အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ကြားနေနိုင်ငံအဖြစ်သာရပ်တည်ရန် ရုရှားနိုင်ငံသားအများစု လိုလားနေ

 1411

Pika (NP News) - နိုဝင်ဘာ ၂

ရုရှားနိုင်ငံသားအများစုသည် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် မည်သည့်ဘက်ကိုမှ ထောက်ခံခြင်းမျိုးမရှိ ကြောင်း အောက်တိုဘာလ(၃၁)ရက်တွင် ထုတ်ပြန်ခဲ့သောစစ်တမ်းတစ်ခုအရ သိရသည်။

မော်စကိုအခြေစိုက် စစ်တမ်းကောက်ယူသူ FOM က အောက်တိုဘာလ (၁၃) ရက်မှ (၁၅)ရက်ကြားတွင် လူပေါင်း (၁၅ဝဝ) ကို စစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုသူများ၏ (၇၃)ရာခိုင်နှုန်းက ၎င်းတို့သည် မည်သည့်ဘက်ကိုမှ ထောက်ခံခြင်းမရှိကြောင်း ဖြေဆိုခဲ့ကြပြီး (၁ဝ)ရာခိုင်နှုန်းက ပါလက်စတိုင်းကိုထောက်ခံကာ အခြား(၉)ရာခိုင်နှုန်း က အစ္စရေးကို ထောက်ခံခဲ့ကြကြောင်း သိရသည်။

ဖြေဆိုသူ(၄ဝ) ရာခိုင်နှုန်းနီးပါးက အဆိုပါပဋိပက္ခဖြစ်ပွားလာရသည့် အကြောင်းအရင်း မူလဇစ်မြစ်ကို ဖြေဆိုခဲ့ခြင်း မျိုး မရှိကြောင်းလည်း သိရသည်။ ထို့အပြင် (၅)ရာခိုင်နှုန်းက အစ္စရေးကို ပြစ်တင်ပြောဆိုခဲ့ကြသလို (၃) ရာခိုင်နှုန်း က ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမက်ကို ပြစ်တင်ပြောဆိုခဲ့ကြကြောင်း သိရသည်။

အခြား(၁၂)ရာခိုင်နှုန်းက အဆိုပါပဋိပက္ခအတွက် အနောက်အုပ်စုနိုင်ငံများတွင် တာဝန်ရှိကြောင်း ဖြေဆိုခဲ့ကြပြီး အခြား(၁ဝ)ရာခိုင်နှုန်းက အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို နယ်မြေပဋိပက္ခအဖြစ် ဖော်ပြပြောဆိုခဲ့ကြကြောင်း သိရသည်။

ဖြေဆိုသူ(၆၅)ရာခိုင်နှုန်းနီးပါးမှာ အဆိုပါပဋိပက္ခကို ဂရုမစိုက်ကြောင်း ဖြေဆိုခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြထား သည်။ ရုရှားအစိုးရသည် အစ္စရေးနိုင်ငံသား(၁၄ဝဝ)နီးပါး သေဆုံးစေခဲ့သော ဟားမက်အဖွဲ့၏ အောက်တိုဘာလ (၇)ရက်က တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် အစ္စရေးနိုင်ငံသည် ပါလက်စတိုင်းပြည်သူများကို အလွန်အကျွံသတ်ဖြတ်နေကြောင်း ရုရှားအစိုးရက စွပ်စွဲ ပြောဆိုခဲ့ပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ပြီး လက်ရှိအချိန်အထိ ပါလက်စတိုင်းနိုင်ငံသား (၈ဝဝဝ) ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Zawgyi Version;
အစၥေရး-ပါလက္စတိုင္းပဋိပကၡတြင္ ၾကားေနႏိုင္ငံအျဖစ္သာရပ္တည္ရန္ ႐ုရွားႏိုင္ငံသားအမ်ားစု လိုလားေန
Pika (NP News) - ႏိုဝင္ဘာ ၂

႐ုရွားႏိုင္ငံသားအမ်ားစုသည္ အစၥေရး-ပါလက္စတိုင္းပဋိပကၡတြင္ မည္သည့္ဘက္ကိုမွ ေထာက္ခံျခင္းမ်ိဳးမရွိ ေၾကာင္း ေအာက္တိုဘာလ(၃၁)ရက္တြင္ ထုတ္ျပန္ခဲ့ေသာစစ္တမ္းတစ္ခုအရ သိရသည္။

ေမာ္စကိုအေျခစိုက္ စစ္တမ္းေကာက္ယူသူ FOM က ေအာက္တိုဘာလ (၁၃) ရက္မွ (၁၅)ရက္ၾကားတြင္ လူေပါင္း (၁၅ဝဝ) ကို စစ္တမ္းေကာက္ယူခဲ့ရာ ေျဖဆိုသူမ်ား၏ (၇၃)ရာခိုင္ႏႈန္းက ၎တို႔သည္ မည္သည့္ဘက္ကိုမွ ေထာက္ခံျခင္းမရွိေၾကာင္း ေျဖဆိုခဲ့ၾကၿပီး (၁ဝ)ရာခိုင္ႏႈန္းက ပါလက္စတိုင္းကိုေထာက္ခံကာ အျခား(၉)ရာခိုင္ႏႈန္း က အစၥေရးကို ေထာက္ခံခဲ့ၾကေၾကာင္း သိရသည္။

ေျဖဆိုသူ(၄ဝ) ရာခိုင္ႏႈန္းနီးပါးက အဆိုပါပဋိပကၡျဖစ္ပြားလာရသည့္ အေၾကာင္းအရင္း မူလဇစ္ျမစ္ကို ေျဖဆိုခဲ့ျခင္း မ်ိဳး မရွိေၾကာင္းလည္း သိရသည္။ ထို႔အျပင္ (၅)ရာခိုင္ႏႈန္းက အစၥေရးကို ျပစ္တင္ေျပာဆိုခဲ့ၾကသလို (၃) ရာခိုင္ႏႈန္း က ပါလက္စတိုင္းစစ္ေသြးႂကြအဖြဲ႕ဟားမက္ကို ျပစ္တင္ေျပာဆိုခဲ့ၾကေၾကာင္း သိရသည္။

အျခား(၁၂)ရာခိုင္ႏႈန္းက အဆိုပါပဋိပကၡအတြက္ အေနာက္အုပ္စုႏိုင္ငံမ်ားတြင္ တာဝန္ရွိေၾကာင္း ေျဖဆိုခဲ့ၾကၿပီး အျခား(၁ဝ)ရာခိုင္ႏႈန္းက အစၥေရး-ပါလက္စတိုင္းပဋိပကၡကို နယ္ေျမပဋိပကၡအျဖစ္ ေဖာ္ျပေျပာဆိုခဲ့ၾကေၾကာင္း သိရသည္။

ေျဖဆိုသူ(၆၅)ရာခိုင္ႏႈန္းနီးပါးမွာ အဆိုပါပဋိပကၡကို ဂ႐ုမစိုက္ေၾကာင္း ေျဖဆိုခဲ့သည္ဟု စစ္တမ္းတြင္ ေဖာ္ျပထား သည္။ ႐ုရွားအစိုးရသည္ အစၥေရးႏိုင္ငံသား(၁၄ဝဝ)နီးပါး ေသဆုံးေစခဲ့ေသာ ဟားမက္အဖြဲ႕၏ ေအာက္တိုဘာလ (၇)ရက္က တိုက္ခိုက္မႈမ်ားကို ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။

ထို႔အျပင္ အစၥေရးႏိုင္ငံသည္ ပါလက္စတိုင္းျပည္သူမ်ားကို အလြန္အကြၽံသတ္ျဖတ္ေနေၾကာင္း ႐ုရွားအစိုးရက စြပ္စြဲ ေျပာဆိုခဲ့ၿပီး ခ်က္ခ်င္းအပစ္အခတ္ရပ္စဲရန္ ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ အစၥေရး-ပါလက္စတိုင္း စစ္ပြဲ စတင္ျဖစ္ပြားသည့္အခ်ိန္မွ စတင္ၿပီး လက္ရွိအခ်ိန္အထိ ပါလက္စတိုင္းႏိုင္ငံသား (၈ဝဝဝ) ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ဂါဇာကမ္းေျမာင္ေဒသတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.