3x3x3 Rubik’s Cube အခက်အခဲကို (၆) စက္ကန့်အတွင်း ဖြေရှင်းနိုင်ခဲ့သော (၆) နှစ်အရွယ်ကလေးငယ်

 930

Pika (NP News) - ဒီဇင်ဘာ ၁၂

တရုတ်နိုင်ငံတွင်နေထိုင်သောာ အသက်(၆)နှစ်အရွယ်ကလေးငယ်သည် စင်ကာပူနိုင်ငံတွင် ကျင်းပသော World Cube Association Rubik's Cube International ဖွင့်ပွဲတွင် 3x3x3 Rubik’s cubeကို (၅ ဒသမ ၉၇) စက္ကန့်ဖြင့် ဖြေရှင်းနိုင်ခဲ့သောအမျိုးသမီးအဖြစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ Jiangsu ပြည်နယ်တွင် နေထိုင်သော Cao Qixian သည် ၎င်း၏ ဝမ်းကွဲတစ်ဦး၏ လှုံ့ဆော်မှုဖြင့် အသက်(၃)နှစ်အရွယ်တွင် Rubik’s cube ကို စတင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Cao Qixian ၏ ဝမ်းကွဲ မောင်နှမသည် ၎င်းကို Rubik’s cube အား အမြန်ဆုံးဖြေရှင်းနိုင်ရန်အတွက် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း တစ်နှစ်ခန့်အကြာတွင် Cao Qixian သည် Rubik’s cube ဖြေရှင်းနည်းတွင် အလွန်ကောင်းမွန်လာခဲ့ ပြီးနောက် ၎င်း၏မိဘများက ၎င်းကို နောက်ထပ်သင်ကြားပေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Cao Qixian သည် Rubik’s cube အား အမြန်ဖြေရှင်းရသည်ကို နှစ်သက်သူဖြစ်ပြီး နေ့စဉ်(၂)နာရီမှ (၃)နာရီထိ လေ့ကျင့် ခဲ့ကြောင်း သိရသည်။

၎င်းမိခင်ဖြစ်သူက "သူမဟာ သုံးလကြာအောင် (၁ဝ)စက္ကန့်နဲ့ဖြေရှင်းနိုင်အောင် ကြိုးစားခဲ့ပေမယ့် (၁၂)စက္ကန့်မှာပဲ ရပ်နေခဲ့ပါတယ်။ သူမအချိန်အကြာကြီးလေ့ကျင့်ခဲ့ပေမယ့် တိုးတက်မှုမရှိခဲ့လို့ လက်လျှော့လုနီးပါးဖြစ်ခဲ့ပါတယ်" ဟု ပြောသည်။

သို့သော်လည်း စင်ကာပူနိုင်ငံတွင်ကျင်းပသည့် World Cube Association (WCA) Rubik’s Cube International ဖွင့်ပွဲတွင် 3x3x3 Rubik’s cubeကို (၆)စက္ကန့်အတွင်း ဖြေရှင်းနိုင်ခဲ့သော ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ကြောင်း သိရသည်။

၎င်း၏ မိခင်ဖြစ်သူက "ကမ္ဘာ့စံချိန်ကို သူမ ချိုးဖျက်နိုင်ခဲ့မယ်လို့ ကျွန်မတို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ကျွန်မတို့ အိမ်ပြန်ရောက်တာ (၂)ရက်၊ (၃)ရက်လောက်ရှိပါပြီ။ ဒါပေမယ့် ကျွန်မတို့အိမ်မက်မက်နေတယ်လို့ ထင်နေတုန်းပါပဲ" ဟု ပြောခဲ့သည်။

Zawgyi Version;
3x3x3 Rubik’s Cube အခက္အခဲကို (၆) စကၠန႔္အတြင္း ေျဖရွင္းႏိုင္ခဲ့ေသာ (၆) ႏွစ္အ႐ြယ္ကေလးငယ္
Pika (NP News) - ဒီဇင္ဘာ ၁၂

တ႐ုတ္ႏိုင္ငံတြင္ေနထိုင္ေသာာ အသက္(၆)ႏွစ္အ႐ြယ္ကေလးငယ္သည္ စင္ကာပူႏိုင္ငံတြင္ က်င္းပေသာ World Cube Association Rubik's Cube International ဖြင့္ပြဲတြင္ 3x3x3 Rubik’s cubeကို (၅ ဒသမ ၉၇) စကၠန႔္ျဖင့္ ေျဖရွင္းႏိုင္ခဲ့ေသာအမ်ိဳးသမီးအျဖစ္ ကမာၻ႔စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံ Jiangsu ျပည္နယ္တြင္ ေနထိုင္ေသာ Cao Qixian သည္ ၎၏ ဝမ္းကြဲတစ္ဦး၏ လႈံ႕ေဆာ္မႈျဖင့္ အသက္(၃)ႏွစ္အ႐ြယ္တြင္ Rubik’s cube ကို စတင္ကစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Cao Qixian ၏ ဝမ္းကြဲ ေမာင္ႏွမသည္ ၎ကို Rubik’s cube အား အျမန္ဆုံးေျဖရွင္းႏိုင္ရန္အတြက္ သင္ၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္လည္း တစ္ႏွစ္ခန႔္အၾကာတြင္ Cao Qixian သည္ Rubik’s cube ေျဖရွင္းနည္းတြင္ အလြန္ေကာင္းမြန္လာခဲ့ ၿပီးေနာက္ ၎၏မိဘမ်ားက ၎ကို ေနာက္ထပ္သင္ၾကားေပးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Cao Qixian သည္ Rubik’s cube အား အျမန္ေျဖရွင္းရသည္ကို ႏွစ္သက္သူျဖစ္ၿပီး ေန႔စဥ္(၂)နာရီမွ (၃)နာရီထိ ေလ့က်င့္ ခဲ့ေၾကာင္း သိရသည္။

၎မိခင္ျဖစ္သူက "သူမဟာ သုံးလၾကာေအာင္ (၁ဝ)စကၠန႔္နဲ႔ေျဖရွင္းႏိုင္ေအာင္ ႀကိဳးစားခဲ့ေပမယ့္ (၁၂)စကၠန႔္မွာပဲ ရပ္ေနခဲ့ပါတယ္။ သူမအခ်ိန္အၾကာႀကီးေလ့က်င့္ခဲ့ေပမယ့္ တိုးတက္မႈမရွိခဲ့လို႔ လက္ေလွ်ာ့လုနီးပါးျဖစ္ခဲ့ပါတယ္" ဟု ေျပာသည္။

သို႔ေသာ္လည္း စင္ကာပူႏိုင္ငံတြင္က်င္းပသည့္ World Cube Association (WCA) Rubik’s Cube International ဖြင့္ပြဲတြင္ 3x3x3 Rubik’s cubeကို (၆)စကၠန႔္အတြင္း ေျဖရွင္းႏိုင္ခဲ့ေသာ ပထမဆုံး အမ်ိဳးသမီးျဖစ္လာခဲ့ေၾကာင္း သိရသည္။

၎၏ မိခင္ျဖစ္သူက "ကမာၻ႔စံခ်ိန္ကို သူမ ခ်ိဳးဖ်က္ႏိုင္ခဲ့မယ္လို႔ ကြၽန္မတို႔ ဘယ္တုန္းကမွ မထင္ခဲ့ပါဘူး။ ကြၽန္မတို႔ အိမ္ျပန္ေရာက္တာ (၂)ရက္၊ (၃)ရက္ေလာက္ရွိပါၿပီ။ ဒါေပမယ့္ ကြၽန္မတို႔အိမ္မက္မက္ေနတယ္လို႔ ထင္ေနတုန္းပါပဲ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.