လင်မယား(၂)ဦးစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူဓားခုတ်ခံရ

1245
သန့်ဇင် (NP News) - ဒီဇင်ဘာ ၈
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် လင်မယား(၂)ဦးစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူဓားဖြင့်ခုတ်ခံခဲ့ရကြောင်း မိုဃ်းကောင်းယသလူမှုနာမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၈ ရက်)၊ ညနေ ၄နာရီအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ သံ/ရှေ့အကွက်(၄၁၁)စည်ပင်လိုင်းခန်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လင်မယား(၂)ဦးရန်ဖြစ်ရင်းကနေ ယောက်ျားက မိန်းမကို ဓားနဲ့ခုတ်တာပါ။ ကျွန်တော်တို့လည်း အဲဒီလောက်ပဲသိရတာ။ ဓားဒဏ်ရာက များပေမယ့် စိုးရိမ်ရတဲ့အခြေနေတော့မရှိတော့ပါဘူး”ဟု မိုဃ်းကောင်းယသလူမှုနာမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဓားခုတ်ခံရသည့် အမျိုးသမီးသည် အသက်(၃၂)နှစ်အရွယ်ဖြစ်ပြီး ဦးခေါင်း၌ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဓားဖြင့်အခုတ်ခံရသည့် အမျိုးသမီးအား မိုဃ်းကောင်းယသလူမှုနာမှုကူညီရေးအသင်းက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျုးလွန်သူအမျိုးသားအား သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
zawgyi version
လင္မယား(၂)ဦးစကားမ်ားရန္ျဖစ္ရာမွ ဇနီးျဖစ္သူဓားခုတ္ခံရ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၈
မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ လင္မယား(၂)ဦးစကားမ်ားရန္ျဖစ္ရာမွ ဇနီးျဖစ္သူဓားျဖင့္ခုတ္ခံခဲ့ရေၾကာင္း မိုဃ္းေကာင္းယသလူမႈနာမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၈ ရက္)၊ ညေန ၄နာရီအခ်ိန္ခန႔္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ သံ/ေရွ႕အကြက္(၄၁၁)စည္ပင္လိုင္းခန္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လင္မယား(၂)ဦးရန္ျဖစ္ရင္းကေန ေယာက္်ားက မိန္းမကို ဓားနဲ႔ခုတ္တာပါ။ ကြၽန္ေတာ္တို႔လည္း အဲဒီေလာက္ပဲသိရတာ။ ဓားဒဏ္ရာက မ်ားေပမယ့္ စိုးရိမ္ရတဲ့အေျခေနေတာ့မရွိေတာ့ပါဘူး”ဟု မိုဃ္းေကာင္းယသလူမႈနာမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါဓားခုတ္ခံရသည့္ အမ်ိဳးသမီးသည္ အသက္(၃၂)ႏွစ္အ႐ြယ္ျဖစ္ၿပီး ဦးေခါင္း၌ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဓားျဖင့္အခုတ္ခံရသည့္ အမ်ိဳးသမီးအား မိုဃ္းေကာင္းယသလူမႈနာမႈကူညီေရးအသင္းက မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ျပစ္မႈက်ဳးလြန္သူအမ်ိဳးသားအား သက္ဆိုင္ရာနယ္ေျမရဲစခန္းမွ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။