ပါလက်စတိုင်းလိုလားသူ အုပ်စုများ အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်း

 9728

Htay Oung (NP News) - အောက်တိုဘာ ၁၉

ပါလက်စတိုင်း လိုလားတဲ့ အုပ်စုတွေဟာ အမေရိကန် အထက်-အောက် လွှတ်တော်နှစ်ရပ်တည်ရှိရာ ကက်ပီတိုလ်ဟေးလ် အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်းကြပြီး ဟားမတ်စ်တို့နဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ Business Today က အရေးကြီး ကြားဖြတ်သတင်းအဖြစ် ယနေ့ (အောက်တိုဘာလ ၁၉ ရက်)က ရေးသားပါတယ်။

လွှတ်တော် အဆောက်အအုံအနီး ဆန္ဒပြဖို့အတွက် အလုံးအရင်းနဲ့ စုဝေးနေသူများအနက် လူ ၄၀၀ ခန့်ဟာ အဆောက်အအုံအတွင်း ၀င်ရောက်သောင်းကျန်းကြပြီး လူ ၃၀၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရပါတယ်။

ပါလက်စတိုင်းလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေက နောက်ထပ် ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်နေပါတယ်။

အဲဒီ ချီတက်ပွဲကို ဂျူး-ဇီယွန်ဝါဒီ ဆန့်ကျင်ရေး အဖွဲ့နှစ်ဖွဲ့ဖြစ်ကြတဲ့ “ငြိမ်းချမ်းရေးအတွက် ဂျူးအသံ” နဲ့ “If Not Now" တို့က စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဆိုပါတယ်။ ဆန္ဒပြသူ ၄၀၀ ခန့်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်အဆောက်အအုံအနက် ရှေးအကျဆုံးဖြစ်တဲ့ “ကင်နွန်ဟောက်စ်" ရုံးခန်းရှေ့ စက်ဝိုင်းပုံ ခန်းမမှာ စုဝေးခဲ့ကြကြောင်း၊ ဂျူးဓမ္မဆရာ ၂၅ ခန့်ဟာ ဂျူးဒစ်ကျမ်းလာ ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများနဲ့ ဆိုင်တဲ့ သက်သေခံချက်များကို ဖတ်ကြားပြီး ဆုတောင်းစာများ ရွတ်ဆိုကြပါတယ်။

အနက်ရောင်၀တ်စုံ၀တ် ဆန္ဒပြသူတွေရဲ့ “ချက်ချင်း အပစ်အခတ် ရပ်စဲရေး" ဆိုတဲ့ ကြွေးကြော်သံတွေဟာ အဆောက်အအုံအတွင်း ပဲ့တင် ထပ်သွားကြောင်း၊ ဟီဘရူးအပြင် အင်္ဂလိပ်ဘာသာဖြင့်လည်း သီချင်းတွေ သီဆိုခဲ့ကြတယ်လို့ ရေးသားပါတယ်။

ရဲအရာရှိများကို ကိုယ်ထိလက်ရောက်ပြုမှုနဲ့ လူ ၃ ဦးကို တရားစွဲဆိုထားတယ်လို့ ကက်ပီတိုလ်ဟေး ရဲတပ် ဖွဲ့က ပြောပါတယ်။ ဆန္ဒပြသူတွေကို ဇစ်လက်ထိပ်ကြိုးနဲ့ ချည်နှောင်ပြီး အချုပ်ကားအတွင်း ခေါ်ဆောင်သွား ပုံကိုလည်း တွေ့မြင်ရပါတယ်။

ကွန်ဂရက်အဆောက်အအုံအတွင်း ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူပေးဖို့ အောက်လွှတ်တော် ရီပတ်ဘလစ်ကင် အမျိုးသမီးအမတ် မာဂျိုရီတေလာဂရင်းနီက တောင်းဆိုပါတယ်။ ခုလုပ်ရပ်ဟာ ပုန်ကန်မှုဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အားလုံးကို အရေးယူသင့်တယ်လို့လည်း ပြောပါတယ်။

ကွန်ဂရက်လွှတ်တော် အဆောက်အအုံများအတွင်း ဆန္ဒပြခွင့် မရှိပါဘူး။ တနင်္လာနေ့ အိမ်ဖြူတော်အနီး ဆန္ဒပြပွဲများအပြီး နှစ်ရက်အကြာမှာ ယခုလို ကွန်ဂရက်အဆောက်အအုံအတွင်း ၀င်ရောက်မှုဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခင် ဆန္ဒပြပွဲတုန်းက လူပေါင်း ၅,၀၀၀ နီးပါး ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ကက်ပီတိုလ် ဆန္ဒပြပွဲမှ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီနေ့ ညနေပိုင်း ဝါရှင်တန်ရှိ အစ္စရေးသံရုံးအနီးမှာ နောက်ထပ်ဆန္ဒပြကြဖို့ စုဝေးသူများကို တောင်းဆိုလိုက်ပါတယ်။ အဲ့ဒီ အုပ်စု ၂ ခုဟာ မနက်ဖန် သောကြာနေ့ ဝါရှင်တန်ဒီစီ အမျိုးသားဥယျာဉ်မှာ အခြားစုဝေးပွဲတစ်ခု ထပ်မံပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန်နိုင်ငံ ပြင်ပမှာတော့ အစ္စရေးတို့သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း အနောက်ဘက်ကမ်း၊ အီရန်၊ ဂျော်ဒန်၊ လက်ဘနွန်၊ တူနီးရှားနဲ့ ကျန်အရှေ့အလယ်ပိုင်း အခြားတိုင်းပြည်များမှာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။ ဂါဇာရှိ အယ်လ်အာလီအာရပ်ဆေးရုံမှာ လူ ၅၀၀ သေဆုံးရတဲ့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူစုလူဝေးနဲ့ ကန့်ကွက် ရှုတ်ချမှုများဟာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပေါ်လာရပါတယ်။

ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အစ္စရေးတပ်မတော် IDF က ငြင်းဆိုထားပြီး ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ်ဝါဒီတို့ရဲ့ (ဒုံးကျည်ထိပ်ဖူးများ ပေါက်ကွဲရာမှ) ယခုလိုဖြစ်ရတယ်လို့ ပြောပါတယ်။ ပါလက်စတိုင်းအာဏာပိုင်တွေကတော့ အစ္စရေးတို့ရဲ့ ဆေးရုံတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ စွပ်စွဲနေပါတယ်။

၁၄ ရက်မြောက်အတွင်း ၀င်ရောက်လာတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ နှစ်ဖက်စလုံးမှ လူပေါင်း ၄,၉၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ပါလက်စတိုင်းတို့ဘက်မှာ စုစုပေါင်း ၃,၅၄၀ သေဆုံးခဲ့ပြီး ၁၃,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးဘက်မှာတော့ လူပေါင်း ၁,၄၀၀ ကျော် သေဆုံးကာ ၄၄၇၅ ဦးကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

(Business Today., 19 October 2023,” Israel-Hamas war: Pro-Palestine groups storm US Capitol, demand ‘ceasefire now’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ပါလက္စတိုင္းလိုလားသူ အုပ္စုမ်ား အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ အေဆာက္အအုံအတြင္း ဝင္ေရာက္စီးနင္း
Htay Oung (NP News) - ေအာက္တိုဘာ ၁၉

ပါလက္စတိုင္း လိုလားတဲ့ အုပ္စုေတြဟာ အေမရိကန္ အထက္-ေအာက္ လႊတ္ေတာ္ႏွစ္ရပ္တည္ရွိရာ ကက္ပီတိုလ္ေဟးလ္ အေဆာက္အအုံအတြင္း ဝင္ေရာက္စီးနင္းၾကၿပီး ဟားမတ္စ္တို႔နဲ႔ ခ်က္ခ်င္း အပစ္အခတ္ရပ္စဲေပးဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔ Business Today က အေရးႀကီး ၾကားျဖတ္သတင္းအျဖစ္ ယေန႔ (ေအာက္တိုဘာလ ၁၉ ရက္)က ေရးသားပါတယ္။

လႊတ္ေတာ္ အေဆာက္အအုံအနီး ဆႏၵျပဖို႔အတြက္ အလုံးအရင္းနဲ႔ စုေဝးေနသူမ်ားအနက္ လူ ၄၀၀ ခန္႔ဟာ အေဆာက္အအုံအတြင္း ၀င္ေရာက္ေသာင္းက်န္းၾကၿပီး လူ ၃၀၀ ထက္မနည္း ဖမ္းဆီးခံလိုက္ရေၾကာင္း သိရွိရပါတယ္။

ပါလက္စတိုင္းလိုလားတဲ့ တက္ႂကြလႈပ္ရွားသူေတြက ေနာက္ထပ္ ဆႏၵျပပြဲေတြလုပ္ဖို႔ စီစဥ္ေနပါတယ္။

အဲဒီ ခ်ီတက္ပြဲကို ဂ်ဴး-ဇီယြန္ဝါဒီ ဆန႔္က်င္ေရး အဖြဲ႕ႏွစ္ဖြဲ႕ျဖစ္ၾကတဲ့ “ၿငိမ္းခ်မ္းေရးအတြက္ ဂ်ဴးအသံ” နဲ႔ “If Not Now" တို႔က စီစဥ္ခဲ့ျခင္းျဖစ္တယ္လို႔ နယူးေယာက္တိုင္းမ္သတင္းစာက ဆိုပါတယ္။ ဆႏၵျပသူ ၄၀၀ ခန္႔ဟာ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္အေဆာက္အအုံအနက္ ေရွးအက်ဆုံးျဖစ္တဲ့ “ကင္ႏြန္ေဟာက္စ္" ႐ုံးခန္းေရွ႕ စက္ဝိုင္းပုံ ခန္းမမွာ စုေဝးခဲ့ၾကေၾကာင္း၊ ဂ်ဴးဓမၼဆရာ ၂၅ ခန္႔ဟာ ဂ်ဴးဒစ္က်မ္းလာ ဂါဇာရွိ ပါလက္စတိုင္းလူမ်ိဳးမ်ားနဲ႔ ဆိုင္တဲ့ သက္ေသခံခ်က္မ်ားကို ဖတ္ၾကားၿပီး ဆုေတာင္းစာမ်ား ႐ြတ္ဆိုၾကပါတယ္။

အနက္ေရာင္၀တ္စုံ၀တ္ ဆႏၵျပသူေတြရဲ႕ “ခ်က္ခ်င္း အပစ္အခတ္ ရပ္စဲေရး" ဆိုတဲ့ ေႂကြးေၾကာ္သံေတြဟာ အေဆာက္အအုံအတြင္း ပဲ့တင္ ထပ္သြားေၾကာင္း၊ ဟီဘ႐ူးအျပင္ အဂၤလိပ္ဘာသာျဖင့္လည္း သီခ်င္းေတြ သီဆိုခဲ့ၾကတယ္လို႔ ေရးသားပါတယ္။

ရဲအရာရွိမ်ားကို ကိုယ္ထိလက္ေရာက္ျပဳမႈနဲ႔ လူ ၃ ဦးကို တရားစြဲဆိုထားတယ္လို႔ ကက္ပီတိုလ္ေဟး ရဲတပ္ ဖြဲ႕က ေျပာပါတယ္။ ဆႏၵျပသူေတြကို ဇစ္လက္ထိပ္ႀကိဳးနဲ႔ ခ်ည္ေႏွာင္ၿပီး အခ်ဳပ္ကားအတြင္း ေခၚေဆာင္သြား ပုံကိုလည္း ေတြ႕ျမင္ရပါတယ္။

ကြန္ဂရက္အေဆာက္အအုံအတြင္း ပါလက္စတိုင္းလိုလားတဲ့ ဆႏၵျပပြဲမွာ ပါဝင္သူေတြကို ဥပေဒအရ ထိထိ ေရာက္ေရာက္ အေရးယူေပးဖို႔ ေအာက္လႊတ္ေတာ္ ရီပတ္ဘလစ္ကင္ အမ်ိဳးသမီးအမတ္ မာဂ်ိဳရီေတလာဂရင္းနီက ေတာင္းဆိုပါတယ္။ ခုလုပ္ရပ္ဟာ ပုန္ကန္မႈျဖစ္ၿပီး ရဲတပ္ဖြဲ႕အေနနဲ႔ အားလုံးကို အေရးယူသင့္တယ္လို႔လည္း ေျပာပါတယ္။

ကြန္ဂရက္လႊတ္ေတာ္ အေဆာက္အအုံမ်ားအတြင္း ဆႏၵျပခြင့္ မရွိပါဘူး။ တနလၤာေန႔ အိမ္ျဖဴေတာ္အနီး ဆႏၵျပပြဲမ်ားအၿပီး ႏွစ္ရက္အၾကာမွာ ယခုလို ကြန္ဂရက္အေဆာက္အအုံအတြင္း ၀င္ေရာက္မႈျဖစ္ပြားခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ ယခင္ ဆႏၵျပပြဲတုန္းက လူေပါင္း ၅,၀၀၀ နီးပါး ပါဝင္ခဲ့ေၾကာင္း သိရပါတယ္။

ကက္ပီတိုလ္ ဆႏၵျပပြဲမွ တက္ႂကြလႈပ္ရွားသူေတြကေတာ့ ဒီေန႔ ညေနပိုင္း ဝါရွင္တန္ရွိ အစၥေရးသံ႐ုံးအနီးမွာ ေနာက္ထပ္ဆႏၵျပၾကဖို႔ စုေဝးသူမ်ားကို ေတာင္းဆိုလိုက္ပါတယ္။ အဲ့ဒီ အုပ္စု ၂ ခုဟာ မနက္ဖန္ ေသာၾကာေန႔ ဝါရွင္တန္ဒီစီ အမ်ိဳးသားဥယ်ာဥ္မွာ အျခားစုေဝးပြဲတစ္ခု ထပ္မံျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။

အေမရိကန္ႏိုင္ငံ ျပင္ပမွာေတာ့ အစၥေရးတို႔သိမ္းပိုက္ထားတဲ့ ပါလက္စတိုင္း အေနာက္ဘက္ကမ္း၊ အီရန္၊ ေဂ်ာ္ဒန္၊ လက္ဘႏြန္၊ တူနီးရွားနဲ႔ က်န္အေရွ႕အလယ္ပိုင္း အျခားတိုင္းျပည္မ်ားမွာ ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ပါတယ္။ ဂါဇာရွိ အယ္လ္အာလီအာရပ္ေဆး႐ုံမွာ လူ ၅၀၀ ေသဆုံးရတဲ့ ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ လူစုလူေဝးနဲ႔ ကန္႔ကြက္ ရႈတ္ခ်မႈမ်ားဟာ ကမာၻတစ္ဝွမ္းလုံး ျဖစ္ေပၚလာရပါတယ္။

ဗုံးေပါက္ကြဲမႈမွာ ပါဝင္ပတ္သက္ျခင္း မရွိေၾကာင္း အစၥေရးတပ္မေတာ္ IDF က ျငင္းဆိုထားၿပီး ပါလက္စတိုင္း အစၥလာမ္မစ္ဂ်ီဟတ္ဝါဒီတို႔ရဲ႕ (ဒုံးက်ည္ထိပ္ဖူးမ်ား ေပါက္ကြဲရာမွ) ယခုလိုျဖစ္ရတယ္လို႔ ေျပာပါတယ္။ ပါလက္စတိုင္းအာဏာပိုင္ေတြကေတာ့ အစၥေရးတို႔ရဲ႕ ေဆး႐ုံတြင္း အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္လို႔ စြပ္စြဲေနပါတယ္။

၁၄ ရက္ေျမာက္အတြင္း ၀င္ေရာက္လာတဲ့ အစၥေရး-ပါလက္စတိုင္း ပဋိပကၡမွာ ႏွစ္ဖက္စလုံးမွ လူေပါင္း ၄,၉၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။ ပါလက္စတိုင္းတို႔ဘက္မွာ စုစုေပါင္း ၃,၅၄၀ ေသဆုံးခဲ့ၿပီး ၁၃,၃၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။ အစၥေရးဘက္မွာေတာ့ လူေပါင္း ၁,၄၀၀ ေက်ာ္ ေသဆုံးကာ ၄၄၇၅ ဦးေက်ာ္ ဒဏ္ရာ ရရွိခဲ့ပါတယ္။

(Business Today., 19 October 2023,” Israel-Hamas war: Pro-Palestine groups storm US Capitol, demand ‘ceasefire now’” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.