မန်ယူအသင်းတောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူရန်အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ဂျူဗင်တပ်အသင်း

95

Pika (NP News) - နိုဝင်ဘာ ၁၅
ဂျူဗင်တပ်အသင်းသည် လာမည့်ဇန်နဝါရီလတွင် မန်ယူအသင်းတောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန်အတွက် ၎င်းတို့၏စိတ်ဝင်စားမှုများကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ဆန်ချိုသည် မန်ယူနည်းပြတန်ဟက်ကို ပြစ်တင်ဝေဖန်ကာ အချေအတင်ဖြစ်ပွားခဲ့သည့် ဩဂုတ်လတည်းက မန်ယူ အသင်းအတွက် ကစားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
ဆန်ချိုသည် တန်ဟက်ကို စွပ်စွဲပြောဆိုခြင်းများအတွက် တောင်းပန်ရန် ငြင်းဆိုခဲ့ပြီးကတည်းက မန်ယူအသင်း၏ ကစားပွဲများတွင် ဝင်ရောက်ကစားခွင့်မရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဂျူဗင်တပ်အသင်းသည် စီးရီးအေဆုဖလားကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းမှုများနှင့်အတူ မန်ယူအသင်းတောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန်အတွက် အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း ဘောလုံးသတင်းထောက် ဖာဘရီဇီရို ရိုမာနိုက ပြောကြားခဲ့သည်။
ဂျူဗင်တပ်အသင်းသည် ဆန်ချို၏အခြေအနေကို ဆက်လက်စောင့်ကြည့်ရန်နှင့် အငှားစာချုပ်ဖြင့် ခေါ်ယူရန် အတွက် မန်ယူအသင်းတာဝန်ရှိသူများကို တောင်းဆိုထားကြောင်း သိရသည်။ ဆန်ချိုသည် မန်ယူအသင်းတွင် ကစားစဉ်အချိန်အတွင်း တစ်ပတ်လုပ်ခပေါင်(၂၅ဝဝဝဝ) ဝန်းကျင် ရရှိကြောင်းလည်း သိရသည်။

Zawgyi Version;
မန္ယူအသင္းေတာင္ပံကစားသမား ဆန္ခ်ိဳကိုေခၚယူရန္အတြက္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတဲ့ ဂ်ဴဗင္တပ္အသင္း
Pika (NP News) - ႏိုဝင္ဘာ ၁၅
ဂ်ဴဗင္တပ္အသင္းသည္ လာမည့္ဇန္နဝါရီလတြင္ မန္ယူအသင္းေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူရန္အတြက္ ၎တို႔၏စိတ္ဝင္စားမႈမ်ားကို ထုတ္ေဖာ္ျပသခဲ့ေၾကာင္း သိရသည္။
ဆန္ခ်ိဳသည္ မန္ယူနည္းျပတန္ဟက္ကို ျပစ္တင္ေဝဖန္ကာ အေခ်အတင္ျဖစ္ပြားခဲ့သည့္ ဩဂုတ္လတည္းက မန္ယူ အသင္းအတြက္ ကစားခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။
ဆန္ခ်ိဳသည္ တန္ဟက္ကို စြပ္စြဲေျပာဆိုျခင္းမ်ားအတြက္ ေတာင္းပန္ရန္ ျငင္းဆိုခဲ့ၿပီးကတည္းက မန္ယူအသင္း၏ ကစားပြဲမ်ားတြင္ ဝင္ေရာက္ကစားခြင့္မရခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ဂ်ဴဗင္တပ္အသင္းသည္ စီးရီးေအဆုဖလားကို ျပန္လည္ရယူႏိုင္ရန္ ႀကိဳးပမ္းမႈမ်ားႏွင့္အတူ မန္ယူအသင္းေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူရန္အတြက္ အသင္းတာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ထားေၾကာင္း ေဘာလုံးသတင္းေထာက္ ဖာဘရီဇီ႐ို ႐ိုမာႏိုက ေျပာၾကားခဲ့သည္။
ဂ်ဴဗင္တပ္အသင္းသည္ ဆန္ခ်ိဳ၏အေျခအေနကို ဆက္လက္ေစာင့္ၾကည့္ရန္ႏွင့္ အငွားစာခ်ဳပ္ျဖင့္ ေခၚယူရန္ အတြက္ မန္ယူအသင္းတာဝန္ရွိသူမ်ားကို ေတာင္းဆိုထားေၾကာင္း သိရသည္။ ဆန္ခ်ိဳသည္ မန္ယူအသင္းတြင္ ကစားစဥ္အခ်ိန္အတြင္း တစ္ပတ္လုပ္ခေပါင္(၂၅ဝဝဝဝ) ဝန္းက်င္ ရရွိေၾကာင္းလည္း သိရသည္။