သရေကျခဲ့သောပွဲတွင် စပါးအသင်းကစားသမားအချို့၏ ခြေစွမ်းများကို အထင်ကြီးမိကြောင်း မန်စီးတီးနည်းပြ ထုတ်ဖော်ပြော

 896

Pika (NP News) - ဒီဇင်ဘာ ၄

မန်စီးတီးအသင်းသည် စပါးအသင်းနှင့် ဒီဇင်ဘာလ(၃)ရက်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် (၃)ဂိုးစီ သရေကျခဲ့ပြီးနောက် မန်စီးတီးနည်းပြဂွါဒီယိုလာသည် စပါးအသင်းကစားသမားအချို့ကို ချီးကျူးစကားပြောခဲ့ ကြောင်း သိရသည်။

အဆိုပါပွဲတွင် မန်စီးတီးအသင်းကစားသမားများ၏ ခြေစွမ်းနှင့်ပတ်သက်ပြီး စိတ်ပျက်မှုများရှိခဲ့ကြောင်း နှင့် စပါးအသင်း၏ခြေစွမ်းကြောင့် အထင်ကြီးမိကြောင်း ဂွါဒီယိုလာက ပြောခဲ့သည်။

ထို့အပြင် စပါးအသင်း တောင်ပံကစားသမား Dejan Kulusevski ကို ဂိုးဖန်တီးပေးခဲ့သည့် တောင်ပံကစားသမား Brennan Johnson ၏ ခြေစွမ်းကို သဘောကျမိကြောင်း ဂွါဒီယိုလာက ပြောဆိုခဲ့သည်။ ဂွါဒီလိုလာက "ဒါဟာ တကယ်ကိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ စပါးအသင်း တောင်ပံကစားသမား Brennan Johnson ဟာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး သူရဲ့လုပ်ဆောင်ချက်တွေကိုကာကွယ်ဖို့က ကျွန်တော်တို့အတွက် တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဒီနေ့ ကစားခဲ့တဲ့ပွဲမှာ စပါးအသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ကျွန်တော်တကယ်ကို အထင်ကြီးမိပါတယ်" ဟု ပြောခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၄)ပွဲကစားထားပြီး (၉)ပွဲနိုင် (၃)ပွဲသရေ (၂)ပွဲရှုံးထားကာ ရမှတ် (၃ဝ)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၃)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version;
သေရက်ခဲ့ေသာပြဲတြင္ စပါးအသင္းကစားသမားအခ်ိဳ႕၏ ေျခစြမ္းမ်ားကို အထင္ႀကီးမိေၾကာင္း မန္စီးတီးနည္းျပ ထုတ္ေဖာ္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၄

မန္စီးတီးအသင္းသည္ စပါးအသင္းႏွင့္ ဒီဇင္ဘာလ(၃)ရက္က ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ (၃)ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ မန္စီးတီးနည္းျပဂြါဒီယိုလာသည္ စပါးအသင္းကစားသမားအခ်ိဳ႕ကို ခ်ီးက်ဴးစကားေျပာခဲ့ ေၾကာင္း သိရသည္။

အဆိုပါပြဲတြင္ မန္စီးတီးအသင္းကစားသမားမ်ား၏ ေျခစြမ္းႏွင့္ပတ္သက္ၿပီး စိတ္ပ်က္မႈမ်ားရွိခဲ့ေၾကာင္း ႏွင့္ စပါးအသင္း၏ေျခစြမ္းေၾကာင့္ အထင္ႀကီးမိေၾကာင္း ဂြါဒီယိုလာက ေျပာခဲ့သည္။

ထို႔အျပင္ စပါးအသင္း ေတာင္ပံကစားသမား Dejan Kulusevski ကို ဂိုးဖန္တီးေပးခဲ့သည့္ ေတာင္ပံကစားသမား Brennan Johnson ၏ ေျခစြမ္းကို သေဘာက်မိေၾကာင္း ဂြါဒီယိုလာက ေျပာဆိုခဲ့သည္။ ဂြါဒီလိုလာက "ဒါဟာ တကယ္ကိုေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္တစ္ခုပါ။ စပါးအသင္း ေတာင္ပံကစားသမား Brennan Johnson ဟာ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး သူရဲ႕လုပ္ေဆာင္ခ်က္ေတြကိုကာကြယ္ဖို႔က ကြၽန္ေတာ္တို႔အတြက္ တကယ္ကို ခက္ခဲခဲ့ပါတယ္။ ဒီေန႔ ကစားခဲ့တဲ့ပြဲမွာ စပါးအသင္းရဲ႕ေျခစြမ္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တကယ္ကို အထင္ႀကီးမိပါတယ္" ဟု ေျပာခဲ့သည္။

မန္စီးတီးအသင္းသည္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၁၄)ပြဲကစားထားၿပီး (၉)ပြဲႏိုင္ (၃)ပြဲသေရ (၂)ပြဲရႈံးထားကာ ရမွတ္ (၃ဝ)မွတ္ျဖင့္ အမွတ္ေပးဇယားတြင္ အဆင့္(၃)ေနရာမွာ ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.