အီရန်အမျိုးသမီးဖိုက်တာကို အနိုင်ယူပြီး ထိုင်းမွေထိုင်းပြိုင်ပွဲမှာ ၁၅ ပွဲဆက်တိုက် အနိုင်ရယူနိုင်ခဲ့သူ ဘရော်နီကာ

 2509

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၇

ထိုင်းမွေထိုင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံသား ကယန်း အမျိုးသမီးဖိုက်တာတစ်ဦးဖြစ်တဲ့ ဘရော်နီကာဟာ နိုဝင်ဘာ ၂၆ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အနိုင်ရပြီးနောက် ၁၅ ပွဲ ဆက်တိုက် အနိုင်ရ ရှိသူ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ဘရော်နီကာ ဟာ နိုဝင်ဘာ ၂၆ ရက်က Thai Fight: Bang Kachao ပွဲစဉ်မှာ အီရန်နိုင်ငံသူ ဖိုက်တာတစ်ဦးဖြစ်တဲ့ Zahra Shokouhi နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ လက်ရည်အသာနဲ့ ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့တဲ့အတွက် အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ ဘရော်နီကာ ဟာ မြန်မာလက်ဝှေ့ပြိုင်ပွဲတွေကိုလည်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသူဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလဖြစ်ပွားချိန်မှာ ထိုင်းနိုင်ငံ မွေထိုင်းလက်ဝှေ့ပြိုင်ပွဲကို ပြောင်းရွှေ့ယှဉ်ပြိုင်ခဲ့သူဖြစ် ပါတယ်။

မွေထိုင်းလက်ဝှေ့ပြိုင်ပွဲကျင်းပရေးအဖွဲ့ဖြစ်တဲ့ Thai Fight ဟာ ဘရော်နီကာကို လာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ဘရော်နီကာ ဟာ ထိုင်းမွေထိုင်းပြိုင်ပွဲကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီပြိုင်ပွဲမှာ Dangkongfah Smartheartpowerpackgirl အမည်ရှိ ထိုင်းအမျိုးသမီး ဖိုက်တာကို ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

ဘရော်နီကာ အဲဒီပွဲစဉ် ရှုံးနိမ့်ပြီးနောက်ပိုင်းကတည်းက ထပ်မံယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းမွေထိုင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိခဲ့ဘဲ ၁၅ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ဘရော်နီကာဟာ ထိုင်းမွေထိုင်းပွဲစဉ်တွေကို ယှဉ်ပြိုင်ချိန်အတွင်း ထိုင်း၊ ဘရာဇီး၊အီရန်၊ အီတလီ၊ဂရိ၊ အာဂျင်တီးနား၊ ဗီယက်နမ်နိုင်ငံတို့ရဲ့အမျိုးသမီးဖိုက်တာတွေကို အနိုင်ရယူခဲ့တာဖြစ်ပါတယ်။

ဘရော်နီကာ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်မှာ ထိုင်းဖိုက်တာ Phayasingha Sor.Sommit နဲ့ ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
အီရန္အမ်ိဳးသမီးဖိုက္တာကို အႏိုင္ယူၿပီး ထိုင္းေမြထိုင္းၿပိဳင္ပြဲမွာ ၁၅ ပြဲဆက္တိုက္ အႏိုင္ရယူႏိုင္ခဲ့သူ ဘေရာ္နီကာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၇

ထိုင္းေမြထိုင္းၿပိဳင္ပြဲေတြမွာ ယွဥ္ၿပိဳင္ေနတဲ့ ျမန္မာႏိုင္ငံသား ကယန္း အမ်ိဳးသမီးဖိုက္တာတစ္ဦးျဖစ္တဲ့ ဘေရာ္နီကာဟာ ႏိုဝင္ဘာ ၂၆ ရက္က ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တဲ့ပြဲစဥ္မွာ အႏိုင္ရၿပီးေနာက္ ၁၅ ပြဲ ဆက္တိုက္ အႏိုင္ရ ရွိသူ ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

ဘေရာ္နီကာ ဟာ ႏိုဝင္ဘာ ၂၆ ရက္က Thai Fight: Bang Kachao ပြဲစဥ္မွာ အီရန္ႏိုင္ငံသူ ဖိုက္တာတစ္ဦးျဖစ္တဲ့ Zahra Shokouhi နဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ လက္ရည္အသာနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ႏိုင္ခဲ့တဲ့အတြက္ အမွတ္နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ရွိ ဘေရာ္နီကာ ဟာ ျမန္မာလက္ေဝွ႔ၿပိဳင္ပြဲေတြကိုလည္း ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ဖူးသူျဖစ္ၿပီး၊ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါကာလျဖစ္ပြားခ်ိန္မွာ ထိုင္းႏိုင္ငံ ေမြထိုင္းလက္ေဝွ႔ၿပိဳင္ပြဲကို ေျပာင္းေ႐ႊ႕ယွဥ္ၿပိဳင္ခဲ့သူျဖစ္ ပါတယ္။

ေမြထိုင္းလက္ေဝွ႔ၿပိဳင္ပြဲက်င္းပေရးအဖြဲ႕ျဖစ္တဲ့ Thai Fight ဟာ ဘေရာ္နီကာကို လာေရာက္ယွဥ္ၿပိဳင္ဖို႔ ဖိတ္ေခၚခဲ့ၿပီး သုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရပါတယ္။ ဘေရာ္နီကာ ဟာ ထိုင္းေမြထိုင္းၿပိဳင္ပြဲကို ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ ၈ ရက္ေန႔မွ စတင္ယွဥ္ၿပိဳင္ခဲ့ၿပီး အဲဒီၿပိဳင္ပြဲမွာ Dangkongfah Smartheartpowerpackgirl အမည္ရွိ ထိုင္းအမ်ိဳးသမီး ဖိုက္တာကို ရႈံးနိမ့္ခဲ့ေၾကာင္း သိရပါတယ္။

ဘေရာ္နီကာ အဲဒီပြဲစဥ္ ရႈံးနိမ့္ၿပီးေနာက္ပိုင္းကတည္းက ထပ္မံယွဥ္ၿပိဳင္ခဲ့တဲ့ ထိုင္းေမြထိုင္းပြဲစဥ္ေတြမွာ ရႈံးပြဲမရွိခဲ့ဘဲ ၁၅ ပြဲဆက္တိုက္ ႏိုင္ပြဲရယူႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ဘေရာ္နီကာဟာ ထိုင္းေမြထိုင္းပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ခ်ိန္အတြင္း ထိုင္း၊ ဘရာဇီး၊အီရန္၊ အီတလီ၊ဂရိ၊ အာဂ်င္တီးနား၊ ဗီယက္နမ္ႏိုင္ငံတို႔ရဲ႕အမ်ိဳးသမီးဖိုက္တာေတြကို အႏိုင္ရယူခဲ့တာျဖစ္ပါတယ္။

ဘေရာ္နီကာ လာမယ့္ ဒီဇင္ဘာလ ၂၄ ရက္မွာ ထိုင္းဖိုက္တာ Phayasingha Sor.Sommit နဲ႔ ဆက္လက္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.