ရပ်ထားသည့်(၁၂)ဘီးကားကို အိမ်စီးကားမှဝင်တိုက်မိခဲ့ရာ တစ်ဦးပွဲချင်း ပြီး သေဆုံးမှု နေပြည်တော်၌ဖြစ်ပွား

3900
သန့်ဇင် (NP News) - ဇန်နဝါရီ ၁
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ရပ်ထားသည့် (၁၂)ဘီးကားကို အိမ်စီးကားမှ ဝင်တိုက်မိခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၃၁ ရက်)၊ ည ၁၁ နာရီခွဲအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ဒိုးပင်ခုံလမ်းဆုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရပ်ထားတဲ့ (၁၂)ဘီးကားကြီးကို အိမ်စီးကားလေးကနောက်ကဝင်တိုက် တာပေါ့။ ကားလေးပေါ်မှာက အမျိုးသား(၃)ယောက်ပါလာတယ်”ဟု ကရု ဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် အိမ်စီးကားပေါ်လိုက်ပါလာသည့် အမျိုး သား(၃)ဦးအနက် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာနေ အသက် (၁၇)နှစ်အရွယ်အမျိုးသားသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား (၂)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူက ယာဉ်မောင်းဘေးကထိုင်လိုက်လာတဲ့လူပေါ့။ အသက်က တော့ ငယ်ငယ်လေးပဲရှိပါသေးတယ်။ ကားထဲမှာညပ်နေပြီး ပွဲချင်းပြီးဆုံသွားပါတယ်။ ယာဉ်မောင်းနဲ့ နောက်က(၁)ယောက်ကတော့ ဒဏ်ရာတွေရတာရှိတယ်။ (၃)ယောက်လုံးရဲ့မိသားစုဝင်တွေနဲ့လည်း အဆက်သွယ်ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကရုဏာရှင်လူမှုကူ ညီရေးပရဟိတအသင်းမှ နေပြည်တော်ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဇေယျာသီရိမြို့နယ်ထဲမှာပဲမဟုတ်ပါဘူး။ အခြားခုလိုယာဉ်တိုက်မှုဖြစ်စဉ်အဖြစ်များတဲ့နေရာတွေရောက်ရင် ဆိုင်ကယ်ပဲ ဖြစ်ဖြစ် ကားပဲဖြစ်ဖြစ် ဂရုတစိုက်၊ စည်းကမ်းတကျနဲ့မောင်းနှင်စေချင်ပါတယ်။ တစ်ချို့လမ်းလိုအပ်ချက်ရှိတဲ့နေရာတွေဆိုရင်လည်း တာဝန်ရှိသူတွေအနေနဲ့ သတိပေးဆိုင်းဘုတ်လေးတွေ လုပ်ပေးစေချင်ပါတယ်”ဟု အထက်ပါပရဟိ တအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
ပြီးခဲ့သော (၂၀၂၃)ခုနှစ် ဇန်နဝါရီလ မှ အောက်တိုဘာလအထိ (၁၀)လတာအတွင်း နိုင်ငံအတွင်းယာဉ်တိုက်မှုပေါင်း(၄၀၅၀)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၀၆၈)ဦး နှင့် ဒဏ်ရာရရှိသူ(၅၆၅၆)ဦးထိရှိခဲ့ကြောင်း သိရသည်။

zawgyi version
ရပ္ထားသည့္(၁၂)ဘီးကားကို အိမ္စီးကားမွဝင္တိုက္မိခဲ့ရာ တစ္ဦးပြဲခ်င္း ၿပီး ေသဆုံးမႈ ေနျပည္ေတာ္၌ျဖစ္ပြား
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁
ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ ရပ္ထားသည့္ (၁၂)ဘီးကားကို အိမ္စီးကားမွ ဝင္တိုက္မိခဲ့ရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံးကာ (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း က႐ုဏာရွင္လူမႈကူညီေရးပရဟိတအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဒီဇင္ဘာလ ၃၁ ရက္)၊ ည ၁၁ နာရီခြဲအခ်ိန္တြင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ ဒိုးပင္ခုံလမ္းဆုံ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ရပ္ထားတဲ့ (၁၂)ဘီးကားႀကီးကို အိမ္စီးကားေလးကေနာက္ကဝင္တိုက္ တာေပါ့။ ကားေလးေပၚမွာက အမ်ိဳးသား(၃)ေယာက္ပါလာတယ္”ဟု က႐ု ဏာရွင္လူမႈကူညီေရးပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ အိမ္စီးကားေပၚလိုက္ပါလာသည့္ အမ်ိဳး သား(၃)ဦးအနက္ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေခတ္ေအးေက်း႐ြာေန အသက္ (၁၇)ႏွစ္အ႐ြယ္အမ်ိဳးသားသည္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး က်န္အမ်ိဳးသား (၂)ဦးတြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ေသဆုံးသူက ယာဥ္ေမာင္းေဘးကထိုင္လိုက္လာတဲ့လူေပါ့။ အသက္က ေတာ့ ငယ္ငယ္ေလးပဲရွိပါေသးတယ္။ ကားထဲမွာညပ္ေနၿပီး ပြဲခ်င္းၿပီးဆုံသြားပါတယ္။ ယာဥ္ေမာင္းနဲ႔ ေနာက္က(၁)ေယာက္ကေတာ့ ဒဏ္ရာေတြရတာရွိတယ္။ (၃)ေယာက္လုံးရဲ႕မိသားစုဝင္ေတြနဲ႔လည္း အဆက္သြယ္ရတယ္” ဟု ၎ကဆက္လက္ေျပာသည္။
ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား က႐ုဏာရွင္လူမႈကူ ညီေရးပရဟိတအသင္းမွ ေနျပည္ေတာ္ကုတင္ (၁၀၀၀)ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ေဇယ်ာသီရိၿမိဳ႕နယ္ထဲမွာပဲမဟုတ္ပါဘူး။ အျခားခုလိုယာဥ္တိုက္မႈျဖစ္စဥ္အျဖစ္မ်ားတဲ့ေနရာေတြေရာက္ရင္ ဆိုင္ကယ္ပဲ ျဖစ္ျဖစ္ ကားပဲျဖစ္ျဖစ္ ဂ႐ုတစိုက္၊ စည္းကမ္းတက်နဲ႔ေမာင္းႏွင္ေစခ်င္ပါတယ္။ တစ္ခ်ိဳ႕လမ္းလိုအပ္ခ်က္ရွိတဲ့ေနရာေတြဆိုရင္လည္း တာဝန္ရွိသူေတြအေနနဲ႔ သတိေပးဆိုင္းဘုတ္ေလးေတြ လုပ္ေပးေစခ်င္ပါတယ္”ဟု အထက္ပါပရဟိ တအသင္းမွတာဝန္ရွိသူတစ္ဦးက အႀကံျပဳေျပာၾကားထားသည္။
ၿပီးခဲ့ေသာ (၂၀၂၃)ခုႏွစ္ ဇန္နဝါရီလ မွ ေအာက္တိုဘာလအထိ (၁၀)လတာအတြင္း ႏိုင္ငံအတြင္းယာဥ္တိုက္မႈေပါင္း(၄၀၅၀)မႈျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ (၂၀၆၈)ဦး ႏွင့္ ဒဏ္ရာရရွိသူ(၅၆၅၆)ဦးထိရွိခဲ့ေၾကာင္း သိရသည္။