အစ္စရေးနိုင်ငံသား ဘီလျံနာတစ်ဦးပိုင်ဆိုင်တဲ့သင်္ဘောကို အီရန်နိုင်ငံက ဒရုန်းနဲ့တိုက်ခိုက်ခဲ့

 4155

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၆

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အစ္စရေးဘီလျံနာ ပိုင်ဆိုင်တဲ့ ကွန်တိန်နာသင်္ဘောတစ်စင်းကို အီရန်နိုင်ငံက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားတင်းမာမှုတွေရှိနေချိန်မှာပဲ အီရန်က အစ္စရေးနိုင်ငံသား ပိုင် ကုန်စည်သင်္ဘောကိုတိုက်ခိုက်တဲ့သတင်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်ကဖြစ်ပွားခဲတဲ့ CMA CGM Symi ကုန်စည်သင်္ဘောတိုက်ခိုက်ခံရမှုဟာ ဒေသအတွင်း ပဋိပက္ခတွေ အထိ ဦးတည်လာမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရပါတယ်။ မော်လ်တာ နိုင်ငံအလံလွှင့်ထူထားပြီး အစ္စရေး နိုင်ငံသားပိုင်ဆိုင်တဲ့ကုန်စည်သင်္ဘောဟာ ဗုံးများ တင်ဆောင်နိုင်တဲ့ Shahed-136 အမျိုးအစား ဒရုန်းနဲ့ တိုက်ခိုက်ခံ ရခြင်းဖြစ်ကြောင်း၊ ဒရုန်းပေါက်ကွဲခဲ့တဲ့အတွက် သင်္ဘောထိခိုက်ပျက်စီးခဲ့ပြီး သင်္ဘောသားများ ဒဏ်ရာရမှုမရှိခဲ့ ကြောင်း သိရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက "အဲဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင်နေ တယ်။ ကျွန်တော်တို့ဟာ အနီးကပ်စောင့်ကြည့်နေပါတယ်" လို့ ပြောပါတယ်။

အာရပ်ချန်နယ်တစ်ခုဖြစ်တဲ့ Al-Mayadeen က အစ္စရေးသင်္ဘောတစ်စီးဟာ အိန္ဒိယသမုဒ္ဒရာအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခံရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း ဟူသီလက်နက်ကိုင် အဖွဲ့ဟာ အစ္စရေးနိုင်ငံသား ပိုင်ဆိုင်တယ်ဆိုတဲ့သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့ဖူးကြောင်း သိရပါတယ်။

အစ္စရေးအစိုးရက အဲဒီသင်္ဘောဟာ အစ္စရေးပိုင်မဟုတ်သလို သင်္ဘောသားတွေထဲမှာလည်း အစ္စရေးနိုင်ငံသားတွေ မပါဝင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲဖြစ်လာခဲ့ပြီးနောက် ဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်လာခဲ့ရာ အစ္စရေးပိုင်ဆိုင်တဲ့အရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့ စီစဉ်လာနေကြောင်း သိရပါတယ်။

Zawgyi Version;
အစၥေရးႏိုင္ငံသား ဘီလ်ံနာတစ္ဦးပိုင္ဆိုင္တဲ့သေဘၤာကို အီရန္ႏိုင္ငံက ဒ႐ုန္းနဲ႔တိုက္ခိုက္ခဲ့
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၆

အိႏၵိယသမုဒၵရာအတြင္းရွိ အစၥေရးဘီလ်ံနာ ပိုင္ဆိုင္တဲ့ ကြန္တိန္နာသေဘၤာတစ္စင္းကို အီရန္ႏိုင္ငံက ဒ႐ုန္းနဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဂါဇာကမ္းေျမာင္ေဒသမွာ ဟားမက္စ္နဲ႔ အစၥေရးႏိုင္ငံၾကားတင္းမာမႈေတြရွိေနခ်ိန္မွာပဲ အီရန္က အစၥေရးႏိုင္ငံသား ပိုင္ ကုန္စည္သေဘၤာကိုတိုက္ခိုက္တဲ့သတင္း ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။
ႏိုဝင္ဘာ ၂၄ ရက္ကျဖစ္ပြားခဲတဲ့ CMA CGM Symi ကုန္စည္သေဘၤာတိုက္ခိုက္ခံရမႈဟာ ေဒသအတြင္း ပဋိပကၡေတြ အထိ ဦးတည္လာမွာကို စိုးရိမ္မႈျမင့္တက္ေနေၾကာင္း သိရပါတယ္။ ေမာ္လ္တာ ႏိုင္ငံအလံလႊင့္ထူထားၿပီး အစၥေရး ႏိုင္ငံသားပိုင္ဆိုင္တဲ့ကုန္စည္သေဘၤာဟာ ဗုံးမ်ား တင္ေဆာင္ႏိုင္တဲ့ Shahed-136 အမ်ိဳးအစား ဒ႐ုန္းနဲ႔ တိုက္ခိုက္ခံ ရျခင္းျဖစ္ေၾကာင္း၊ ဒ႐ုန္းေပါက္ကြဲခဲ့တဲ့အတြက္ သေဘၤာထိခိုက္ပ်က္စီးခဲ့ၿပီး သေဘၤာသားမ်ား ဒဏ္ရာရမႈမရွိခဲ့ ေၾကာင္း သိရပါတယ္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူတစ္ဦးက "အဲဒီတိုက္ခိုက္မႈေနာက္ကြယ္မွာ အီရန္ႏိုင္ငံ ပါဝင္ေန တယ္။ ကြၽန္ေတာ္တို႔ဟာ အနီးကပ္ေစာင့္ၾကည့္ေနပါတယ္" လို႔ ေျပာပါတယ္။

အာရပ္ခ်န္နယ္တစ္ခုျဖစ္တဲ့ Al-Mayadeen က အစၥေရးသေဘၤာတစ္စီးဟာ အိႏၵိယသမုဒၵရာအတြင္း ပစ္မွတ္ထား တိုက္ခိုက္ခံရေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းကလည္း ဟူသီလက္နက္ကိုင္ အဖြဲ႕ဟာ အစၥေရးႏိုင္ငံသား ပိုင္ဆိုင္တယ္ဆိုတဲ့သေဘၤာတစ္စီးကို ဖမ္းဆီးခဲ့ဖူးေၾကာင္း သိရပါတယ္။

အစၥေရးအစိုးရက အဲဒီသေဘၤာဟာ အစၥေရးပိုင္မဟုတ္သလို သေဘၤာသားေတြထဲမွာလည္း အစၥေရးႏိုင္ငံသားေတြ မပါဝင္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား တိုက္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ေဒသအတြင္း တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ရာ အစၥေရးပိုင္ဆိုင္တဲ့အရာေတြကို ပစ္မွတ္ထားတိုက္ခိုက္ဖို႔ ေဒသအတြင္း လက္နက္ကိုင္အဖြဲ႕ စီစဥ္လာေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.