တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးဒုံးများ ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဟုအသိပေး

 505

ယွန်း (NP News) - နိုဝင်ဘာ ၂၃

တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးဒုံးများ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း နှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုဝင်ဘာလ(၂၂)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ် သည်။

ရန်ကုန်တိုင်းအတွင်း တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး နှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများအတွက် အစိုးရအဖွဲ့အနေဖြင့် သတိပေးနှိုးဆော်ချက်များကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။

ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း) များကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်နိုင်ခြင်းကြောင့် ၎င်းပစ္စည်းများကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများကိုမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
တန္ေဆာင္တိုင္ကာလ၌ ေျဗာက္အိုး အပါအဝင္ မီးရႉး၊ မီးဒုံးမ်ား ေရာင္းခ်ျခင္းႏွင့္ ပစ္ေဖာက္ျခင္းမ်ား ျပဳလုပ္ပါက ထိေရာက္စြာ အေရးယူမည္ဟုအသိေပး
ယြန္း (NP News) - ႏိုဝင္ဘာ ၂၃

တန္ေဆာင္တိုင္ကာလ၌ ေျဗာက္အိုး အပါအဝင္ မီးရႉး၊ မီးဒုံးမ်ား ေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္း ႏွင့္ ပစ္ေဖာက္ျခင္းမ်ား ျပဳလုပ္ပါက ထိေရာက္စြာ အေရးယူမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ႏိုဝင္ဘာလ(၂၂)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္ သည္။

ရန္ကုန္တိုင္းအတြင္း တန္ေဆာင္တိုင္ကာလ၌ ေျဗာက္အိုး အပါအဝင္ မီးရႉး ႏွင့္ မီးဒုံး(ရႉးဒိုင္း)မ်ားကို ထုတ္လုပ္ေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္း၊ ပစ္ေဖာက္ျခင္းမ်ားအတြက္ အစိုးရအဖြဲ႕အေနျဖင့္ သတိေပးႏႈိးေဆာ္ခ်က္မ်ားကို ႏွစ္စဥ္ထုတ္ျပန္လ်က္ရွိသည္။

ေျဗာက္အိုး၊ မီးရႉးႏွင့္ မီးဒုံး(ရႉးဒိုင္း) မ်ားကို ပစ္ေဖာက္မႈမ်ားေၾကာင့္ ျပည္သူမ်ား အထိတ္တလန႔္ျဖစ္ေစျခင္း၊ မသမာသူမ်ားမွ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ လုံၿခဳံေရးကို ထိခိုက္ေအာင္ ျပဳလုပ္ႏိုင္ျခင္းေၾကာင့္ ၎ပစၥည္းမ်ားကို ေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္း၊ ပစ္ေဖာက္ျခင္းမ်ားကိုမျပဳလုပ္ရန္ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

၎ထုတ္ျပန္ခ်က္ကို လိုက္နာျခင္းမရွိပါက ဥပေဒအရ ထိေရာက္စြာအေရးယူေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.