ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားခြင်းကို အွန်လိုင်းစနစ်ဖြင့် လာမည့် ဇန်နဝါရီလ(၁)ရက်တွင် စတင်ဆောင်ရွက်မည်

 800

ယွန်း (NP News) - ဒီဇင်ဘာ ၄

အီလက်ထရောနစ်ကိုသုံး၍ ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားခြင်းနှင့် နှစ်စဥ်ကြေးပေးသွင်းခြင်းကို လာမည့် ဇန်နဝါရီလ(၁)ရက်မှစ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း FDA Myanmar က အသိပေးကြေညာထားသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar)က ယနေ့(ဒီဇင်ဘာလ ၄ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ်(၁၆၁/၂၀၂၃)အရ အီလက်ထရောနစ်စနစ် (e-Submission System) အသုံးပြု၍ ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားခြင်းနှင့် နှစ်စဥ်ကြေးပေးသွင်းခြင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းကို FDA Myanmar ၏ e-Submission System တွင် ဆေးဝါးမှတ်ပုံတင်သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း(၁၈၀)ကြိုတင်၍ ဝင်ရောက်လျှောက်ထားရန် FDA Myanmar ကအသိပေးထားသည်။

ထို့သို့ လျှောက်ထားရာ၌ ကနဦး အထောက်အထားစိစစ်ခ(၃)သိန်းကျပ်ကို e-Submission System တွင် Digital Payment ဖြင့် စတင်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကုမ္ပဏီများအနေဖြင့်လည်း လိုအပ်သည့်အချက်အလက်များကို တစ်လအတွင်း online တွင် ပြန်လည်တင်ပြရန်လိုပြီး တစ်လအတွင်း မတင်ပြနိုင်ပါက online မှ ဖယ်ရှားခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ဆေးဝါးမှတ်ပုံတင်ရရှိထားသည့် ဆေးဝါးများအတွက် နှစ်စဥ်ကြေးကိုလည်း e-Submission System တွင် Digital Payment ဖြင့် နှစ်စဥ်ပေးသွင်းရမည်ဖြစ်ပြီး ဆေးဝါးတစ်မျိုးအတွက် နှစ်စဥ်ကြေးတစ်နှစ်လျှင်(၃)သိန်းကျပ်ပေးသွင်းရန် FDA Myanmar ကဆိုထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အထက်ပါအမိန့်ကြေညာစာအမှတ်၏ ပုဒ်မ(၃)၊(က)အရ နှစ်စဥ်ကြေးပေးသွင်းရန် နှစ်နှစ်ဆက်တိုက်ပျက်ကွက်ပါက ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းကို ဆက်လက်ဆောင်ရွက်ခွင့်မရကြောင်း FDA Myanmar ကအသိပေးထုတ်ပြန်ထားသည်။

zawgyi version
ေဆးဝါးမွတ္ပုံတင္သက္တမ္းတိုးေလွ်ာက္ထားျခင္းကို အြန္လိုင္းစနစ္ျဖင့္ လာမည့္ ဇန္နဝါရီလ(၁)ရက္တြင္ စတင္ေဆာင္႐ြက္မည္

ယြန္း (NP News) - ဒီဇင္ဘာ ၄

အီလက္ထေရာနစ္ကိုသုံး၍ ေဆးဝါးမွတ္ပုံတင္သက္တမ္းတိုးေလွ်ာက္ထားျခင္းႏွင့္ ႏွစ္စဥ္ေၾကးေပးသြင္းျခင္းကို လာမည့္ ဇန္နဝါရီလ(၁)ရက္မွစ၍ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း FDA Myanmar က အသိေပးေၾကညာထားသည္။

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA Myanmar)က ယေန႔(ဒီဇင္ဘာလ ၄ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

က်န္းမာေရးဝန္ႀကီးဌာန၏ အမိန႔္ေၾကညာစာအမွတ္(၁၆၁/၂၀၂၃)အရ အီလက္ထေရာနစ္စနစ္ (e-Submission System) အသုံးျပဳ၍ ေဆးဝါးမွတ္ပုံတင္သက္တမ္းတိုးေလွ်ာက္ထားျခင္းႏွင့္ ႏွစ္စဥ္ေၾကးေပးသြင္းျခင္းကို ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္မွစ၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ေဆးဝါးမွတ္ပုံတင္သက္တမ္းတိုးျခင္းကို FDA Myanmar ၏ e-Submission System တြင္ ေဆးဝါးမွတ္ပုံတင္သက္တမ္းမကုန္ဆုံးမီ ရက္ေပါင္း(၁၈၀)ႀကိဳတင္၍ ဝင္ေရာက္ေလွ်ာက္ထားရန္ FDA Myanmar ကအသိေပးထားသည္။

ထို႔သို႔ ေလွ်ာက္ထားရာ၌ ကနဦး အေထာက္အထားစိစစ္ခ(၃)သိန္းက်ပ္ကို e-Submission System တြင္ Digital Payment ျဖင့္ စတင္ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ကုမၸဏီမ်ားအေနျဖင့္လည္း လိုအပ္သည့္အခ်က္အလက္မ်ားကို တစ္လအတြင္း online တြင္ ျပန္လည္တင္ျပရန္လိုၿပီး တစ္လအတြင္း မတင္ျပႏိုင္ပါက online မွ ဖယ္ရွားခံရမည္ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ပါရွိသည္။

ေဆးဝါးမွတ္ပုံတင္ရရွိထားသည့္ ေဆးဝါးမ်ားအတြက္ ႏွစ္စဥ္ေၾကးကိုလည္း e-Submission System တြင္ Digital Payment ျဖင့္ ႏွစ္စဥ္ေပးသြင္းရမည္ျဖစ္ၿပီး ေဆးဝါးတစ္မ်ိဳးအတြက္ ႏွစ္စဥ္ေၾကးတစ္ႏွစ္လွ်င္(၃)သိန္းက်ပ္ေပးသြင္းရန္ FDA Myanmar ကဆိုထားသည္။

က်န္းမာေရးဝန္ႀကီးဌာန၏ အထက္ပါအမိန႔္ေၾကညာစာအမွတ္၏ ပုဒ္မ(၃)၊(က)အရ ႏွစ္စဥ္ေၾကးေပးသြင္းရန္ ႏွစ္ႏွစ္ဆက္တိုက္ပ်က္ကြက္ပါက ေဆးဝါးမွတ္ပုံတင္သက္တမ္းတိုးျခင္းကို ဆက္လက္ေဆာင္႐ြက္ခြင့္မရေၾကာင္း FDA Myanmar ကအသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.