ပေါက်ခေါင်းမြို့နယ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

 867

NP News - အောက်တိုဘာ ၂၂

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၇နာရီ ၄၅မိနစ်အချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ သရက်တပင်ကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် နေထိုင်သည့် ဦးလှဝေသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့အင်အား (၅)ဦးက ရောက်ရှိလာကာ နေအိမ်တွင်း ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှဝေ(၆၄)နှစ်တွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီး-မကွေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၂၈၅)မိုင်၊ တလုပ်ပင်ကျေးရွာအနီးတွင် ကျေးရွာခွဲတာဝန်ခံဖြစ်သူ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။

တောင်တွင်းကြီးမြို့နယ်၊ ဆုံကုန်းကျေးရွာတွင်နေထိုင်သည့် ကျေးရွာတာဝန်ခံဖြစ်သူ ဦးဖိုးသိန်းသည် တောင်ကြီးမြို့နယ်မှ ၎င်းနေထိုင်သည့် ကျေးရွာသို့ ဆိုင်ကယ်ဖြင့်တစ်ဦးတည်းပြန်စဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဖိုးသိန်း(၆၁)နှစ်တွင် ဝဲပါးနှင့် ယာပါးကျည်ဖောက်ဝင် ဒဏ်ရာ(၂)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါ လုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးအရေး ယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
ေပါက္ေခါင္းၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေနအိမ္အတြင္းဝင္ေရာက္ကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္
NP News - ေအာက္တိုဘာ ၂၂

ပဲခူးတိုင္း၊ ေပါက္ေခါင္းၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေနအိမ္အတြင္းဝင္ေရာက္ကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၁၉ ရက္၊ နံနက္ ၇နာရီ ၄၅မိနစ္အခ်ိန္တြင္ ေပါက္ေခါင္းၿမိဳ႕နယ္၊ သရက္တပင္ေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာတြင္ ေနထိုင္သည့္ ဦးလွေဝသည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕အင္အား (၅)ဦးက ေရာက္ရွိလာကာ ေနအိမ္တြင္း ဝင္ေရာက္ကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးလွေဝ(၆၄)ႏွစ္တြင္ ဦးေခါင္းေနာက္ေစ့က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္ရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ နံနက္ ၁၀ နာရီအခ်ိန္တြင္ မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ေတာင္တြင္းႀကီး-မေကြးသြားကားလမ္း၊ မိုင္တိုင္အမွတ္ (၂၈၅)မိုင္၊ တလုပ္ပင္ေက်း႐ြာအနီးတြင္ ေက်း႐ြာခြဲတာဝန္ခံျဖစ္သူ အမ်ိဳးသားတစ္ဦး သတ္ျဖတ္ခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ဆက္လက္ထုတ္ျပန္ထားသည္။

ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ဆုံကုန္းေက်း႐ြာတြင္ေနထိုင္သည့္ ေက်း႐ြာတာဝန္ခံျဖစ္သူ ဦးဖိုးသိန္းသည္ ေတာင္ႀကီးၿမိဳ႕နယ္မွ ၎ေနထိုင္သည့္ ေက်း႐ြာသို႔ ဆိုင္ကယ္ျဖင့္တစ္ဦးတည္းျပန္စဥ္ အထက္ပါေနရာအေရာက္၌ PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးဖိုးသိန္း(၆၁)ႏွစ္တြင္ ဝဲပါးႏွင့္ ယာပါးက်ည္ေဖာက္ဝင္ ဒဏ္ရာ(၂)ခ်က္ရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါ လုပ္ႀကံသတ္ျဖတ္မႈမ်ားတြင္ ပါဝင္ပတ္သက္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရး ယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.