နွားထိုးကြီးမြို့မရဲစခန်း၌ လက်နက်ကြီးကျည်(၃)လုံးကျရောက်ပေါက်ကွဲ

 2290

ကျော် (NP News) - ဇန်နဝါရီ ၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ နွားထိုးကြီးမြို့မရဲစခန်း၌ ယမန်နေ့ (ဒီဇင်ဘာလ ၃၁ ရက်)ညပိုင်းက လက်နက်ကြီးကျည် (၃)လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ည ၁၂ နာရီကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ နွားထိုးကြီးမြို့မရဲစခန်းအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်(၂)လုံးသည် မြို့မရဲစခန်း၏အပြင်ဘက်သို့ကျရောက်ခဲ့ပြီး ကျန်(၁) လုံးသည် ရဲစခန်းဝင်းအတွင်းရှိ အဆောက်အဦးတစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

"လက်နက်ကြီးကျည်(၂)လုံးက စခန်းအပြင်ဘက်မှာ တစ်လုံးက စခန်းထဲကအဆောက်အဦးပေါ်ကျပြီးပေါက်ကွဲတယ်။ စခန်းထဲကအဆောက်အဦးက အချုပ်ကားထားတဲ့အဆောက်အဦးပါ။ အဆောက်အဦးနဲ့အချုပ်ကားပျက်စီးမှုအနည်းအကျဥ်းရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့ဝင်များသည် နွားထိုးကြီးမြို့ရှိ ပြည်သူ့ဆောက် လုပ်ရေးရုံးအား လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ရုံးဝင်းအတွင်းသို့ လက်နက်ကြီးကျည်(၇)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုများကြောင့် ရုံးဝင်းအတွင်းရှိ လုံခြုံရေးအဖွဲ့ဝင်များစီးနင်းသည့် လုံခြုံရေးကား၏ ရှေ့လေကာမှန်ပျက်စီးကာ ရုံးအဆောက်အဦးတွင်လည်း ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့မရဲစခန်းသည် ပြီးခဲ့သည့် မေလ ၁ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း Drone ယာဥ်အသုံးပြုကာ Drop Bomb (၃)လုံးပစ်ချတိုက်ခိုက်ခံခဲ့ရသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

zawgyi version
ႏြားထိုးႀကီးၿမိဳ႕မရဲစခန္း၌ လက္နက္ႀကီးက်ည္(၃)လုံးက်ေရာက္ေပါက္ကြဲ
ေက်ာ္ (NP News) - ဇန္နဝါရီ ၁

မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္ရွိ ႏြားထိုးႀကီးၿမိဳ႕မရဲစခန္း ၌ ယမန္ေန႔ (ဒီဇင္ဘာလ ၃၁ ရက္)ညပိုင္းက လက္နက္ႀကီးက်ည္ (၃)လုံးက်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ယမန္ေန႔ည ၁၂ နာရီေက်ာ္ခန္႔က လက္နက္ကိုင္အဖြဲ႕ဝင္မ်ားသည္ ႏြားထိုးႀကီးၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္ရွိ ႏြားထိုးႀကီးၿမိဳ႕မရဲစခန္းအား လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္ခဲ့ရာ လက္နက္ႀကီးက်ည္(၂)လုံးသည္ ၿမိဳ႕မရဲစခန္း၏အျပင္ဘက္သို႔က်ေရာက္ခဲ့ၿပီး က်န္(၁)လုံးသည္ ရဲစခန္းဝင္းအတြင္းရွိ အေဆာက္အဦးတစ္လုံးေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

"လက္နက္ႀကီးက်ည္(၂)လုံးက စခန္းအျပင္ဘက္မွာ တစ္လုံးက စခန္းထဲကအေဆာက္အဦးေပၚက်ၿပီးေပါက္ကြဲတယ္။ စခန္းထဲကအေဆာက္အဦးက အခ်ဳပ္ကားထားတဲ့အေဆာက္အဦးပါ။ အေဆာက္အဦးနဲ႔အခ်ဳပ္ကားပ်က္စီးမႈအနည္းအက်ဥ္းရွိခဲ့ပါတယ္။ ထိခိုက္ဒဏ္ရာရတာမရွိပါဘူး"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

ထို႔ျပင္ လက္နက္ကိုင္အဖြဲ႕ဝင္မ်ားသည္ ႏြားထိုးႀကီးၿမိဳ႕ရွိ ျပည္သူ႔ေဆာက္ လုပ္ေရး႐ုံးအား လက္နက္ႀကီးမ်ားျဖင့္ ထပ္မံပစ္ခတ္ခဲ့ရာ ႐ုံးဝင္းအတြင္းသို႔ လက္နက္ႀကီးက်ည္(၇)လုံး က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

ေပါက္ကြဲမႈမ်ားေၾကာင့္ ႐ုံးဝင္းအတြင္းရွိ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားစီးနင္းသည့္ လုံၿခဳံေရးကား၏ ေရွ႕ေလကာမွန္ပ်က္စီးကာ ႐ုံးအေဆာက္အဦးတြင္လည္း ပ်က္စီးမႈအခ်ိဳ႕ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ႏြားထိုးႀကီးၿမိဳ႕မရဲစခန္းသည္ ၿပီးခဲ့သည့္ ေမလ ၁ ရက္၊ မြန္းလြဲ ၂ နာရီခြဲခန္႔ကလည္း Drone ယာဥ္အသုံးျပဳကာ Drop Bomb (၃)လုံးပစ္ခ်တိုက္ခိုက္ခံခဲ့ရသျဖင့္ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.