ရန်ကုန်မြို့၌ ပေါ်တာဆွဲနေသည်ဆိုသော သတင်းများမှာ ကောလာဟလသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းမျိုးမရှိဟု တိုင်းအစိုးရဖွဲ့ပြောခွင့်ရတုံ့ပြန်

7574
မြူနစ် (NP News) - နိုဝင်ဘာ ၂၁
ရန်ကုန်မြို့၌ ပေါ်တာဆွဲနေသည်ဆိုသော သတင်းများမှာ ကောလာဟလသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းမျိုးမရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြောခွင့်ရက တုံ့ပြန်ထားသည်။

ပေါ်တာဆွဲနေသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ NP News က ယနေ့(နိုဝင်ဘာလ ၂၁ ရက်)တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ဥပဒေချုပ်ဦးဌေးအောင်အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက အထက်ပါကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
လတ်တလောကာလတွင် ရန်ကုန်မြို့၌ ပေါ်တာဆွဲမှုများရှိနေသည်ဆိုသော ရေးသားပြောဆိုမှုများသည် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသကဲ့သို့ လူထုကြားတွင်လည်း ပြောဆိုမှုများရှိနေသည်ကို တွေ့ရသည်။
“ကောလာဟလပါပဲခင်ဗျာ။ ပေါ်တာဆွဲတာတွေ၊ ဘာတွေ လုံးဝမရှိပါဘူး။ ဒါကတော့ ကောလာဟလပါ။ လက်တွေ့မှာလည်း မရှိပါဘူး။ အဲဒါလေးတော့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ သတင်းတိတိကျကျရရင်တော့ ဘယ်ရပ်ကွက်က၊ ဘယ်နေရာကဆိုတာကို ကျွန်တော်တို့ကို ပြောပေးပါ။ အဲဒီအခါ ကျွန်တော်တို့ စုံစမ်းပေးပါမယ်။ ကျွန်တော်တို့ အခုချိန်ထိကတော့ ပေါ်တာဆွဲတယ်တို့၊ ဘာတို့ဆိုတာက အပြင်ကောလာဟလ အနေနဲ့ပဲရှိပြီးတော့ ဒီဘက်က ဆောင်ရွက်ချက်တွေက မရှိပါဘူး”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြောခွင့်ရ ဦးဌေးအောင်က ပြောသည်။
ပေါ်တာဆွဲနေသည်ဆိုသော သတင်းများသည် အမှန်တကယ်ဖြစ်နေသည့်ကိစ္စများ မဟုတ်ဘဲ ကောလာဟလထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း ဦးဌေးအောင်က ထပ်မံပြောသည်။
ထို့ပြင် လတ်တလော၌ အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ ပိတ်ရမည့်အခြေအနေရှိကြောင်းနှင့် ကျောင်းပိတ်တော့မည်ဖြစ်ကြောင်း ကောလာဟလသတင်းများသည်လည်း ပျံ့နှံ့နေကြောင်း နစကမှ သတိပေးပြောကြားထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ ေပၚတာဆြဲေနသည္ဆိုေသာ သတင္းမ်ားမွာ ေကာလာဟလသာျဖစ္ၿပီး လက္ေတြ႕လုပ္ေဆာင္ျခင္းမ်ိဳးမရွိဟု တိုင္းအစိုးရဖြဲ႕ေျပာခြင့္ရတုံ႔ျပန္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၁
ရန္ကုန္ၿမိဳ႕၌ ေပၚတာဆြဲေနသည္ဆိုေသာ သတင္းမ်ားမွာ ေကာလာဟလသာျဖစ္ၿပီး လက္ေတြ႕လုပ္ေဆာင္ျခင္းမ်ိဳးမရွိေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕ ေျပာခြင့္ရက တုံ႔ျပန္ထားသည္။
ေပၚတာဆြဲေနသည္ဆိုေသာ သတင္းမ်ားႏွင့္ပတ္သက္၍ NP News က ယေန႔(ႏိုဝင္ဘာလ ၂၁ ရက္)တြင္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ၊ ဥပေဒခ်ဳပ္ဦးေဌးေအာင္အား ဆက္သြယ္ေမးျမန္းရာတြင္ ၎က အထက္ပါကဲ့သို႔ တုံ႔ျပန္ေျပာၾကားခဲ့ျခင္းျဖစ္သည္။
လတ္တေလာကာလတြင္ ရန္ကုန္ၿမိဳ႕၌ ေပၚတာဆြဲမႈမ်ားရွိေနသည္ဆိုေသာ ေရးသားေျပာဆိုမႈမ်ားသည္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔လ်က္ရွိသကဲ့သို႔ လူထုၾကားတြင္လည္း ေျပာဆိုမႈမ်ားရွိေနသည္ကို ေတြ႕ရသည္။
“ေကာလာဟလပါပဲခင္ဗ်ာ။ ေပၚတာဆြဲတာေတြ၊ ဘာေတြ လုံးဝမရွိပါဘူး။ ဒါကေတာ့ ေကာလာဟလပါ။ လက္ေတြ႕မွာလည္း မရွိပါဘူး။ အဲဒါေလးေတာ့ ကြၽန္ေတာ္တို႔ ေျပာႏိုင္ပါတယ္။ သတင္းတိတိက်က်ရရင္ေတာ့ ဘယ္ရပ္ကြက္က၊ ဘယ္ေနရာကဆိုတာကို ကြၽန္ေတာ္တို႔ကို ေျပာေပးပါ။ အဲဒီအခါ ကြၽန္ေတာ္တို႔ စုံစမ္းေပးပါမယ္။ ကြၽန္ေတာ္တို႔ အခုခ်ိန္ထိကေတာ့ ေပၚတာဆြဲတယ္တို႔၊ ဘာတို႔ဆိုတာက အျပင္ေကာလာဟလ အေနနဲ႔ပဲရွိၿပီးေတာ့ ဒီဘက္က ေဆာင္႐ြက္ခ်က္ေတြက မရွိပါဘူး”ဟု ရန္ကုန္တိုင္းအစိုးရအဖြဲ႕ ေျပာခြင့္ရ ဦးေဌးေအာင္က ေျပာသည္။
ေပၚတာဆြဲေနသည္ဆိုေသာ သတင္းမ်ားသည္ အမွန္တကယ္ျဖစ္ေနသည့္ကိစၥမ်ား မဟုတ္ဘဲ ေကာလာဟလထုတ္လႊင့္ေနျခင္းသာျဖစ္ေၾကာင္း ဦးေဌးေအာင္က ထပ္မံေျပာသည္။
ထို႔ျပင္ လတ္တေလာ၌ အေျခခံပညာေက်ာင္းမ်ားႏွင့္ပတ္သက္၍ ပိတ္ရမည့္အေျခအေနရွိေၾကာင္းႏွင့္ ေက်ာင္းပိတ္ေတာ့မည္ျဖစ္ေၾကာင္း ေကာလာဟလသတင္းမ်ားသည္လည္း ပ်ံ႕ႏွံ႔ေနေၾကာင္း နစကမွ သတိေပးေျပာၾကားထားသည္။