အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းသူတစ်ဦး စာမေးပွဲဖြေရင်း ကလေးမီးဖွား

1957

ရောင်နီ (NP News) - ဒီဇင်ဘာ ၃
အင်ဒိုနီးရှားနိုင်ငံမှာ အထက်တန်းကျောင်းသူတစ်ဦးဟာ ကျောင်းမှာ စာမေးပွဲဖြေဆိုနေစဉ် မီးဖွားခဲ့ပြီး ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေကို အံ့အားသင့်စေခဲ့ပါတယ်။
နိုဝင်ဘာ ၃၀ ရက်က ကျောင်းမှာ စာမေးပွဲကျင်းပခဲ့ပြီး အဆိုပါကျောင်းသူဟာ စာမေးပွဲဖြေဆိုနေရင်း သိပ်မကြာခင် မှာပဲ မီးဖွားခဲ့ကာ ကလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လိုအပ်တာ တွေ စီစဉ်နိုင်အောင် ချက်ချင်းဆိုသလို ရပ်ရွာကျန်းမာရေးဌာနကို ပို့ဆောင်ခဲ့တယ်လို့ အခန်းစောင့်ဆရာရဲ့ ပြောကြားချက်အရ သိရပါတယ်။ ကျောင်းသူရဲ့မိသားစု အပါအဝင် လူတိုင်းက သူမမှာ ကိုယ်ဝန်ရှိနေတာ မသိခဲ့ တာကြောင့် ဒီအဖြစ်အပျက်ဟာ အံ့သြစရာဖြစ်ခဲ့ပါတယ်။
ကျောင်းအုပ်ဆရာမကြီး မစ္စတာ ဆူကာဒီကလည်း ကျောင်းသူဟာ ကိုယ်ဝန်တစ်လျှောက်လုံး ဆေးခွင့် မယူခဲ့ဖူး သလို အတန်းလည်း မပျက်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သူမဟာ တခြားကျောင်းသားတွေလိုပဲ အားကစား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်လို့ ထပ်လောင်းပြောကြားပါတယ်။
နောက်ပိုင်း အဆိုပါကျောင်းသူမှာ ကလေးမွေးဖွားခြင်းနဲ့ ဆက်စပ်တဲ့ရောဂါအခြေအနေတွေကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံမွာ ေက်ာင္းသူတစ္ဦး စာေမးပြဲေျဖရင္း ကေလးမီးဖြား
ေရာင္နီ (NP News) - ဒီဇင္ဘာ ၃
အင္ဒိုနီးရွားႏိုင္ငံမွာ အထက္တန္းေက်ာင္းသူတစ္ဦးဟာ ေက်ာင္းမွာ စာေမးပြဲေျဖဆိုေနစဥ္ မီးဖြားခဲ့ၿပီး ဆရာ ဆရာမေတြနဲ႔ ေက်ာင္းသူေက်ာင္းသားေတြကို အံ့အားသင့္ေစခဲ့ပါတယ္။
ႏိုဝင္ဘာ ၃၀ ရက္က ေက်ာင္းမွာ စာေမးပြဲက်င္းပခဲ့ၿပီး အဆိုပါေက်ာင္းသူဟာ စာေမးပြဲေျဖဆိုေနရင္း သိပ္မၾကာခင္ မွာပဲ မီးဖြားခဲ့ကာ ကေလးကို ေအာင္ေအာင္ျမင္ျမင္ေမြးဖြားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း လိုအပ္တာ ေတြ စီစဥ္ႏိုင္ေအာင္ ခ်က္ခ်င္းဆိုသလို ရပ္႐ြာက်န္းမာေရးဌာနကို ပို႔ေဆာင္ခဲ့တယ္လို႔ အခန္းေစာင့္ဆရာရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ ေက်ာင္းသူရဲ႕မိသားစု အပါအဝင္ လူတိုင္းက သူမမွာ ကိုယ္ဝန္ရွိေနတာ မသိခဲ့ တာေၾကာင့္ ဒီအျဖစ္အပ်က္ဟာ အံ့ၾသစရာျဖစ္ခဲ့ပါတယ္။
ေက်ာင္းအုပ္ဆရာမႀကီး မစၥတာ ဆူကာဒီကလည္း ေက်ာင္းသူဟာ ကိုယ္ဝန္တစ္ေလွ်ာက္လုံး ေဆးခြင့္ မယူခဲ့ဖူး သလို အတန္းလည္း မပ်က္ခဲ့ဘူးလို႔ ေျပာပါတယ္။ ဒါ့အျပင္ သူမဟာ တျခားေက်ာင္းသားေတြလိုပဲ အားကစား လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တယ္လို႔ ထပ္ေလာင္းေျပာၾကားပါတယ္။
ေနာက္ပိုင္း အဆိုပါေက်ာင္းသူမွာ ကေလးေမြးဖြားျခင္းနဲ႔ ဆက္စပ္တဲ့ေရာဂါအေျခအေနေတြေၾကာင့္ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။