အမေရိကန် နှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း(၁၂)နိုင်ငံသည် မြန်မာ့အထည်အလိပ်များ အဓိကတင်ပို့ရာ ဈေးကွက်ဖြစ်နေကြောင်း စီး/ကူးဒုဝန်ကြီး ပြော

 3312

ယွန်း (NP News) - ဒီဇင်ဘာ ၈

အမေရိကန် နှင့် ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၁၂)နိုင်ငံသည် မြန်မာ့အထည်အလိပ်များ အဓိကတင်ပို့ရာ ဈေးကွက်ဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးဦးမင်းမင်းက ပြောသည်။

၎င်းက ယနေ့(ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Yangon Convention Center(YCC) တွင် ကျင်းပသည့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ(၂၀၂၃) တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ (၅ ဒသမ ၃)ဘီလျံ ရရှိခဲ့ပြီး နိုင်ငံပေါင်း(၁ဝဝ) ကျော်ကို တင်ပို့ခဲ့ကြောင်းသိရသည်။

“မြန်မာနိုင်ငံအနေနဲ့ အထည်ချုပ်ကဏ္ဍမှ ပြည်ပတင်ပို့မှုမှာ CMP စနစ်နဲ့ဆောင်ရွက်တဲ့လုပ်ငန်းဟာ အများဆုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာနှစ်မှာ အထည်ချုပ်လုပ်ငန်းကနေပြီးတော့ အမေရိကန် ဒေါ်လာ (၅ ဒသမ ၃) ဘီလျံတင်ပို့နိုင်ခဲ့ပါတယ်။ ချုပ်ပြီးအထည်တွေကို နိုင်ငံပေါင်း (၁ဝဝ) ကျော်ကို တင်ပို့နိုင်ခဲ့ပါ တယ်” ဟု ဒုဝန်ကြီး ဦးမင်းမင်းက ပြောသည်။

ထို့ပြင် လက်ရှိ(၂ဝ၂၃ - ၂ဝ၂၄) ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံပေါင်း (၈ဝ)ကျော်ကို အဓိကတင်ပို့လျက်ရှိပြီး၊ ဂျပန် အပါအဝင် နိုင်ငံပေါင်း (၁၂) နိုင်ငံသည် မြန်မာ့အထည်အလိပ်များ အဓိကတင်ပို့နေသည့် ဈေးကွက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် မြန်မာ့အထည်အလိပ်များကို ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ UK၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ်၊ USA ၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံတို့ကို အဓိကတင်ပို့နေကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ CMP စက်ရုံများမှ လိုအပ်သည့် အထည်အလိပ်ကုန်ကြမ်းများကို တရုတ်နိုင်ငံဈေးကွက်မှ တစ်ဆင့် အဓိကတင်သွင်းလျက်ရှိကြောင်း သိရသည်။

“လိုအပ်နေတဲ့အထည်အလိပ်ကုန်ကြမ်းများကိုလည်း လုပ်ငန်းအပ်နှံတဲ့နိုင်ငံတွေကနေပြီးတော့ တရုတ်နိုင်ငံ ဈေးကွက်ကနေတစ်ဆင့် ကုန်ကြမ်းပစ္စည်းများ အဓိကတင်သွင်းတာ တွေ့ရပါတယ်။ ယခုနှစ်အထည်အလိပ် ကုန်ကြမ်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁) ဘီလျံကျော်ဖိုး တင်သွင်းတဲ့အခါမှာလည်း တရုတ်နိုင်ငံက တင်သွင်းမှု ရာခိုင်နှုန်း (၉ဝ) ရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း သိရှိရပါတယ်” ဟု ဦးမင်းမင်းက ဆက်လက်ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် CMP လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းမှုနှင့် ကုန်ချောပစ္စည်းတင်ပို့မှုကို အဆင်ပြေစေရေးအတွက် myanmar tradenet 2.0 online system ဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ စတင်ကျင်းပသည့် အထက်ပါကုန်စည်ပြပွဲတွင် မြန်မာ- တရုတ်နှစ်နိုင်ငံမှ ပြခန်းပေါင်း(၁၅ဝ) နီးပါး လာရောက်ပြသလျက်ရှိပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း အပါအဝင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူများနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ပြပွဲကို ယနေ့(ဒီဇင်ဘာ ၈ ရက်)မှ ဒီဇင်ဘာ(၁ဝ)ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ အပါအဝင် MGMA နှင့် မြန်မာနိုင်ငံရှိ ပြည်ပအထည်ချုပ်လုပ်ငန်းရှင်အသင်းများဖြစ်ကြသည့် ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်တို့မှ အသင်းဝင် CMP စက်ရုံများလည်း ပါဝင်ပြသလျက်ရှိသည်။

Zawgyi Version;
အေမရိကန္ ႏွင့္ ဂ်ပန္ အပါအဝင္ ႏိုင္ငံေပါင္း(၁၂)ႏိုင္ငံသည္ ျမန္မာ့အထည္အလိပ္မ်ား အဓိကတင္ပို႔ရာ ေဈးကြက္ ျဖစ္ေနေၾကာင္း စီး/ကူးဒုဝန္ႀကီး ေျပာ
ယြန္း (NP News) - ဒီဇင္ဘာ ၈

အေမရိကန္ ႏွင့္ ဂ်ပန္ႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း(၁၂)ႏိုင္ငံသည္ ျမန္မာ့အထည္အလိပ္မ်ား အဓိကတင္ပို႔ရာ ေဈးကြက္ျဖစ္ေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဒုဝန္ႀကီးဦးမင္းမင္းက ေျပာသည္။

၎က ယေန႔(ဒီဇင္ဘာ ၈ ရက္) နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ Yangon Convention Center(YCC) တြင္ က်င္းပသည့္ ျမန္မာ့အထည္အလိပ္ႏွင့္ စက္ယႏၲရားကုန္စည္ျပပြဲ(၂၀၂၃) တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ၂ဝ၂၂- ၂ဝ၂၃ ဘ႑ာႏွစ္တြင္ ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းမွ အေမရိကန္ေဒၚလာ (၅ ဒသမ ၃)ဘီလ်ံ ရရွိခဲ့ၿပီး ႏိုင္ငံေပါင္း(၁ဝဝ) ေက်ာ္ကို တင္ပို႔ခဲ့ေၾကာင္းသိရသည္။

“ျမန္မာႏိုင္ငံအေနနဲ႔ အထည္ခ်ဳပ္က႑မွ ျပည္ပတင္ပို႔မႈမွာ CMP စနစ္နဲ႔ေဆာင္႐ြက္တဲ့လုပ္ငန္းဟာ အမ်ားဆုံး ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ဘ႑ာႏွစ္ျဖစ္တဲ့ ၂ဝ၂၂- ၂ဝ၂၃ ဘ႑ာႏွစ္မွာ အထည္ခ်ဳပ္လုပ္ငန္းကေနၿပီးေတာ့ အေမရိကန္ ေဒၚလာ (၅ ဒသမ ၃) ဘီလ်ံတင္ပို႔ႏိုင္ခဲ့ပါတယ္။ ခ်ဳပ္ၿပီးအထည္ေတြကို ႏိုင္ငံေပါင္း (၁ဝဝ) ေက်ာ္ကို တင္ပို႔ႏိုင္ခဲ့ပါ တယ္” ဟု ဒုဝန္ႀကီး ဦးမင္းမင္းက ေျပာသည္။

ထို႔ျပင္ လက္ရွိ(၂ဝ၂၃ - ၂ဝ၂၄) ဘ႑ာႏွစ္တြင္လည္း ႏိုင္ငံေပါင္း (၈ဝ)ေက်ာ္ကို အဓိကတင္ပို႔လ်က္ရွိၿပီး၊ ဂ်ပန္ အပါအဝင္ ႏိုင္ငံေပါင္း (၁၂) ႏိုင္ငံသည္ ျမန္မာ့အထည္အလိပ္မ်ား အဓိကတင္ပို႔ေနသည့္ ေဈးကြက္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ျမန္မာ့အထည္အလိပ္မ်ားကို ဂ်ပန္၊ ပိုလန္၊ စပိန္၊ ဂ်ာမနီ၊ ကိုရီးယား၊ UK၊ နယ္သာလန္၊ အီတလီ၊ ျပင္သစ္၊ USA ၊ ဒိန္းမတ္ႏွင့္ ဘယ္လ္ဂ်ီယံတို႔ကို အဓိကတင္ပို႔ေနေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံရွိ CMP စက္႐ုံမ်ားမွ လိုအပ္သည့္ အထည္အလိပ္ကုန္ၾကမ္းမ်ားကို တ႐ုတ္ႏိုင္ငံေဈးကြက္မွ တစ္ဆင့္ အဓိကတင္သြင္းလ်က္ရွိေၾကာင္း သိရသည္။

“လိုအပ္ေနတဲ့အထည္အလိပ္ကုန္ၾကမ္းမ်ားကိုလည္း လုပ္ငန္းအပ္ႏွံတဲ့ႏိုင္ငံေတြကေနၿပီးေတာ့ တ႐ုတ္ႏိုင္ငံ ေဈးကြက္ကေနတစ္ဆင့္ ကုန္ၾကမ္းပစၥည္းမ်ား အဓိကတင္သြင္းတာ ေတြ႕ရပါတယ္။ ယခုႏွစ္အထည္အလိပ္ ကုန္ၾကမ္းတန္ဖိုး အေမရိကန္ေဒၚလာ (၁) ဘီလ်ံေက်ာ္ဖိုး တင္သြင္းတဲ့အခါမွာလည္း တ႐ုတ္ႏိုင္ငံက တင္သြင္းမႈ ရာခိုင္ႏႈန္း (၉ဝ) ရာခိုင္ႏႈန္း ေက်ာ္ရွိခဲ့ေၾကာင္း သိရွိရပါတယ္” ဟု ဦးမင္းမင္းက ဆက္လက္ေျပာသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ CMP လုပ္ငန္းမ်ား၏ ကုန္ၾကမ္းပစၥည္းတင္သြင္းမႈႏွင့္ ကုန္ေခ်ာပစၥည္းတင္ပို႔မႈကို အဆင္ေျပေစေရးအတြက္ myanmar tradenet 2.0 online system ျဖင့္ ေဆာင္႐ြက္ ေပးလ်က္ရွိေၾကာင္း သိရသည္။

ယေန႔ စတင္က်င္းပသည့္ အထက္ပါကုန္စည္ျပပြဲတြင္ ျမန္မာ- တ႐ုတ္ႏွစ္ႏိုင္ငံမွ ျပခန္းေပါင္း(၁၅ဝ) နီးပါး လာေရာက္ျပသလ်က္ရွိၿပီး ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း အပါအဝင္ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးမွ တာဝန္ရွိသူမ်ားႏွင့္ အျခားတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့သည္။

ျပပြဲကို ယေန႔(ဒီဇင္ဘာ ၈ ရက္)မွ ဒီဇင္ဘာ(၁ဝ)ရက္အထိ သုံးရက္ၾကာ က်င္းပသြားမည္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွ ထုတ္ကုန္ပစၥည္းမ်ား အပါအဝင္ MGMA ႏွင့္ ျမန္မာႏိုင္ငံရွိ ျပည္ပအထည္ခ်ဳပ္လုပ္ငန္းရွင္အသင္းမ်ားျဖစ္ၾကသည့္ ကိုရီးယား၊ ဂ်ပန္၊ ေဟာင္ေကာင္တို႔မွ အသင္းဝင္ CMP စက္႐ုံမ်ားလည္း ပါဝင္ျပသလ်က္ရွိသည္။

Related news

© 2021. All rights reserved.