်းပြောဆိုခဲ့ပြီး အပြုသဘောဆောင်သော ရလဒ်များရှိခဲ့ကြောင်းကို အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ က ထုတ်ဖော်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဟားမက်စစ်သွေးကြွအဖွဲ့၊ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာစစ်သွေးကြွအဖွဲ့တို့ကို ထောက်ခံ သော အီရန်နိုင်ငံ နှင့် ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးရှိကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက "အမေရိကန်နိုင်ငံအနေနဲ့ ဒီစစ်ပွဲမှာ အပြုသဘောဆောင်ပြီး တာဝန်သိတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သင့်ပါတယ်။ ပြီးတော့ ဒီကိစ္စကို နိုင်ငံရေးနည်းလမ်းနဲ့ အမြန်ဆုံးပြေလည်စေ မယ့်လမ်းကြောင်းပေါ် တွန်းပို့ပေးသင့်ပါတယ်။ နိုင်ငံတကာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ အဓိက နိုင်ငံတွေဟာ တရားမျှတမှုကို လိုက်နာရမှာဖြစ်ပြီး နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့ တည်တည်ငြိမ်ငြိမ်နဲ့ ဦးဆောင်သင့်ပါတယ်" ဟု ပြောခဲ့သည်။
တရုတ်အစိုးရသည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ကျယ်ပြန့်သော သဘောတူညီမှုရရှိရေးကို ပိုမိုမြှင့်တင် ရန်အတွက် နိုင်ငံတကာငြိမ်းချမ်းရေးအစည်းအဝေးတစ်ခုကို အမြန်ဆုံးကျင်းပရန် တောင်းဆိုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပဋိပက္ခနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်များတွင် ဟားမက်စစ်သွေးကြွအဖွဲ့တို့၏ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချခြင်းမျိုးမရှိသည့်အတွက် အနောက်အုပ်စုနိုင်ငံများ၏ တာဝန်ရှိသူများက ပြစ်တင် ဝေဖန်ပြောဆိုခဲ့ခြင်းမျိုးရှိခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကို ၎င်း၏အဓိက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်သူအဖြစ် သတ်မှတ်ထားပြီး အင်အားကြီးနိုင်ငံနှစ်နိုင်ငံသည် ၎င်းတို့၏ ဆက်ဆံရေးများကို တည်ငြိမ်စေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသသည် အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်တို့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည့် ဒေသတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ က ပြောကြားခဲ့သည်။

Zawgyi Version;
အေရွ႕အလယ္ပိုင္းေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ကူညီေပးရန္ တ႐ုတ္အစိုးရကို အေမရိကန္ ေတာင္းဆို
Pika (NP News) - ေအာက္တိုဘာ ၁၅
အေရွ႕အလယ္ပိုင္းေဒသ တည္ၿငိမ္ေရးအတြက္ ၎၏ ဩဇာအာဏာမ်ားကို အသုံးျပဳရန္ အီရန္၏ မိတ္ဖက္ႏိုင္ငံ ျဖစ္ေသာ တ႐ုတ္ႏိုင္ငံကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလင္ကန္က ေအာက္တိုဘာလ(၁၄)ရက္တြင္ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
ေဆာ္ဒီအာေရးဗ်ႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနေသာ အန္တိုနီဘလင္ကန္သည္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ ႏွင့္ တစ္နာရီၾကာ ဖုန္းေျပာဆိုခဲ့ၿပီး အျပဳသေဘာေဆာင္ေသာ ရလဒ္မ်ားရွိခဲ့ေၾကာင္းကို အေမရိကန္ႏိုင္ငံျခား ေရးဝန္ႀကီးေျပာေရးဆိုခြင့္ရွိသူ မက္သ႐ူးမီလာ က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ ဟားမက္စစ္ေသြးႂကြအဖြဲ႕၊ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာစစ္ေသြးႂကြအဖြဲ႕တို႔ကို ေထာက္ခံ ေသာ အီရန္ႏိုင္ငံ ႏွင့္ ရင္းႏွီးေသာ မိတ္ဖက္ဆက္ဆံေရးရွိေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိက "အေမရိကန္ႏိုင္ငံအေနနဲ႔ ဒီစစ္ပြဲမွာ အျပဳသေဘာေဆာင္ၿပီး တာဝန္သိတဲ့ အခန္းက႑ကေန ပါဝင္ေဆာင္႐ြက္သင့္ပါတယ္။ ၿပီးေတာ့ ဒီကိစၥကို ႏိုင္ငံေရးနည္းလမ္းနဲ႔ အျမန္ဆုံးေျပလည္ေစ မယ့္လမ္းေၾကာင္းေပၚ တြန္းပို႔ေပးသင့္ပါတယ္။ ႏိုင္ငံတကာျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းတဲ့အခါမွာ အဓိက ႏိုင္ငံေတြဟာ တရားမွ်တမႈကို လိုက္နာရမွာျဖစ္ၿပီး ႏိုင္ငံတကာဥပေဒေတြကို လိုက္နာဖို႔ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဦးေဆာင္သင့္ပါတယ္" ဟု ေျပာခဲ့သည္။
တ႐ုတ္အစိုးရသည္ အစၥေရး-ဟားမက္စစ္ပြဲႏွင့္ပတ္သက္ၿပီး က်ယ္ျပန႔္ေသာ သေဘာတူညီမႈရရွိေရးကို ပိုမိုျမႇင့္တင္ ရန္အတြက္ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးအစည္းအေဝးတစ္ခုကို အျမန္ဆုံးက်င္းပရန္ ေတာင္းဆိုထားေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
ပဋိပကၡႏွင့္ပတ္သက္သည့္ တ႐ုတ္ႏိုင္ငံ၏ တရားဝင္ထုတ္ျပန္ခ်က္မ်ားတြင္ ဟားမက္စစ္ေသြးႂကြအဖြဲ႕တို႔၏ အၾကမ္းဖက္မႈကို ျပစ္တင္ရႈတ္ခ်ျခင္းမ်ိဳးမရွိသည့္အတြက္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ တာဝန္ရွိသူမ်ားက ျပစ္တင္ ေဝဖန္ေျပာဆိုခဲ့ျခင္းမ်ိဳးရွိခဲ့ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံကို ၎၏အဓိက ကမာၻလုံးဆိုင္ရာစိန္ေခၚသူအျဖစ္ သတ္မွတ္ထားၿပီး အင္အားႀကီးႏိုင္ငံႏွစ္ႏိုင္ငံသည္ ၎တို႔၏ ဆက္ဆံေရးမ်ားကို တည္ၿငိမ္ေစရန္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
အေရွ႕အလယ္ပိုင္းေဒသသည္ အင္အားႀကီးႏိုင္ငံႏွစ္ႏိုင္ငံျဖစ္ေသာ အေမရိကန္ႏွင့္ တ႐ုတ္တို႔ အတူတကြ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ႏိုင္မည့္ ေဒသတစ္ခုျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မက္သ႐ူးမီလာ က ေျပာၾကားခဲ့သည္။