တောင်ခမ်း တန်ပြန်ထိုးစစ် အောင်မြင်နေပြီး နောင်ချိုမြို့ကို မကြာခင်ပြန်လည်ရရှိမည်ဟု မျှော်မှန်း

 90

သုတကျော် (NP News) - နိုဝင်ဘာ ၁၇
တောင်ခမ်းက တန်ပြန်ထိုးစစ်အောင်မြင်နေပြီး မကြာမီကာလတွင် အရေးပါသော နောင်ချိုမြို့ ကို ပြန်လည်ရရှိ မည်ဟု မျှော်မှန်းကြောင်း တပ်မတော် နှင့်နီးစပ်သော သတင်းရင်းမြစ်နှင့် ဒေသခံအရပ်ဘက် သတင်းရင်းမြစ်အချို့ထံ Np News က မေးမြန်းထားသောအချက်အလက်များ အရ သိရသည်။
လက်ရှိကာလ တောင်ခမ်း တန်ပြန်ထိုးစစ်တွင် TNLA ပူးပေါင်းအဖွဲ့ကို တပ်မတော်မှ နှစ်ဖက် ညှပ် ကာ ထိုးစစ်ဆင်တိုက်ခိုက်နေရာတွင် အောင်မြင်မှုများ ရနေခြင်းဖြစ်ပြီး ထိုးစစ်မြားဦးမှာလည်း ထင်ထားသည်ထက် ရှေ့သို့ ပိုမိုရောက်ရှိနေကြောင်း သိရသည်။ TNLA ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့တွင် မူလက အထိုင်ချကာ တောင်ခမ်းကို ထိုးစစ်ဆင် နေခဲ့ခြင်းဖြစ်သော်လည်း ရက်ပေါင်း (၉၀) ကျော် အထိ သိမ်းနိုင် ခြင်း မရှိခဲ့ဘဲ လက်ရှိတွင် တပ်မတော်၏ တန်ပြန်ထိုးစစ်ကို ပြန်လည်ရင်ဆိုင်နေရခြင်း ဖြစ်သည်။ “စစ်ကြောင်းက ရန်သူကို ရှေ့က တစ်ဖွဲ့ နောက်က တစ်ဖွဲ့အလယ်က ရန်သူကို ဖြတ်ထိုးနေတာ။ အခြေအနေက ကောင်းတယ်။ အခြေအနေ ကောင်းတော့ ဒီကောင်တွေက တန်ပြန်ထိုးစစ်ကို ကြောက် တယ်။ ခဲယမ်းလည်း သူတို့ဘက်က ရှား နေ ပြီ” ဟု အထက်ပါ တပ်မတော်နှင့် နီးစပ်သော သတင်းရင်း မြစ်က ဆိုသည်။ TNLA များ အထိနာလာပြီးနောက် ၎င်းတို့ထဲမှ သုံးဦး တပ်မတော် ထံအလင်းဝင်လာခဲ့ပြီး အခြားသူများလည်း အလင်းဝင်လာဖွယ် ရှိနေကြောင်းလည်း ၎င်းက အတိအကျ ဆိုသည်။ “စစ်မတိုက်ချင် ဘူး။ ကလေးတွေပေါ့ သူတို့က မတိုက်ချင်ဘူး။ ထပ်လည်း အလင်းဝင်ဖို့ အလားအလာရှိတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် လက်ရှိ အနေအထားအရ TNLA ကို လက်မခံနိုင်သည့် ပြည်သူများက တပ်မတော်ကို သတင်း အတိအကျပေးသည့်အတွက် တပ်မတော် အနေဖြင့် ပြည်သူအားကို ရရှိနေကြောင်းလည်း ၎င်း က ဆိုသည်။ “ ပလောင်တွေက ခံစစ်ဖြစ်သွားတယ်။ ဒီဘက်က ထိုးစစ်ဆင်တယ်။ ဒေသခံတွေရဲ့ သတင်း ပေး ချက်တွေလည်းရှိတော့ လျင်လျင်မြန်မြန်နဲ့ နောင်ချိုက မကြာခင် ပြန်သိမ်းနိုင်မယ့် အနေအထား တစ်ခု တော့ ရှိနေပါပြီ။ နောင်ချိုမြို့ပေါ်မှာ ပလောင်က မရှိ တော့ဘူး။ ဓနု PDF နဲ့ မန္တလေး PDF တွေကို အရပ် သားဝတ်တွေနဲ့ ထားထားတယ်။ သူတို့ အုပ်ချုပ်သူ အကြီးအကဲတော့ (ပလောင်) ရှိတယ်။ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို တပ်မတော်က လေ ကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ အဲဒီဆိုင်က စက်တင် ဘာလတည်းက ဟိုဘက်နဲ့ ဆက်သွယ်တယ်။ သူတို့ လိုအပ်တဲ့ စက်သုံးဆီတွေကို ပေးတယ်ပေါ့။ ဟိုဘက် အားပေးပေါ့။ အဲဒီနေ့ကလည်း TNLA အောင်ပွဲ ကျင်းပတယ် ဆိုပါစို့။ အဲဒီအချိန်မှာ ဗုံးချလိုက်တာ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းဒေသခံ တစ်ဦးက ဆို သည်။

Related news

© 2021. All rights reserved.