ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ အီလွန်မတ်စ်ကို ဥရောပတိုက်၏ အချမ်းသာဆုံး သူဋ္ဌေးကြီး တရားစွဲ

 127

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၇

ဥရောပ၏ အချမ်းသာဆုံးသူဋ္ဌေးကြီးသည် ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီး အီလွန်မတ်စ်ကို တရားစွဲ လိုက်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံတွင် မီဒီယာလုပ်ငန်းအများအပြား ပိုင်ဆိုင်ထားသော ဘီလျံနာ ဘာနက်အာနိုးက အီလွန်မတ်စ် ပိုင်ဆိုင်ထားသည့် ကမ္ဘာကျော်လူမှုကွန်ရက်ဖြစ်သည့် X တွင် ၎င်းတို့ မီဒီယာမှ ရေးသားသော သတင်းအကြောင်းအရာ များကို ဖြန့်ဝေခြင်းများရှိနေသော်လည်း အခကြေးငွေ တစ်စုံတစ်ရာပေးခြင်းမျိုးမရှိကြောင်း၊ အခကြေးငွေ မပေးသည့် အတွက် တရားစွဲခြင်းဖြစ်ကြောင်း ပြောသည်။

ဇိမ်ခံအိမ်ရာလုပ်ငန်းလုပ်ကိုင်သည့် သူဋ္ဌေးကြီးအာနိုး ပိုင်ဆိုင်ထားသောလုပ်ငန်းများထဲတွင် ပြင်သစ် နာမည်ကျော် သတင်းဌာနများဖြစ်သည့် Les Echos နှင့် Le Parisien တို့က လက်ရှိအချိန်တွင် အီလွန်မတ်စ်ကို တရားစွဲခြင်းဖြစ်ပြီး အခြားသတင်းဌာနများဖြစ်သော Le Monde သတင်းဌာန၊ Le Figaro သတင်းဌာန၊ Telerama သတင်းဌာန၊ Courrier International သတင်းဌာန၊Huffi ngton Post သတင်းဌာန၊ Malesherbes Public- ations သတင်းဌာနနှင့် Le Nouvel Obs သတင်းဌာနတို့ကလည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အီလွန်မတ်စ်အပေါ် တရားစွဲဆိုခြင်းကို ထောက်ခံအားပေးခဲ့ကြောင်း သိရသည်။

အာနိုးသည် ဥရောပတိုက်တွင်အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သကဲ့သို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းတွင် အဆင့်(၅)နေရာတွင်ရှိနေကာ အမေရိကန်ဒေါ်လာ(၁၅၆)ဘီလျံ ကြွယ်ဝချမ်းသာသည်ဟု ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ဖော်ပြထားသည်။ အီလွန်မတ်စ်သည် အမေရိကန်ဒေါ်လာ (၃၀၈) ဘီလျံ ကြွယ်ဝချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် များ စာရင်းတွင်နံပါတ် (၁) နေရာတွင် ရှိနေသည်။ ပြင်သစ်မီဒီယာများက အီလွန်မတ်စ်ပိုင်ဆိုင်ထားသော X လူမူကွန်ရက်သည် အသံလွှင့်မှုနှင့်သတင်းအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောသည်။
ထို့ပြင် အေအက်ဖ်ပီသတင်းဌာနကလည်း X လူမှုကွန်ရက်ကို ၎င်းတို့၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဒေတာအချက် အလက်များ ဖော်ပြခြင်းများရှိခဲ့သည့်အတွက် တရားစွဲခဲ့ကြောင်း သိရသည်။

X လူမှုကွန်ရက်ကမူ ၎င်းတို့လူမူကွန်ရက်တွင်တင်သည့်အကြောင်းအရာများသည် ကုမ္ပဏီက တင်ခြင်းမျိုး မဟုတ်ဘဲ လူမူကွန်ရက်ကို အသုံးပြုသူများက ပြန်လည်မျှဝေတင်ခြင်းသာဖြစ်ကြောင်း မတ်လအတွင်းက တုံ့ပြန်ခဲ့ဖူး သည်။ X သည် ပြင်သစ်မီဒီယာများ၏ တရားစွဲမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ အီလွန်မတ်သည် အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ကို အနိုင်ရစေရန် များစွာပံ့ပိုးကူညီပေးသည့်အတွက် ဒေါ်နယ်ထရမ့်ဦးဆောင်မည့် အစိုးရအဖွဲ့အသစ်တွင် အစိုးရဌာနအသစ်တစ်ခု၏ အကြီးအကဲ တာဝန်ယူဖွယ်ရှိနေ ကြောင်း သိရသည်။

Related news

© 2021. All rights reserved.