ကျိုက်မရောမြို့တွင် ရေခဲသေတ္တာဝါယာရှော့ဖြစ်ရာမှ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

 354

သန့်ဇင် (NP News) - ဒီဇင်ဘာ ၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရေခဲသေတ္တာဝါယာရှော့ဖြစ်ရာမှ လူနေတိုက်အိမ်တစ်လုံး မီးလောင်ဆုံးရှုံး သွားခဲ့ကြောင်း ကျိုက်မရောမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့ (ဒီဇင်ဘာ ၃ ရက်)၊ နံနက် ၃ နာရီ ၁ဝ မိနစ်အချိန်တွင် ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


“ကျွန်တော်တို့ သိရတာတော့ နေအိမ်ထဲမှာရှိတဲ့ ရေခဲသေတ္တာဝါယာရှော့ဖြစ်ပြီးလောင်တာ။ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးတယ်။ လူထိခိုက်မှုတော့မရှိပါဘူး” ဟု ကျိုက်မရောမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် RC တစ်ထပ်တိုက်တစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး ၎င်းမီးလောင်မှုအား ကျိုက်မရော မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုက်ရာနှင့် ကျိုက်မရောမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
က်ိဳက္မေရာၿမိဳ႕တြင္ ေရခဲေသတၱာဝါယာေရွာ့ျဖစ္ရာမွ လူေနအိမ္တစ္လုံး မီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၃

မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္တြင္ ေရခဲေသတၱာဝါယာေရွာ့ျဖစ္ရာမွ လူေနတိုက္အိမ္တစ္လုံး မီးေလာင္ဆုံးရႈံး သြားခဲ့ေၾကာင္း က်ိဳက္မေရာၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔ (ဒီဇင္ဘာ ၃ ရက္)၊ နံနက္ ၃ နာရီ ၁ဝ မိနစ္အခ်ိန္တြင္ က်ိဳက္မေရာၿမိဳ႕နယ္၊ ေရတြင္းကုန္း ေက်း႐ြာအုပ္စု၊ ေရတြင္းကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။


“ကြၽန္ေတာ္တို႔ သိရတာေတာ့ ေနအိမ္ထဲမွာရွိတဲ့ ေရခဲေသတၱာဝါယာေရွာ့ျဖစ္ၿပီးေလာင္တာ။ လူေနအိမ္တစ္လုံး မီးေလာင္ဆုံးရႈံးတယ္။ လူထိခိုက္မႈေတာ့မရွိပါဘူး” ဟု က်ိဳက္မေရာၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈေၾကာင့္ RC တစ္ထပ္တိုက္တစ္လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ၿပီး ၎မီးေလာင္မႈအား က်ိဳက္မေရာ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အရန္မီးသတ္တပ္ဖြဲ႕တို႔ ပူးေပါင္းမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

လက္ရွိတြင္ မီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား သက္ဆိုက္ရာႏွင့္ က်ိဳက္မေရာၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.