အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၇၄၀)ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၃)ခုကို MIC ခွင့်ပြုပေး

 616

ယွန်း (NP News) - ဒီဇင်ဘာ ၂

အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၇၄၀)ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၃)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၁)ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး၌ အထက်ပါကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ခွင့်ပြုခဲ့သည့် လုပ်ငန်းသစ်(၃)ခုသည် စက်မှုကဏ္ဍ နှင့် စိုက်ပျိုးရေးကဏ္ဍတို့မှဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၀ ဒသမ ၁၈၀) သန်း နှင့် ငွေကျပ် (၃၁)ဘီလျံကျော်ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၇၄၄)ခု ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း(၅၂)ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများသည် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးကဏ္ဍ(၁၂)ခုအနက် အများဆုံးရင်းနှီးမြှုပ်ထားသည့် ကဏ္ဍများသည် စွမ်း အင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၈ ဒသမ ၄၉)ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၄ ဒသမ ၄၄)ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၃၉)ရာခိုင်နှုန်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် လက်ရှိ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင် မှုများကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၇၄၀)ေက်ာ္ ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္(၃)ခုကို MIC ခြင့္ျပဳေပး
ယြန္း (NP News) - ဒီဇင္ဘာ ၂

အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၇၄၀)ေက်ာ္ ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္(၃)ခုကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ (MIC)က ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ(၁)ရက္က က်င္းပခဲ့သည့္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အစည္းအေဝး၌ အထက္ပါကဲ့သို႔ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ခြင့္ျပဳခဲ့သည့္ လုပ္ငန္းသစ္(၃)ခုသည္ စက္မႈက႑ ႏွင့္ စိုက္ပ်ိဳးေရးက႑တို႔မွျဖစ္ေၾကာင္း သိရသည္။

အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏသည္ အေမရိကန္ေဒၚလာ (၀ ဒသမ ၁၈၀) သန္း ႏွင့္ ေငြက်ပ္ (၃၁)ဘီလ်ံေက်ာ္ျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္းေပါင္း (၇၄၄)ခု ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလကုန္အထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံ၊ ေဒသေပါင္း(၅၂)ခုအနက္ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံမ်ားသည္ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ ႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ စီးပြားေရးက႑(၁၂)ခုအနက္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ထားသည့္ က႑မ်ားသည္ စြမ္း အင္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၈ ဒသမ ၄၉)ရာခိုင္ႏႈန္း၊ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၄ ဒသမ ၄၄)ရာခိုင္ႏႈန္း၊ စက္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၁၄ ဒသမ ၃၉)ရာခိုင္ႏႈန္း အသီးသီးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အေနျဖင့္ ျပည္တြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံသူမ်ားက တင္ျပလာသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈအဆိုျပဳလႊာမ်ားအား စိစစ္ခြင့္ျပဳျခင္းကိုေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ လက္ရွိ ေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ဝန္ေဆာင္ မႈမ်ားကိုလည္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒႏွင့္အညီ ပံ့ပိုးကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.