AFC Cup အုပ်စုပွဲစဉ်တွင် ဩစတြေးလျကလပ် မာကာသာ FC အသင်းကို ရှမ်းယူနိုက်တက်အသင်းက ဂိုးပြတ်ရှုံးနိမ့်ခဲ့

 1684

NP News - နိုဝင်ဘာ ၃၀

အာရှဖလား (AFC Cup)အုပ်စုပွဲစဉ်တွင် ဩစတြေးလျ ကလပ် မာကာသာ FC အသင်းအား ရှမ်းယူနိုက်တက်အသင်းမှ ၄ဂိုး-ဂိုးမရှိရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းနှင့် မာကာသာ FC အသင်းတို့သည့် ယနေ့(နိုဝင်ဘာလ ၃၀ ရက်) မွန်းလွဲ ၂နာရီခွဲက ထိုင်းနိုင်ငံရှိ BG PATHUM Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ရှမ်းယူနိုက်တက်အသင်းတွင် ဂိုး-ကျော်ဇင်ဖြိုး၊ ဇွဲထက်မင်း၊ ဇွဲခန့်မင်း၊ ရဲမင်းသူ၊ ထက်သီဟဇော်၊ ဇင်ဖြိုးအောင်၊ MARK၊ နန္ဒကျော်၊ ထက်ဖြိုးဝေ၊ ရဲရင့်အောင် နှင့် MOTO တို့ပွဲထွက်ပါဝင်ကြပြီး ပြိုင်ဘက် မာကာသာ FC အသင်းကို (4-4-2)ပုံစံဖြင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အဓိကစားသမားများ ပါဝင်လာခဲ့သော်လည်း ပွဲကစားချိန် ၄၆ မိနစ်မှစတင်ကာ ပြိုင်ဘက် မာကာသာ FC အသင်းအား အဖွင့်ဂိုးစတင်ခွင့်ပြုပေးခဲ့ရပြီး ပွဲပြီးဆုံးချိန်၌ ၄ဂိုး-ဂိုးမရှိဆိုသောရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အုပ်စု F ၌ ၅ ပွဲကစားထားပြီး ၄ ပွဲရှုံးနိမ့်ကာ တစ်ပွဲသရေဖြင့် ရမှတ် တစ်မှတ်ရရှိပြီး ပြိုင်ပွဲမှထွက်ခွါဖွယ်ရှိနေသည်။

zawgyi version
AFC Cup အုပ္စုပြဲစဥ္တြင္ ဩစေၾတးလ်ကလပ္ မာကာသာ FC အသင္းကို ရွမ္းယူႏိုက္တက္အသင္းက ဂိုးျပတ္ရႈံးနိမ့္ခဲ့

NP News - ႏိုဝင္ဘာ ၃၀

အာရွဖလား (AFC Cup)အုပ္စုပြဲစဥ္တြင္ ဩစေၾတးလ် ကလပ္ မာကာသာ FC အသင္းအား ရွမ္းယူႏိုက္တက္အသင္းမွ ၄ဂိုး-ဂိုးမရွိရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့သည္။

ရွမ္းယူႏိုက္တက္အသင္းႏွင့္ မာကာသာ FC အသင္းတို႔သည့္ ယေန႔(ႏိုဝင္ဘာလ ၃၀ ရက္) မြန္းလြဲ ၂နာရီခြဲက ထိုင္းႏိုင္ငံရွိ BG PATHUM Stadium တြင္ ယွဥ္ၿပိဳင္ကစားခဲ့ၾကသည္။

ရွမ္းယူႏိုက္တက္အသင္းတြင္ ဂိုး-ေက်ာ္ဇင္ၿဖိဳး၊ ဇြဲထက္မင္း၊ ဇြဲခန႔္မင္း၊ ရဲမင္းသူ၊ ထက္သီဟေဇာ္၊ ဇင္ၿဖိဳးေအာင္၊ MARK၊ နႏၵေက်ာ္၊ ထက္ၿဖိဳးေဝ၊ ရဲရင့္ေအာင္ ႏွင့္ MOTO တို႔ပြဲထြက္ပါဝင္ၾကၿပီး ၿပိဳင္ဘက္ မာကာသာ FC အသင္းကို (4-4-2)ပုံစံျဖင့္ ယွဥ္ၿပိဳင္ခဲ့ျခင္း ျဖစ္သည္။

ရွမ္းယူႏိုက္တက္အသင္းသည္ အဓိကစားသမားမ်ား ပါဝင္လာခဲ့ေသာ္လည္း ပြဲကစားခ်ိန္ ၄၆ မိနစ္မွစတင္ကာ ၿပိဳင္ဘက္ မာကာသာ FC အသင္းအား အဖြင့္ဂိုးစတင္ခြင့္ျပဳေပးခဲ့ရၿပီး ပြဲၿပီးဆုံးခ်ိန္၌ ၄ဂိုး-ဂိုးမရွိဆိုေသာရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

ရွမ္းယူႏိုက္တက္အသင္းသည္ AFC Cup အုပ္စု F ၌ ၅ ပြဲကစားထားၿပီး ၄ ပြဲရႈံးနိမ့္ကာ တစ္ပြဲသေရျဖင့္ ရမွတ္ တစ္မွတ္ရရွိၿပီး ၿပိဳင္ပြဲမွထြက္ခြါဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.