ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမှာ စံချိန်တင်အပူလှိုင်းကြောင့် တေလာဆွစ်ဖ်ရဲ့ Eras World Tour ရှိုးပွဲကြည့် ပရိသတ်တစ်ဦး သေဆုံး

914

ရောင်နီ (NP News) - နိုဝင်ဘာ ၁၉
အမေရိကန်အဆိုတော် တေလာဆွစ်ဖ်ရဲ့ဘရာဇီးလ် လူငယ်ပရိသတ်တစ်ဦးဟာ နိုဝင်ဘာ ၁၇ ရက်က ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမှာ ကျင်းပတဲ့ တေလာရဲ့ Era World Tour မှာ စံချိန်တင် အပူလှိုင်းကြောင့် အပြင်းအထန် ဖျားနာပြီး သေဆုံးသွားခဲ့ပါတယ်။
အန်နာကလယ်ရာဘီနီဗီဒက် အမည်ရှိ အသက် ၂၃ နှစ်အရွယ် fan မိန်းကလေးဟာ နီတွန်ဆန်တို အားကစားရုံမှာ ပြုလုပ်တဲ့ တေလာရဲ့ World Tour ကို ကြည့်ရှုအားပေးနေစဉ် နေထိုင်မကောင်းဖြစ်ခဲ့တာလို့ ပွဲစီစဉ်သူ T4F က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
သူမကို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ချက်ချင်း Salgado Filho ဆေးရုံကို ပို့ဆောင်ဖို့လုပ်ခဲ့ပေမယ့် လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ တေလာရဲ့ဖျော်ဖြေပွဲကို ပရိသတ် ၆ဝဝဝဝ ခန့် လာရောက်အားပေးကြပါ တယ်။ The Eras Tour ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဘရာဇီးမှာ ရှိုးခြောက်ပွဲထိ ဖျော်ဖြေဖို့ရှိတဲ့တေလာက သူမရဲ့ ဝမ်းနည်းမှုကို အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
အားကစားရုံအတွင်း ပရိသတ်တွေအတွက် သောက်သုံးရေပြတ်လပ်မှု ရှိ၊မရှိ အတည်မပြုနိုင်သေးတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ဘရာဇီးဟာ တေလာကို ကြိုဆိုတဲ့အနေနဲ့ ကြာသပတေးနေ့(နိုဝင်ဘာ ၁၆ ရက်) က ရီကိုရဲ့ Christ the Redeemer ရုပ်တုမှာ "Welcome to Brazil" ဆိုတဲ့ စာလုံးများ ပါဝင်တဲ့ တီရှပ်ကိုတပ်ဆင်ကာ ဖော်ပြခဲ့ပါတယ်။ ဖျော်ဖြေပွဲ အတွင်း အပူရှိန်ကြောင့် ပရိသတ်အများအပြား မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေငတ်ခြင်း စတဲ့ နာမကျန်းမှုတွေ ဖြစ် ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဘရာဇီးႏိုင္ငံ ရီယိုဒီဂ်ေန႐ိုးမွာ စံခ်ိန္တင္အပူလႈိင္းေၾကာင့္ ေတလာဆြစ္ဖ္ရဲ႕ Eras World Tour ရႈိးပြဲၾကည့္ ပရိသတ္တစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၉
အေမရိကန္အဆိုေတာ္ ေတလာဆြစ္ဖ္ရဲ႕ဘရာဇီးလ္ လူငယ္ပရိသတ္တစ္ဦးဟာ ႏိုဝင္ဘာ ၁၇ ရက္က ဘရာဇီးႏိုင္ငံ၊ ရီယိုဒီဂ်ေန႐ိုးမွာ က်င္းပတဲ့ ေတလာရဲ႕ Era World Tour မွာ စံခ်ိန္တင္ အပူလႈိင္းေၾကာင့္ အျပင္းအထန္ ဖ်ားနာၿပီး ေသဆုံးသြားခဲ့ပါတယ္။
အန္နာကလယ္ရာဘီနီဗီဒက္ အမည္ရွိ အသက္ ၂၃ ႏွစ္အ႐ြယ္ fan မိန္းကေလးဟာ နီတြန္ဆန္တို အားကစား႐ုံမွာ ျပဳလုပ္တဲ့ ေတလာရဲ႕ World Tour ကို ၾကည့္ရႈအားေပးေနစဥ္ ေနထိုင္မေကာင္းျဖစ္ခဲ့တာလို႔ ပြဲစီစဥ္သူ T4F က အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။
သူမကို ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြက ခ်က္ခ်င္း Salgado Filho ေဆး႐ုံကို ပို႔ေဆာင္ဖို႔လုပ္ခဲ့ေပမယ့္ လမ္းမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ေတလာရဲ႕ေဖ်ာ္ေျဖပြဲကို ပရိသတ္ ၆ဝဝဝဝ ခန႔္ လာေရာက္အားေပးၾကပါ တယ္။ The Eras Tour ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ဘရာဇီးမွာ ရႈိးေျခာက္ပြဲထိ ေဖ်ာ္ေျဖဖို႔ရွိတဲ့ေတလာက သူမရဲ႕ ဝမ္းနည္းမႈကို အင္စတာဂရမ္မွာ ေဖာ္ျပခဲ့ပါတယ္။
အားကစား႐ုံအတြင္း ပရိသတ္ေတြအတြက္ ေသာက္သုံးေရျပတ္လပ္မႈ ရွိ၊မရွိ အတည္မျပဳႏိုင္ေသးတာေၾကာင့္ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။
ဘရာဇီးဟာ ေတလာကို ႀကိဳဆိုတဲ့အေနနဲ႔ ၾကာသပေတးေန႔(ႏိုဝင္ဘာ ၁၆ ရက္) က ရီကိုရဲ႕ Christ the Redeemer ႐ုပ္တုမွာ "Welcome to Brazil" ဆိုတဲ့ စာလုံးမ်ား ပါဝင္တဲ့ တီရွပ္ကိုတပ္ဆင္ကာ ေဖာ္ျပခဲ့ပါတယ္။ ေဖ်ာ္ေျဖပြဲ အတြင္း အပူရွိန္ေၾကာင့္ ပရိသတ္အမ်ားအျပား မူးေဝျခင္း၊ ေခါင္းကိုက္ျခင္း၊ ေရငတ္ျခင္း စတဲ့ နာမက်န္းမႈေတြ ျဖစ္ ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။