လောက်ကိုင်မြို့ပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်၊ ၁၀၂၇ စစ်ဆင်ရေး လောက်ကိုင်မြို့သို့ ဦးတည်လာနေကြောင်း MNDAA အသိပေး

 7214

မြူနစ် (NP News) - နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးသည် လောက်ကိုင်မြို့သို့ ဦးတည်လာနေကြောင်း MNDAA ဘက်က အသိပေးထားသည်။

ယမန်နေ့(နိုဝင်ဘာလ ၂၄ ရက်)တွင် လောက်ကိုင်မြို့ ပတ်ဝန်းကျင်ရှိ နေရာ(၃)ခုတွင် တပ်မတော်နှင့် MNDAA၊ TNLA ပူးပေါင်းအဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လောက်ကိုင်မြို့သစ်ဟု ခေါ်ဆိုလေ့ရှိသော တုန်းချိန်တစ်ဝိုက်တွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးကလည်း NP News ကို ပြောသည်။

“တုန်းချိန်ဘက်မှာ ပစ်နေကြတာ။ တုန်းချိန်က လောက်ကိုင်ရဲ့ မြို့သစ်လို့ ခေါ်လို့ရတာပေါ့။ တော်တော်လေးပြင်းထန်ပုံရတယ်။ တိုက်လေယာဉ်တွေရော၊ လက်နက်ကြီးပစ်သံတွေရော ထောင့်ပေါင်းစုံကနေ ကြားနေရတယ်။ စစ်မီးက လောက်ကိုင်မြို့ထဲထိ ရောက်လာမှာ အရမ်းစိုးရိမ်တယ်”ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးသည် လောက်ကိုင်ဒေသဘက်သို့ ဦးတည်လာနေပြီဖြစ်ကြောင်းလည်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ထုတ်ဖော်အသိပေးထားသည်။

ထို့ပြင် ယမန်နေ့တွင်လည်း လောက်ကိုင်မြို့သစ်ဟု ခေါ်ဆိုလေ့ရှိသော တုန်းချိန်ဒေသတစ်ဝိုက်ရှိ တပ်မတော်၏ ဆိုင်တာအိုင်တောင်ကုန်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ သိမ်းနိုင်ခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အလားတူ ယမန်နေ့တွင်လည်း ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ရှိ နမ့်စလပ် နှင့် မုံးကျက်တို့တွင်လည်း တပ်မတော် နှင့် MNDAA၊ TNLA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း နစကမှ ဆိုသည်။

“ရှမ်းပြည်နယ်အရှေ့မြောက်ဘက်မှာတော့ နမ့်စလပ်မှာ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားတာရှိပါတယ်။ မုံးကျက်မှာတော့ စခန်းနေရာရွှေ့ပြောင်းခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း နမ့်စလပ်နဲ့ မုံးကျက်မှာ MNDAA ၊ TNLA အဖွဲ့က အကျအဆုံးများစွာ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနေ့မှာ ဓာတုဗုံးတွေ သုံးနေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး ထွက်ပေါ်လာတာရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

MNDAA ဦးဆောင်သော TNLA၊ AA မဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် တပ်မတော်လုံခြုံရေးစခန်းများကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကာ စစ်ပွဲများကို စတင်ဖော်ဆောင်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုများကြောင့် ပြည်ထောင်စုလမ်းမရှိ တံတားနှင့် လမ်းပိုင်းများသည် ပျက်စီးမှုများရှိခဲ့ကာ ကုန်သွယ်မှုများသည်လည်း လုံးဝရပ်တန့်လျက်ရှိသည်။

လက်ရှိတွင် လောက်ကိုင်မြို့၌ ဆန်တစ်ပြည်လျှင် တရုတ်ယွမ် ၁၅၀ (မြန်မာငွေကျပ် ၇၀၀၀၀ ဝန်းကျင်)အထိ ဈေးမြင့်တက်လျက်ရှိပြီး အခြေခံပြည်သူများ ရပ်တည်ရန် ခက်ခဲလာနေကြောင်း သိရသည်။

zawgyi version
ေလာက္ကိုင္ၿမိဳ႕ပတ္ဝန္းက်င္၌ တိုက္ပြဲျဖစ္၊ ၁၀၂၇ စစ္ဆင္ေရး ေလာက္ကိုင္ၿမိဳ႕သို႔ ဦးတည္လာေနေၾကာင္း MNDAA အသိေပး
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၅

ရွမ္းျပည္နယ္၊ ေလာက္ကိုင္ၿမိဳ႕ပတ္ဝန္းက်င္၌ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ၁၀၂၇ စစ္ဆင္ေရးသည္ ေလာက္ကိုင္ၿမိဳ႕သို႔ ဦးတည္လာေနေၾကာင္း MNDAA ဘက္က အသိေပးထားသည္။

ယမန္ေန႔(ႏိုဝင္ဘာလ ၂၄ ရက္)တြင္ ေလာက္ကိုင္ၿမိဳ႕ ပတ္ဝန္းက်င္ရွိ ေနရာ(၃)ခုတြင္ တပ္မေတာ္ႏွင့္ MNDAA၊ TNLA ပူးေပါင္းအဖြဲ႕မ်ားၾကား ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ေလာက္ကိုင္ၿမိဳ႕သစ္ဟု ေခၚဆိုေလ့ရွိေသာ တုန္းခ်ိန္တစ္ဝိုက္တြင္ ယမန္ေန႔ နံနက္ပိုင္းမွစ၍ တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားခဲ့ေၾကာင္း ၿမိဳ႕ခံတစ္ဦးကလည္း NP News ကို ေျပာသည္။

“တုန္းခ်ိန္ဘက္မွာ ပစ္ေနၾကတာ။ တုန္းခ်ိန္က ေလာက္ကိုင္ရဲ႕ ၿမိဳ႕သစ္လို႔ ေခၚလို႔ရတာေပါ့။ ေတာ္ေတာ္ေလးျပင္းထန္ပုံရတယ္။ တိုက္ေလယာဥ္ေတြေရာ၊ လက္နက္ႀကီးပစ္သံေတြေရာ ေထာင့္ေပါင္းစုံကေန ၾကားေနရတယ္။ စစ္မီးက ေလာက္ကိုင္ၿမိဳ႕ထဲထိ ေရာက္လာမွာ အရမ္းစိုးရိမ္တယ္”ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

၁၀၂၇ စစ္ဆင္ေရးသည္ ေလာက္ကိုင္ေဒသဘက္သို႔ ဦးတည္လာေနၿပီျဖစ္ေၾကာင္းလည္း ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA က ထုတ္ေဖာ္အသိေပးထားသည္။

ထို႔ျပင္ ယမန္ေန႔တြင္လည္း ေလာက္ကိုင္ၿမိဳ႕သစ္ဟု ေခၚဆိုေလ့ရွိေသာ တုန္းခ်ိန္ေဒသတစ္ဝိုက္ရွိ တပ္မေတာ္၏ ဆိုင္တာအိုင္ေတာင္ကုန္းစခန္းကို ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ကာ သိမ္းႏိုင္ခဲ့သည္ဟု MNDAA က ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရေသာ္လည္း NP News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

အလားတူ ယမန္ေန႔တြင္လည္း ရွမ္းျပည္နယ္အေရွ႕ေျမာက္ဘက္ရွိ နမ့္စလပ္ ႏွင့္ မုံးက်က္တို႔တြင္လည္း တပ္မေတာ္ ႏွင့္ MNDAA၊ TNLA တို႔ၾကား တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားခဲ့ေၾကာင္း နစကမွ ဆိုသည္။

“ရွမ္းျပည္နယ္အေရွ႕ေျမာက္ဘက္မွာေတာ့ နမ့္စလပ္မွာ ထိေတြ႕တိုက္ပြဲ ဆက္လက္ျဖစ္ပြားတာရွိပါတယ္။ မုံးက်က္မွာေတာ့ စခန္းေနရာေ႐ႊ႕ေျပာင္းခဲ့တာရွိပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးလည္း နမ့္စလပ္နဲ႔ မုံးက်က္မွာ MNDAA ၊ TNLA အဖြဲ႕က အက်အဆုံးမ်ားစြာ ရွိပါတယ္။ ဒါေၾကာင့္လည္း ဒီေန႔မွာ ဓာတုဗုံးေတြ သုံးေနတယ္ဆိုတဲ့ စြပ္စြဲခ်က္မ်ိဳး ထြက္ေပၚလာတာရွိပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

MNDAA ဦးေဆာင္ေသာ TNLA၊ AA မဟာမိတ္လက္နက္ကိုင္ (၃)ဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံး အရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ကာ စစ္ပြဲမ်ားကို စတင္ေဖာ္ေဆာင္ခဲ့သည္။

ထိုသို႔တိုက္ခိုက္မႈမ်ားေၾကာင့္ ျပည္ေထာင္စုလမ္းမရွိ တံတားႏွင့္ လမ္းပိုင္းမ်ားသည္ ပ်က္စီးမႈမ်ားရွိခဲ့ကာ ကုန္သြယ္မႈမ်ားသည္လည္း လုံးဝရပ္တန႔္လ်က္ရွိသည္။

လက္ရွိတြင္ ေလာက္ကိုင္ၿမိဳ႕၌ ဆန္တစ္ျပည္လွ်င္ တ႐ုတ္ယြမ္ ၁၅၀ (ျမန္မာေငြက်ပ္ ၇၀၀၀၀ ဝန္းက်င္)အထိ ေဈးျမင့္တက္လ်က္ရွိၿပီး အေျခခံျပည္သူမ်ား ရပ္တည္ရန္ ခက္ခဲလာေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.