ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ ဘုရား (၁၁) ဆူတွင် မိုးကြိုးလွှဲတပ်ဆင်မည်

 364

Pearl (NP News) - ဒီဇင်ဘာ ၂

ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ ဘုရား (၁၁) ဆူတွင် မိုးကြိုးလွှဲတပ်ဆင်မည်ဖြစ်ကြောင်း ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။

၎င်းက ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်)၊ နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပ‌သော ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ (၂/၂၀၂၃) အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဂံဒေသသည် ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၃၈၃၇ ဆူကို တစ်နေရာတည်းတွင် တွေ့ရသည့် မြန်မာတစ်မျိုးသားလုံး တန်ဖိုးမဖြတ်နိုင်သော တစ်ခုတည်းသောဒေသဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ထိုက်ထိုက်တန်တန် ရရှိထားသည့်ဒေသဖြစ်ပြီး နိုင်ငံတကာက အထူးစိတ်ဝင်စားသည့် ယဉ်ကျေးမှုအမွေအနှစ် နယ်မြေဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပုဂံနှင့်အနီးတစ်ဝိုက်လှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ် စုစုပေါင်း ၂၂ ကြိမ်ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းရေးစီမံဆောင်ရွက်နေသည့် သဗ္ဗညုဘုရားကြီး တစ်ဆူမှလွဲ၍ ကျန်သည့်ဘုရား ၃၈၈ ဆူကို ပထမအဆင့် ပြုပြင်ထိန်းသိမ်းပြီးဖြစ်ကြောင်း သိရသည်။

သဗ္ဗညုဘုရားကြီး၏ ကြံ့ခိုင်မှုအနေဖြင့် တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းထားသည့် အခြေအနေအတိုင်း ထပ်မံပြိုပျက်မှု၊ လှုပ်ရှားမှု၊ ထူးခြားမှုမရှိကြောင်းသိရပြီး ပထမအဆင့် အရေးပေါ် ထိန်းသိမ်းမှုသည်လည်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၁၆ ခုနှစ် ငလျင်ဒဏ်ခံ အထက်ပါ ရှေးဟောင်းအဆောက်အအုံများအပြင် ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် ရှေးဟောင်းအဆောက်အအုံ ၁၁၀ ဆူ ၊ ထိခိုက်ပျက်စီးနိုင်သည့် ၄၁ ဆူ၊ ၂၀၂၁ ခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်မှုရှိခဲ့သည့် အဆောက်အအုံ ၆၀ ဆူ၊ မိုခါမုန်တိုင်းအရှိန်ကြောင့် ထိခိုက်မှုရှိခဲ့သည့် (၅၉)ဆူတို့ကိုလည်း ပြုပြင်ထိန်းသိမ်းနိုင်ခဲ့ပြီး ရေဝပ်မှုဖြစ်ပေါ်ခဲ့သည့် ၁၅ ဆူကိုလည်း ထပ်မံရေဝပ်ခြင်းများ မဖြစ်ရန်လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

ထို့ပြင် မိုးကြိုးလျှပ်စီးကြောင့် ဘုရားစေတီများ ထိခိုက်မှုမရှိစေရန်အတွက် ပုဂံကမ္ဘာ့အမွေ အနှစ် ဒေသရှိ ဘုရား ၁၁ ဆူတွင် မိုးကြိုးလွှဲတပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တိုက်တွန်းပြောကြားထားသည်။

နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် တရုတ်နိုင်ငံအစိုးရက သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် မြန်မာအစိုးရနှင့် MoU ရေးထိုးခဲ့၍ စီမံကိန်းကာလ ကိုးနှစ်လျာထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ အိန္ဒိယနိုင်ငံ AS အဖွဲ့အနေဖြင့်လည်း ၂၀၁၈ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ၁၀ နှစ် စီမံကိန်းဖြင့် ရှေးဟောင်း အဆောက်အအုံပေါင်း ၉၂ ဆူ ပြုပြင်ထိန်းသိမ်းရန် (MoU) ရေးထိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ပုဂံကမာၻ႔အေမြအႏွစ္ ေဒသရွိ ဘုရား (၁၁) ဆူတြင္ မိုးႀကိဳးလႊဲတပ္ဆင္မည္
Pearl (NP News) - ဒီဇင္ဘာ ၂

ပုဂံကမာၻ႔အေမြအႏွစ္ ေဒသရွိ ဘုရား (၁၁) ဆူတြင္ မိုးႀကိဳးလႊဲတပ္ဆင္မည္ျဖစ္ေၾကာင္း ပုဂံကမာၻ႔အေမြအႏွစ္ေဒသရွိ ယဥ္ေက်းမႈအေမြအႏွစ္မ်ား ျပဳျပင္ထိန္းသိမ္းေရးဦးစီးေကာ္မတီ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ေျပာသည္။

၎က ယမန္ေန႔ (ဒီဇင္ဘာလ ၁ ရက္)၊ နံနက္ပိုင္းတြင္ ေနျပည္ေတာ္၌ က်င္းပ‌ေသာ ပုဂံကမာၻ႔အေမြအႏွစ္ေဒသရွိ ယဥ္ေက်းမႈအေမြအႏွစ္မ်ား ျပဳျပင္ထိန္းသိမ္းေရး ဦးစီးေကာ္မတီ (၂/၂၀၂၃) အစည္းအေဝး၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ပုဂံေဒသသည္ ေရွးေဟာင္းအေဆာက္အအုံ စုစုေပါင္း ၃၈၃၇ ဆူကို တစ္ေနရာတည္းတြင္ ေတြ႕ရသည့္ ျမန္မာတစ္မ်ိဳးသားလုံး တန္ဖိုးမျဖတ္ႏိုင္ေသာ တစ္ခုတည္းေသာေဒသျဖစ္သကဲ့သို႔ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ေဒသအျဖစ္ ထိုက္ထိုက္တန္တန္ ရရွိထားသည့္ေဒသျဖစ္ၿပီး ႏိုင္ငံတကာက အထူးစိတ္ဝင္စားသည့္ ယဥ္ေက်းမႈအေမြအႏွစ္ နယ္ေျမျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက ေျပာသည္။

၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂၄ ရက္တြင္လႈပ္ခတ္ခဲ့သည့္ ေျမငလ်င္ေၾကာင့္ ပုဂံေဒသရွိ ေရွးေဟာင္းအေဆာက္အအုံ ၃၈၉ ဆူ ထိခိုက္ပ်က္စီးခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္အတြင္း ပုဂံႏွင့္အနီးတစ္ဝိုက္လႈပ္ခတ္ခဲ့သည့္ ငလ်င္အႀကိမ္ စုစုေပါင္း ၂၂ ႀကိမ္ရွိခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံႏွင့္ပူးေပါင္း၍ ျပဳျပင္ထိန္းသိမ္းေရးစီမံေဆာင္႐ြက္ေနသည့္ သဗၺညဳဘုရားႀကီး တစ္ဆူမွလြဲ၍ က်န္သည့္ဘုရား ၃၈၈ ဆူကို ပထမအဆင့္ ျပဳျပင္ထိန္းသိမ္းၿပီးျဖစ္ေၾကာင္း သိရသည္။

သဗၺညဳဘုရားႀကီး၏ ႀကံ့ခိုင္မႈအေနျဖင့္ တ႐ုတ္ပညာရွင္အဖြဲ႕က ျပဳျပင္ထိန္းသိမ္းထားသည့္ အေျခအေနအတိုင္း ထပ္မံၿပိဳပ်က္မႈ၊ လႈပ္ရွားမႈ၊ ထူးျခားမႈမရွိေၾကာင္းသိရၿပီး ပထမအဆင့္ အေရးေပၚ ထိန္းသိမ္းမႈသည္လည္း ေဆာင္႐ြက္ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။

အလားတူ ၂၀၁၆ ခုႏွစ္ ငလ်င္ဒဏ္ခံ အထက္ပါ ေရွးေဟာင္းအေဆာက္အအုံမ်ားအျပင္ ျပဳျပင္ထိန္းသိမ္းရန္လိုအပ္သည့္ ေရွးေဟာင္းအေဆာက္အအုံ ၁၁၀ ဆူ ၊ ထိခိုက္ပ်က္စီးႏိုင္သည့္ ၄၁ ဆူ၊ ၂၀၂၁ ခုႏွစ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ထိခိုက္မႈရွိခဲ့သည့္ အေဆာက္အအုံ ၆၀ ဆူ၊ မိုခါမုန္တိုင္းအရွိန္ေၾကာင့္ ထိခိုက္မႈရွိခဲ့သည့္ (၅၉)ဆူတို႔ကိုလည္း ျပဳျပင္ထိန္းသိမ္းႏိုင္ခဲ့ၿပီး ေရဝပ္မႈျဖစ္ေပၚခဲ့သည့္ ၁၅ ဆူကိုလည္း ထပ္မံေရဝပ္ျခင္းမ်ား မျဖစ္ရန္လိုအပ္သည့္ ကာကြယ္ေရးလုပ္ငန္းမ်ားႏွင့္ ျပဳျပင္ထိန္းသိမ္းေရးမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက ေျပာသည္။

ထို႔ျပင္ မိုးႀကိဳးလွ်ပ္စီးေၾကာင့္ ဘုရားေစတီမ်ား ထိခိုက္မႈမရွိေစရန္အတြက္ ပုဂံကမာၻ႔အေမြ အႏွစ္ ေဒသရွိ ဘုရား ၁၁ ဆူတြင္ မိုးႀကိဳးလႊဲတပ္ဆင္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ျခင္းကို ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက တိုက္တြန္းေျပာၾကားထားသည္။

ႏိုင္ငံတကာပူးေပါင္း ေဆာင္႐ြက္မႈအေနျဖင့္ တ႐ုတ္ႏိုင္ငံအစိုးရက သဗၺညဳဘုရားႀကီး ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းေဆာင္႐ြက္ႏိုင္ရန္ ျမန္မာအစိုးရႏွင့္ MoU ေရးထိုးခဲ့၍ စီမံကိန္းကာလ ကိုးႏွစ္လ်ာထား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔အတူ အိႏၵိယႏိုင္ငံ AS အဖြဲ႕အေနျဖင့္လည္း ၂၀၁၈ ခုႏွစ္မွ ၂၀၂၈ ခုႏွစ္အထိ ၁၀ ႏွစ္ စီမံကိန္းျဖင့္ ေရွးေဟာင္း အေဆာက္အအုံေပါင္း ၉၂ ဆူ ျပဳျပင္ထိန္းသိမ္းရန္ (MoU) ေရးထိုးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.