ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) နှင့် အာမခံလုပ်ငန်းဆိုင်ရာမဟာဘွဲ့ (MI) Online သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူနေ

 811

စော (NP News) - နိုဝင်ဘာ ၁၉

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) နှင့် အာမခံလုပ်ငန်းဆိုင်ရာ မဟာဘွဲ့ (MI) Online သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်က ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။

အဆိုပါတက္ကသိုလ်မှ (၂ဝ၂၄-၂ဝ၂၅) ပညာသင်နှစ်အတွက် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (EMBF) သင်တန်းကို တက်ရောက်လိုသူများအနေဖြင့် သင်တန်းအတွက် ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံလုပ်သက်အနည်းဆုံး (၅)နှစ် ရှိရမည်ဖြစ်‌ကြောင်း သိရသည်။

အာမခံလုပ်ငန်းဆိုင်ရာ မဟာဘွဲ့(MI)သင်တန်းအတွက်လည်း အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ လုပ်သက်အနည်းဆုံး (၂)နှစ် ရှိရမည်ဖြစ်‌ကြောင်း သိရသည်။

တက်ရောက်လိုသူများသည် တက္ကသိုလ်တစ်ခု၌ အခြားသင်တန်းတက်ရောက်နေသူမဖြစ်စေရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်လွှာများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်(ကမာရွတ်)၊ အခန်း (၂ဝ၆) သို့ နိုဝင်ဘာ (၂၁)ရက်မှ (၂ဝ၂၃) ခုနှစ်၊ ဇန်နဝါရီ (၅)ရက်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်း ဝင်ခွင့်ရေးဖြေစာမေးပွဲကို (၂ဝ၂၃) ခုနှစ်၊ ဇန်နဝါရီ (၁၄)ရက်တွင် ဖြေဆိုရမည်ဖြစ်ပြီး သတ်မှတ်အဆင့် မီသူများကိုသာ လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဘဏ္လုပ္ငန္းႏွင့္ ဘ႑ာေရးပညာမဟာဘြဲ႕ (EMBF) ႏွင့္ အာမခံလုပ္ငန္းဆိုင္ရာမဟာဘြဲ႕ (MI) Online သင္တန္းမ်ားအတြက္ သင္တန္းသားမ်ား ေခၚယူေန
ေစာ (NP News) - ႏိုဝင္ဘာ ၁၉

ရန္ကုန္စီးပြားေရးတကၠသိုလ္မွ ဘဏ္လုပ္ငန္း ႏွင့္ ဘ႑ာေရးပညာမဟာဘြဲ႕ (EMBF) ႏွင့္ အာမခံလုပ္ငန္းဆိုင္ရာ မဟာဘြဲ႕ (MI) Online သင္တန္းမ်ားအတြက္ သင္တန္းသားမ်ား ေခၚယူေနေၾကာင္း သိရသည္။

ရန္ကုန္စီးပြားေရးတကၠသိုလ္က ယမန္ေန႔ (ႏိုဝင္ဘာ ၁၈ ရက္) တြင္ အထက္ပါကဲ့သို႔ေၾကညာထားျခင္းျဖစ္သည္။

အဆိုပါတကၠသိုလ္မွ (၂ဝ၂၄-၂ဝ၂၅) ပညာသင္ႏွစ္အတြက္ ဘဏ္လုပ္ငန္းႏွင့္ ဘ႑ာေရးပညာမဟာဘြဲ႕ (EMBF) သင္တန္းကို တက္ေရာက္လိုသူမ်ားအေနျဖင့္ သင္တန္းအတြက္ ဘဏ္လုပ္ငန္း (သို႔) ဘ႑ာေရးဆိုင္ရာ လုပ္ငန္းခြင္အေတြ႕အႀကဳံလုပ္သက္အနည္းဆုံး (၅)ႏွစ္ ရွိရမည္ျဖစ္‌ေၾကာင္း သိရသည္။

အာမခံလုပ္ငန္းဆိုင္ရာ မဟာဘြဲ႕(MI)သင္တန္းအတြက္လည္း အာမခံလုပ္ငန္း၊ ဘဏ္လုပ္ငန္း၊ ဘ႑ာေရးဆိုင္ရာ လုပ္ငန္းခြင္အေတြ႕အႀကဳံ လုပ္သက္အနည္းဆုံး (၂)ႏွစ္ ရွိရမည္ျဖစ္‌ေၾကာင္း သိရသည္။

တက္ေရာက္လိုသူမ်ားသည္ တကၠသိုလ္တစ္ခု၌ အျခားသင္တန္းတက္ေရာက္ေနသူမျဖစ္ေစရန္ လိုအပ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေလွ်ာက္လႊာမ်ားကို ရန္ကုန္စီးပြားေရးတကၠသိုလ္(ကမာ႐ြတ္)၊ အခန္း (၂ဝ၆) သို႔ ႏိုဝင္ဘာ (၂၁)ရက္မွ (၂ဝ၂၃) ခုႏွစ္၊ ဇန္နဝါရီ (၅)ရက္အတြင္း ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္း ဝင္ခြင့္ေရးေျဖစာေမးပြဲကို (၂ဝ၂၃) ခုႏွစ္၊ ဇန္နဝါရီ (၁၄)ရက္တြင္ ေျဖဆိုရမည္ျဖစ္ၿပီး သတ္မွတ္အဆင့္ မီသူမ်ားကိုသာ လူေတြ႕စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.