အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် သေဆုံး

 2253

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၈

အစ္စရေးစစ်တပ်ဟာ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်နိုင်ငံတွေရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံမြို့တော် ဘေရွှတ်မြို့ကို စက်တင်ဘာ ၂၇ ရက်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဟတ်ဆန်နာရယ်လာ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး အစ္စရေးနဲ့ ဟစ်ဘိုလာအုပ်စုကြား တင်းမာမှုတွေဖြစ်လာခဲ့ရာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဟစ်ဘိုလာအဖွဲ့ဝင်တွေ အသုံးပြုတဲ့ပေဂျာဆက်သွယ်ရေးကိရိယာတွေ ပေါက်ကွဲခဲ့ရာ တင်းမာမှုအရှိန်ပိုမိုမြင့်တက် လာခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို ဟစ်ဘိုလာအဖွဲ့ဝင်တွေရဲ့လက်နက်သိုလှောင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်ကလက်ဘနွန်နိုင်ငံတောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း ဟစ်ဘိုလာအဖွဲ့ ဒုံးကျည်တပ်ဖွဲ့ ခေါင်းဆောင်နှင့် လက်ထောက်ခေါင်းဆောင်တို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။
အစ္စရေးစစ်တပ်ဟာ ဟစ်ဘိုလာခေါင်းဆောင်ကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အစ္စရေးက ၎င်းတို့ရဲ့တိုက်ခိုက်မှုတွေဟာ အလွန်တိကျမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဟစ်ဘိုလာ အဖွဲ့ကလည်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ဖို့ ရော့ကဒ်ဒုံးကျည်တွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ကြား အပြန်လှန်တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်ဘနွန်နိုင်ငံသား အနည်းဆုံး ၈ဝဝ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးက ဟစ်ဘိုလာအဖွဲ့ရဲ့ လက်နက်သိုလှောင်ရာနေရာတွေ ကို တိုက်ခိုက်ဖို့ ဘေရွတ်မြို့ကို ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi Version;
အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ ဟစ္ဘိုလာအဖြဲ႕ေခါင္းေဆာင္ ေသဆုံး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၈

အစၥေရးစစ္တပ္ဟာ အေမရိကန္ဦးေဆာင္တဲ့မဟာမိတ္ႏိုင္ငံေတြရဲ႕ကမ္းလွမ္းမႈကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေနာက္ လက္ဘႏြန္ႏိုင္ငံၿမိဳ႕ေတာ္ ေဘ႐ႊတ္ၿမိဳ႕ကို စက္တင္ဘာ ၂၇ ရက္မွာ ေလေၾကာင္း ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ ဟစ္ဘိုလာအဖြဲ႕ေခါင္းေဆာင္ျဖစ္သူ ဟတ္ဆန္နာရယ္လာ ေသဆုံးခဲ့ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

ဂါဇာစစ္ပြဲနဲ႔ဆက္ႏြယ္ၿပီး အစၥေရးနဲ႔ ဟစ္ဘိုလာအုပ္စုၾကား တင္းမာမႈေတြျဖစ္လာခဲ့ရာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ဟစ္ဘိုလာအဖြဲ႕ဝင္ေတြ အသုံးျပဳတဲ့ေပဂ်ာဆက္သြယ္ေရးကိရိယာေတြ ေပါက္ကြဲခဲ့ရာ တင္းမာမႈအရွိန္ပိုမိုျမင့္တက္ လာခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဟစ္ဘိုလာအဖြဲ႕ေခါင္းေဆာင္ေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့သလို ဟစ္ဘိုလာအဖြဲ႕ဝင္ေတြရဲ႕လက္နက္သိုေလွာင္ရာေနရာေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ပါတယ္။
အစၥေရးစစ္တပ္ကလက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို ဗုံးႀကဲတိုက္ခိုက္ခ်ိန္အတြင္း ဟစ္ဘိုလာအဖြဲ႕ ဒုံးက်ည္တပ္ဖြဲ႕ ေခါင္းေဆာင္ႏွင့္ လက္ေထာက္ေခါင္းေဆာင္တို႔ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
အစၥေရးစစ္တပ္ဟာ ဟစ္ဘိုလာေခါင္းေဆာင္ကို ပစ္မွတ္ထားတိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ အစၥေရးက ၎တို႔ရဲ႕တိုက္ခိုက္မႈေတြဟာ အလြန္တိက်မႈရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဟစ္ဘိုလာ အဖြဲ႕ကလည္း အစၥေရးရဲ႕တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္ဖို႔ ေရာ့ကဒ္ဒုံးက်ည္ေတြနဲ႔ တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးနဲ႔ ဟစ္ဘိုလာအဖြဲ႕ၾကား အျပန္လွန္တိုက္ခိုက္မႈေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း လက္ဘႏြန္ႏိုင္ငံသား အနည္းဆုံး ၈ဝဝ ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။ အစၥေရးက ဟစ္ဘိုလာအဖြဲ႕ရဲ႕ လက္နက္သိုေလွာင္ရာေနရာေတြ ကို တိုက္ခိုက္ဖို႔ ေဘ႐ြတ္ၿမိဳ႕ကို ဗုံးႀကဲခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.