ဘရက်ပစ်နဲ့ ဂျိုလီတို့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ "Mr. and Mrs. Smith" ဇာတ်ကားကို ပြန်လည်ရိုက်ကူးမည်

 1659

ရောင်နီ (NP News) - နိုဝင်ဘာ ၁၉

ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ ဘရတ်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့ရဲ့ ၂ဝဝ၅ ခုနှစ် ရုပ်ရှင်ကို ပြန်လည်ပုံဖော်ထားတဲ့ "Mr. and Mrs. Smith" ရုပ်ရှင်ကို လာမည့်နှစ်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Amazon ဟာ အပိုင်း ရှစ်ပိုင်းပါ စီးရီး “Mr. and Mrs. Smith” ကို ဖေဖော်ဝါရီ ၂ ရက်၊ ၂ဝ၂၄ ခုနှစ်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။ သတင်းထုတ်ပြန်ချက်အရ အဆိုပါ ပရောဂျက်သစ်ကို ဒိုနယ်ဂလောဗာနဲ့ ဖရန်စီစကာ စလိုနီတို့မှ ပူးတွဲဖန်တီးပြီး ဂျွန်စမစ်နဲ့ မာယာအီရာစကိန်းက တွဲဖက်ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုဗားရှင်းမှာ အထီးကျန်နေတဲ့ သူစိမ်းနှစ်ဦး လျှို့ဝှက်ဆန်းကြယ်သူလျှိုအေဂျင်စီအတွက် အလုပ်ရရှိခဲ့ပြီး တွေ့ဆုံ ခဲ့ခြင်းကို ဇာတ်အိမ်တည်ပါတယ်။ အပတ်တိုင်း အန္တရာယ်များတဲ့မစ်ရှင်ကို လုပ်ဆောင်ရင်း တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ပိုလာခြင်းကို လှလှပပရိုက်ကူး ပုံဖော်သွားမှာဖြစ်ပါတယ်။

ဂလောဗာ က ဒီရှိုးဟာ ရုပ်ရှင်နဲ့ မတူဘူးလို့ Entertainment Weekly မှာ ပြောကြားခဲ့ပါတယ်။ ဒါအပြင် သူက "သင့်အနေနဲ့ အမြဲတမ်းအဟောင်းကိုပြန်ကြည့်နိုင်ပေမယ့် ဒီဗားရှင်းဟာ သင့်ကိုကွဲပြားခြားနားတဲ့ ခံစားချက်ပေးနိုင်မှာ သေချာတယ်” လို့ ဆိုခဲ့ပါတယ်။

ဘရက်ပစ်နဲ့ဂျိုလီဟာ အဆိုပါဇာတ်ကား ဇာတ်ကားရိုက်ကူးပြီးနောက် လူသိရှင်ကြားတွဲခဲ့ကြပြီး နောက်ပိုင်းမှာ လက်ထပ်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြန်ကွာရှင်းခဲ့ကြပါတယ်။

Zawgyi Version;
ဘရက္ပစ္နဲ႔ ဂ်ိဳလီတို႔တြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့ "Mr. and Mrs. Smith" ဇာတ္ကားကို ျပန္လည္႐ိုက္ကူးမည္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၉

ကမာၻေက်ာ္အႏုပညာရွင္ေတြျဖစ္ၾကတဲ့ ဘရတ္ပစ္နဲ႔ အိန္ဂ်လီနာဂ်ိဳလီတို႔ရဲ႕ ၂ဝဝ၅ ခုႏွစ္ ႐ုပ္ရွင္ကို ျပန္လည္ပုံေဖာ္ထားတဲ့ "Mr. and Mrs. Smith" ႐ုပ္ရွင္ကို လာမည့္ႏွစ္မွာ ႐ုံတင္ျပသမယ္လို႔ သိရပါတယ္။

Amazon ဟာ အပိုင္း ရွစ္ပိုင္းပါ စီးရီး “Mr. and Mrs. Smith” ကို ေဖေဖာ္ဝါရီ ၂ ရက္၊ ၂ဝ၂၄ ခုႏွစ္မွာ ႐ုံတင္ျပသမယ္လို႔ သိရပါတယ္။ သတင္းထုတ္ျပန္ခ်က္အရ အဆိုပါ ပေရာဂ်က္သစ္ကို ဒိုနယ္ဂေလာဗာနဲ႔ ဖရန္စီစကာ စလိုနီတို႔မွ ပူးတြဲဖန္တီးၿပီး ဂြၽန္စမစ္နဲ႔ မာယာအီရာစကိန္းက တြဲဖက္ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

အခုဗားရွင္းမွာ အထီးက်န္ေနတဲ့ သူစိမ္းႏွစ္ဦး လွ်ိဳ႕ဝွက္ဆန္းၾကယ္သူလွ်ိဳေအဂ်င္စီအတြက္ အလုပ္ရရွိခဲ့ၿပီး ေတြ႕ဆုံ ခဲ့ျခင္းကို ဇာတ္အိမ္တည္ပါတယ္။ အပတ္တိုင္း အႏၲရာယ္မ်ားတဲ့မစ္ရွင္ကို လုပ္ေဆာင္ရင္း တစ္ေယာက္နဲ႔ တစ္ေယာက္ ခံစားခ်က္ပိုလာျခင္းကို လွလွပပ႐ိုက္ကူး ပုံေဖာ္သြားမွာျဖစ္ပါတယ္။

ဂေလာဗာ က ဒီရႈိးဟာ ႐ုပ္ရွင္နဲ႔ မတူဘူးလို႔ Entertainment Weekly မွာ ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ သူက "သင့္အေနနဲ႔ အၿမဲတမ္းအေဟာင္းကိုျပန္ၾကည့္ႏိုင္ေပမယ့္ ဒီဗားရွင္းဟာ သင့္ကိုကြဲျပားျခားနားတဲ့ ခံစားခ်က္ေပးႏိုင္မွာ ေသခ်ာတယ္” လို႔ ဆိုခဲ့ပါတယ္။

ဘရက္ပစ္နဲ႔ဂ်ိဳလီဟာ အဆိုပါဇာတ္ကား ဇာတ္ကား႐ိုက္ကူးၿပီးေနာက္ လူသိရွင္ၾကားတြဲခဲ့ၾကၿပီး ေနာက္ပိုင္းမွာ လက္ထပ္ခဲ့ၾကေပမယ့္ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ျပန္ကြာရွင္းခဲ့ၾကပါတယ္။

Related news

© 2021. All rights reserved.