အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ် အဝေးပြေးလမ်းမှာ ကျောင်းဘတ်စ်ကားတစ်စီး ဆီမီးထရပ်ကားတစ်စီးနဲ့ တိုက်မိပြီး လူ ၆ ဦး သေဆုံး
515
ရောင်နီ (NP News) - နိုဝင်ဘာ ၁၆
အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာ အထက်တန်းကျောင်းသားတွေနဲ့ မိဘတွေကို တင်ဆောင်လာတဲ့ ကျောင်းဘက်စ်ကားတစ်စီး အင်္ဂါနေ့(နိုဝင်ဘာ ၁၄ ရက်) က အိုဟိုင်းယိုးပြည်နယ် အဝေးပြေးလမ်းမပေါ်မှာ ဆီမီးထရပ်တစ်စီးကို အနောက်မှ တိုက်မိခဲ့ပြီး လူခြောက်ဦးသေဆုံးခဲ့ကာ အနည်းဆုံး လူ ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ကျောင်းဘတ်စ်ကားဟာ အိုဟိုင်းယိုးပြည်နယ် အရှေ့ပိုင်းရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသားတွေနဲ့ မိဘတွေကို တင်ဆောင်မောင်းနှင်လာတာဖြစ်ပြီး ကားပေါ်မှာ စုစုပေါင်း လူ ၅၇ ဦး လိုက်ပါလာတာဖြစ်တယ်လို့ Licking ကောင်တီ အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ ဒါရိုက်တာ ဆီယန်ဂရာဒီက ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေဟာ ကိုလံဘတ်စ် အနောက်ဘက် မိုင် ၁ဝဝ ခန့်အကွာမှာ ကျင်းပနေတဲ့ အိုဟိုင်းယိုးပြည်နယ် ကျောင်းဘုတ်အဖွဲ့ညီလာခံကို အုပ်ထိန်းသူတွေနဲ့အတူ သွားကြတာဖြစ်တယ်လို့ Tuscarawas တောင်ကြား ကျောင်း ခရိုင်အုပ်ကြီး ဒီရက်ခ်ဗာရန်စကီး မှ ပြောကြားခဲ့ပါတယ်။
အဆိုပါမတော်တဆမှုမှာ Licking County ရှိ West Interstate 70 မှာ အင်္ဂါနေ့(နိုဝင်ဘာ ၁၄ ရက်) နံနက် ၉ နာရီ မတိုင်မီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ဘတ်စ်ကားပေါ်လိုက်ပါလာတဲ့ ကျောင်းသား သုံးဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျောင်းသား ၁၅ ဦး အပါအဝင် စုစုပေါင်း ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ် လှည့်ကင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ အရာရှိတွေက ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ အိုဟိုင္းယိုးျပည္နယ္ အေဝးေျပးလမ္းမွာ ေက်ာင္းဘတ္စ္ကားတစ္စီး ဆီမီးထရပ္ကားတစ္စီးနဲ႔ တိုက္မိၿပီး လူ ၆ ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၆
အေမရိကန္ႏိုင္ငံ၊ အိုဟိုင္းယိုးျပည္နယ္မွာ အထက္တန္းေက်ာင္းသားေတြနဲ႔ မိဘေတြကို တင္ေဆာင္လာတဲ့ ေက်ာင္းဘက္စ္ကားတစ္စီး အဂၤါေန႔(ႏိုဝင္ဘာ ၁၄ ရက္) က အိုဟိုင္းယိုးျပည္နယ္ အေဝးေျပးလမ္းမေပၚမွာ ဆီမီးထရပ္တစ္စီးကို အေနာက္မွ တိုက္မိခဲ့ၿပီး လူေျခာက္ဦးေသဆုံးခဲ့ကာ အနည္းဆုံး လူ ၁၈ ဦး ဒဏ္ရာရခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ေက်ာင္းဘတ္စ္ကားဟာ အိုဟိုင္းယိုးျပည္နယ္ အေရွ႕ပိုင္းရွိ ေက်ာင္းတစ္ေက်ာင္းမွ ေက်ာင္းသားေတြနဲ႔ မိဘေတြကို တင္ေဆာင္ေမာင္းႏွင္လာတာျဖစ္ၿပီး ကားေပၚမွာ စုစုေပါင္း လူ ၅၇ ဦး လိုက္ပါလာတာျဖစ္တယ္လို႔ Licking ေကာင္တီ အေရးေပၚ စီမံခန႔္ခြဲမႈေအဂ်င္စီ ဒါ႐ိုက္တာ ဆီယန္ဂရာဒီက ေျပာၾကားခဲ့ပါတယ္။
ေက်ာင္းသားေတြဟာ ကိုလံဘတ္စ္ အေနာက္ဘက္ မိုင္ ၁ဝဝ ခန႔္အကြာမွာ က်င္းပေနတဲ့ အိုဟိုင္းယိုးျပည္နယ္ ေက်ာင္းဘုတ္အဖြဲ႕ညီလာခံကို အုပ္ထိန္းသူေတြနဲ႔အတူ သြားၾကတာျဖစ္တယ္လို႔ Tuscarawas ေတာင္ၾကား ေက်ာင္း ခ႐ိုင္အုပ္ႀကီး ဒီရက္ခ္ဗာရန္စကီး မွ ေျပာၾကားခဲ့ပါတယ္။
အဆိုပါမေတာ္တဆမႈမွာ Licking County ရွိ West Interstate 70 မွာ အဂၤါေန႔(ႏိုဝင္ဘာ ၁၄ ရက္) နံနက္ ၉ နာရီ မတိုင္မီက ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။
ဘတ္စ္ကားေပၚလိုက္ပါလာတဲ့ ေက်ာင္းသား သုံးဦး အခင္းျဖစ္ေနရာမွာ ေသဆုံးသြားခဲ့ၿပီး ေက်ာင္းသား ၁၅ ဦး အပါအဝင္ စုစုေပါင္း ၁၈ ဦး ဒဏ္ရာရခဲ့တယ္လို႔ ျပည္နယ္ လွည့္ကင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။
မေတာ္တဆမႈျဖစ္ရတဲ့အေၾကာင္းရင္းကို မသိရေသးပါဘူး။ အရာရွိေတြက ဆက္လက္စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။