MNDAA ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့ကို ကျူးကျော်တိုက်ခိုက်လာသည့်အတွက် တပ်မတော်က လေကြောင်းပစ်ကူဖြင့် တန်ပြန်ပစ်ခတ်
25374
မြူနစ် (NP News) - နိုဝင်ဘာ ၂၆
MNDAA ဦးဆောင်သော ရှမ်းမြောက်မဟာမိတ် ၃ ဖွဲ့သည် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နှင့်အနီးတစ်ဝိုက်သို့ ကျူးကျော်တိုက်ခိုက်မှုများပြုလုပ်လာသဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူများဖြင့် တန်ပြန် တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းမှစ၍ လောက်ကိုင်မြို့နှင့်တစ်ဝိုက်တွင် တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း မြို့ခံများ ထံမှ သိရသည်။
တိုက်ပွဲများသည် လောက်ကိုင်မြို့သစ်ဟု ခေါ်ဆိုလေ့ရှိသော တုန်ချိန်ဒေသ နှင့် လောက်ကိုင်မြို့အတွင်း နေရာ အချို့တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
“တုန်ချိန်မှာက အခုရက်ပိုင်း နေ့တိုင်းလိုလို ဖြစ်နေတာ။ ဒီနေ့လည်း ဆက်ဖြစ်နေတယ်။ တော်တော်ပြင်းထန်တဲ့ သဘောရှိတယ်။ လေယာဉ်နဲ့ပစ်တာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေ တွေ့နေရတယ်။ အသံပေါင်းစုံကိုကြား နေတယ်။ လောက်ကိုင်မြို့ထဲမှာလည်း ပစ်ခတ်မှုတာတွေ ဖြစ်ပွားသေးတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
လောင်ကိုင်မြို့နှင့်တစ်ဝိုက်သို့ ချဉ်းကပ်လာသော MNDAA ပူးပေါင်းအဖွဲ့များကို တပ်မတော်လုံခြုံရေးအဖွဲ့က တိုက်ထုတ်လျက်ရှိပြီး လေကြောင်းပစ်ကူများပါ အသုံးပြု၍ တန်ပြန်ချေမှုန်းလျက်ရှိကြောင်း သိရသည်။
MNDAA ဦးဆောင်သော TNLA၊ AA မဟာမိတ်လက်နက်ကိုင်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ (၁ဝ၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
လက်ရှိအခြေအနေတွင် တပ်မတော်၏ လုံခြုံရေးစခန်း (၁ဝဝ)ကျော်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်းလည်း MNDAA ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
ထို့ပြင် မကြာခင်အချိန်တွင်လည်း လောက်ကိုင်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း MNDAA က အသိပေးထားသည်ကို တွေ့ရသည်။
ထိုသို့ လောက်ကိုင်မြို့အား တိုက်ခိုက်မည့်ဟု ကြွေးကြော်ထားမှုကြောင့် လောင်ကိုင်မြို့၌ အလုပ်လာရောက် လုပ်ကိုင်သူများ အပါအဝင် မြို့ခံအချို့သည် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေမှုများရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများ၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ကာ တိမ်းရှောင်နေရလျက်ရှိသည့်အပြင် မြန်မာ-တရုတ်နယ်စပ် BP-125 အနီးတွင် ဖွင့်လှစ်ထားသော စစ်ရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ (၄ဝဝဝဝ)နီးအထိ တိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ မြန်မာ-တရုတ်နယ်စပ် BP-127 အနီးရှိ နယ်စပ်စည်းမျဉ်း၌ စစ်ဘေးရှောင်နေသော လောက်ကိုင်မြို့မှ စစ်ဘေးရှောင်များသည် တရုတ်လုံခြုံရေးအဖွဲ့၏ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်နှင်ထုတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်အများစုသည် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါး အပါအဝင် လိုအပ်ချက်များစွာဖြင့် ရှင်သန် ရပ်တည်နေရလျက်ရှိကြောင်း သိရသည်။
Zawgyi Version;
MNDAA ပူးေပါင္းအဖြဲ႕က ေလာက္ကိုင္ၿမိဳ႕ကို က်ဴးေက်ာ္တိုက္ခိုက္လာသည့္အတြက္ တပ္မေတာ္က ေလေၾကာင္းပစ္ကူျဖင့္ တန္ျပန္ပစ္ခတ္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၆
MNDAA ဦးေဆာင္ေသာ ရွမ္းေျမာက္မဟာမိတ္ ၃ ဖြဲ႕သည္ ရွမ္းျပည္နယ္၊ ေလာက္ကိုင္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္သို႔ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားျပဳလုပ္လာသျဖင့္ တပ္မေတာ္ဘက္မွ ေလေၾကာင္းပစ္ကူမ်ားျဖင့္ တန္ျပန္ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းမွစ၍ ေလာက္ကိုင္ၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ တပ္မေတာ္ႏွင့္ MNDAA ပူးေပါင္းအဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ယေန႔(ႏိုဝင္ဘာ ၂၆ ရက္)တြင္လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနေၾကာင္း ၿမိဳ႕ခံမ်ား ထံမွ သိရသည္။
တိုက္ပြဲမ်ားသည္ ေလာက္ကိုင္ၿမိဳ႕သစ္ဟု ေခၚဆိုေလ့ရွိေသာ တုန္ခ်ိန္ေဒသ ႏွင့္ ေလာက္ကိုင္ၿမိဳ႕အတြင္း ေနရာ အခ်ိဳ႕တြင္ ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း သိရသည္။
“တုန္ခ်ိန္မွာက အခုရက္ပိုင္း ေန႔တိုင္းလိုလို ျဖစ္ေနတာ။ ဒီေန႔လည္း ဆက္ျဖစ္ေနတယ္။ ေတာ္ေတာ္ျပင္းထန္တဲ့ သေဘာရွိတယ္။ ေလယာဥ္နဲ႔ပစ္တာေတြ၊ လက္နက္ႀကီးနဲ႔ပစ္တာေတြ ေတြ႕ေနရတယ္။ အသံေပါင္းစုံကိုၾကား ေနတယ္။ ေလာက္ကိုင္ၿမိဳ႕ထဲမွာလည္း ပစ္ခတ္မႈတာေတြ ျဖစ္ပြားေသးတယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
ေလာင္ကိုင္ၿမိဳ႕ႏွင့္တစ္ဝိုက္သို႔ ခ်ဥ္းကပ္လာေသာ MNDAA ပူးေပါင္းအဖြဲ႕မ်ားကို တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က တိုက္ထုတ္လ်က္ရွိၿပီး ေလေၾကာင္းပစ္ကူမ်ားပါ အသုံးျပဳ၍ တန္ျပန္ေခ်မႈန္းလ်က္ရွိေၾကာင္း သိရသည္။
MNDAA ဦးေဆာင္ေသာ TNLA၊ AA မဟာမိတ္လက္နက္ကိုင္(၃)ဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာ ၂၇ ရက္မွ စတင္ကာ (၁ဝ၂၇ စစ္ဆင္ေရး) အမည္ျဖင့္ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းရွိ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။
လက္ရွိအေျခအေနတြင္ တပ္မေတာ္၏ လုံၿခဳံေရးစခန္း (၁ဝဝ)ေက်ာ္ကို သိမ္းပိုက္ရရွိထားၿပီးျဖစ္ေၾကာင္းလည္း MNDAA ဘက္က ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။
ထို႔ျပင္ မၾကာခင္အခ်ိန္တြင္လည္း ေလာက္ကိုင္ၿမိဳ႕သိမ္းတိုက္ပြဲကို ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း MNDAA က အသိေပးထားသည္ကို ေတြ႕ရသည္။
ထိုသို႔ ေလာက္ကိုင္ၿမိဳ႕အား တိုက္ခိုက္မည့္ဟု ေႂကြးေၾကာ္ထားမႈေၾကာင့္ ေလာင္ကိုင္ၿမိဳ႕၌ အလုပ္လာေရာက္ လုပ္ကိုင္သူမ်ား အပါအဝင္ ၿမိဳ႕ခံအခ်ိဳ႕သည္ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနမႈမ်ားရွိေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းေဒသမ်ား၌ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူအမ်ားအျပား ေနရပ္စြန႔္ကာ တိမ္းေရွာင္ေနရလ်က္ရွိသည့္အျပင္ ျမန္မာ-တ႐ုတ္နယ္စပ္ BP-125 အနီးတြင္ ဖြင့္လွစ္ထားေသာ စစ္ေရွာင္စခန္း၌ စစ္ေဘးေရွာင္ဦးေရ (၄ဝဝဝဝ)နီးအထိ တိမ္းေရွာင္ေနရေၾကာင္း သိရသည္။
အလားတူ ျမန္မာ-တ႐ုတ္နယ္စပ္ BP-127 အနီးရွိ နယ္စပ္စည္းမ်ဥ္း၌ စစ္ေဘးေရွာင္ေနေသာ ေလာက္ကိုင္ၿမိဳ႕မွ စစ္ေဘးေရွာင္မ်ားသည္ တ႐ုတ္လုံၿခဳံေရးအဖြဲ႕၏ မ်က္ရည္ယိုဗုံးျဖင့္ ပစ္ခတ္ႏွင္ထုတ္ျခင္းကို ခံခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္ စစ္ေဘးေရွာင္အမ်ားစုသည္ စားနပ္ရိကၡာ၊ ေသာက္သုံးေရ၊ ေဆးဝါး အပါအဝင္ လိုအပ္ခ်က္မ်ားစြာျဖင့္ ရွင္သန္ ရပ္တည္ေနရလ်က္ရွိေၾကာင္း သိရသည္။