လက်နက်ကိုင်အဖွဲ့များသည် နယ်မြေလုလာသည့်အပြင် ဘာသာရေးကိုပါ စော်ကားလာသည့်အတွက် ပြန်လည်တွန်းလှန်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 16773

Pearl (NP News) - ဇန်နဝါရီ ၁၀

လက်နက်ကိုင်အဖွဲ့များသည် နယ်မြေလုလာသည့်အပြင် ဘာသာရေးကိုပါ စော်ကားလာသည့်အတွက် ပြန်လည်တွန်းလှန်သွားမည်ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဇန်နဝါရီလ ၉ ရက်တွင် နိုင်ငံတွင်းဖြစ်ပေါ်နေသည့်အ‌ခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)သည် လောက်ကိုင်မြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် ၎င်းတို့၏ တပ်ဖွဲ့ဝင်အချို့သည် လောက်ကိုင်မြို့၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့် ၂၂၀၂ တောင် ကုန်းပေါ်ရှိ စေတီတစ်ဆူကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့သည့် အပြုအမူများလုပ်ဆောင်ခဲ့သည်။

အဆိုပါလုပ်ရပ်သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအပေါ်တွင် စော်ကားခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကြား သွေးကွဲနေမှုများကို သပ်လျှိုခြင်း၊ သွေးကွဲနေမှုများအပေါ်တွင် အခွင့်ကောင်းယူခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

"လက်နက်ကိုင်သောင်းကျန်းမှု၊ လက်နက်ကိုင်နယ်မြေလုမှုတွေကနေ လက်နက်ကိုင်ပြီး ဘာသာရေးကိုပါ စော်ကားတဲ့ တစ်မျိုးသားလုံး အမြတ်တနိုးထားတဲ့ ဘာသာရေးကိုပါ စော်ကားတဲ့အပြုအမူများနဲ့ သွေးတိုးစမ်းလာတာတွေသည် မြန်မာပြည်သူလူ ထုတစ်ရပ်လုံးအတွက် မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားခြင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် များစွာသော စိတ်ထိခိုက်မှုဖြစ်ရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ပြန် လည်ပြီး တွန်းလှန်သွားရမယ်။ ပြန်လည်ပြီး သွေးစည်းသွားရမယ်။ ပြန်လည်ပြီး ညီညွတ်သွားရမှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ပြီးခဲ့သော ဒီဇင်ဘာလတွင်လည်း မူဆယ်မြို့အဝင် လွယ်တိန်ခမ်းတောင်ပေါ်ရှိ ရပ်တော်မူဘုရားကျောင်းဝင်း၊ ဘုန်းကြီး ကျောင်းဝင်းကို အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဘုရားဝန်းအတွင်းရှိ သာသနိကအ ဆောက်အဦးအချို့ ထိခိုက်ပျက်စီးသည့် ဖြစ်စဉ်ဖြစ်ပွားဖူးသည်။

ထို့ပြင် အခြားသော လက်နက်ကိုင်များအနေဖြင့်လည်း ဘုရားစေတီများအပေါ်တွင် အကာအကွယ်ယူ၍ ပစ်ခတ်မှုများနှင့် ခံစစ်စခန်းပြုလုပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီတစ်ဆူကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့သည့် အပြုအမူနှင့်ပတ်သက်၍လည်း သံဃာတော်များဦးဆောင်ကာ လူပုဂ္ဂိုလ်များပူးပေါင်း၍ အင်အား (၇၀၀)ခန့်ဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်ကန့်ကွက်ခြင်းအား မန္တလေးမြို့၌ ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်)တွင် ပြုလုပ်ခဲ့ကြသည်။

MNDAA အဖွဲ့အနေဖြင့်လည်း လက်အောက်ငယ်သား၏ တပ်စည်းမျဉ်းစည်းကမ်းညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ် ဆောင်မှုအတွက်လည်း လွန်စွာတောင်းပန်အပ်ပါကြောင်းလည်း ထုတ်ပြန်ထားသည်။

zawgyi version
လက္နက္ကိုင္အဖြဲ႕မ်ားသည္ နယ္ေျမလုလာသည့္အျပင္ ဘာသာေရးကိုပါ ေစာ္ကားလာသည့္အတြက္ ျပန္လည္တြန္းလွန္သြားမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ

Pearl (NP News) - ဇန္နဝါရီ ၁၀

လက္နက္ကိုင္အဖြဲ႕မ်ားသည္ နယ္ေျမလုလာသည့္အျပင္ ဘာသာေရးကိုပါ ေစာ္ကားလာသည့္အတြက္ ျပန္လည္တြန္းလွန္သြားမည္ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔ ဇန္နဝါရီလ ၉ ရက္တြင္ ႏိုင္ငံတြင္းျဖစ္ေပၚေနသည့္အ‌ေျခအေနမ်ားႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ (MNDAA)သည္ ေလာက္ကိုင္ၿမိဳ႕ကို ထိန္းခ်ဳပ္ခဲ့ၿပီးေနာက္ ၎တို႔၏ တပ္ဖြဲ႕ဝင္အခ်ိဳ႕သည္ ေလာက္ကိုင္ၿမိဳ႕၊ ဆီေအာေက်း႐ြာ၏ ေျမာက္ဘက္ ပြိဳင့္ ၂၂၀၂ ေတာင္ ကုန္းေပၚရွိ ေစတီတစ္ဆူကို သံတူျဖင့္ထုကာ ဖ်က္ဆီးခဲ့သည့္ အျပဳအမူမ်ားလုပ္ေဆာင္ခဲ့သည္။

အဆိုပါလုပ္ရပ္သည္ ဗုဒၶဘာသာဝင္ျမန္မာလူမ်ိဳးမ်ားအေပၚတြင္ ေစာ္ကားျခင္းျဖစ္ၿပီး ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ားၾကား ေသြးကြဲေနမႈမ်ားကို သပ္လွ်ိဳျခင္း၊ ေသြးကြဲေနမႈမ်ားအေပၚတြင္ အခြင့္ေကာင္းယူျခင္းျဖစ္သည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

"လက္နက္ကိုင္ေသာင္းက်န္းမႈ၊ လက္နက္ကိုင္နယ္ေျမလုမႈေတြကေန လက္နက္ကိုင္ၿပီး ဘာသာေရးကိုပါ ေစာ္ကားတဲ့ တစ္မ်ိဳးသားလုံး အျမတ္တႏိုးထားတဲ့ ဘာသာေရးကိုပါ ေစာ္ကားတဲ့အျပဳအမူမ်ားနဲ႔ ေသြးတိုးစမ္းလာတာေတြသည္ ျမန္မာျပည္သူလူ ထုတစ္ရပ္လုံးအတြက္ ျမန္မာျပည္သူတစ္ရပ္လုံးကို ေစာ္ကားျခင္း၊ ျမန္မာျပည္သူလူထုတစ္ရပ္လုံးအတြက္ မ်ားစြာေသာ စိတ္ထိခိုက္မႈျဖစ္ရပါတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔အေနနဲ႔ ျပန္ လည္ၿပီး တြန္းလွန္သြားရမယ္။ ျပန္လည္ၿပီး ေသြးစည္းသြားရမယ္။ ျပန္လည္ၿပီး ညီၫြတ္သြားရမွာျဖစ္ပါတယ္" ဟု ၎ကေျပာသည္။

ၿပီးခဲ့ေသာ ဒီဇင္ဘာလတြင္လည္း မူဆယ္ၿမိဳ႕အဝင္ လြယ္တိန္ခမ္းေတာင္ေပၚရွိ ရပ္ေတာ္မူဘုရားေက်ာင္းဝင္း၊ ဘုန္းႀကီး ေက်ာင္းဝင္းကို အၾကမ္းဖက္သမားမ်ားက Drop Bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္မႈေၾကာင့္ ဘုရားဝန္းအတြင္းရွိ သာသနိကအ ေဆာက္အဦးအခ်ိဳ႕ ထိခိုက္ပ်က္စီးသည့္ ျဖစ္စဥ္ျဖစ္ပြားဖူးသည္။

ထို႔ျပင္ အျခားေသာ လက္နက္ကိုင္မ်ားအေနျဖင့္လည္း ဘုရားေစတီမ်ားအေပၚတြင္ အကာအကြယ္ယူ၍ ပစ္ခတ္မႈမ်ားႏွင့္ ခံစစ္စခန္းျပဳလုပ္မႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

ပြိဳင့္ ၂၂၀၂ ေတာင္ကုန္းေပၚရွိ ေစတီတစ္ဆူကို သံတူျဖင့္ထုကာ ဖ်က္ဆီးခဲ့သည့္ အျပဳအမူႏွင့္ပတ္သက္၍လည္း သံဃာေတာ္မ်ားဦးေဆာင္ကာ လူပုဂၢိဳလ္မ်ားပူးေပါင္း၍ အင္အား (၇၀၀)ခန္႔ျဖင့္ လမ္းေလွ်ာက္ဆႏၵေဖာ္ထုတ္ကန္႔ကြက္ျခင္းအား မႏၲေလးၿမိဳ႕၌ ယမန္ေန႔ (ဇန္နဝါရီလ ၉ ရက္)တြင္ ျပဳလုပ္ခဲ့ၾကသည္။

MNDAA အဖြဲ႕အေနျဖင့္လည္း လက္ေအာက္ငယ္သား၏ တပ္စည္းမ်ဥ္းစည္းကမ္းညံ့ဖ်င္းမႈႏွင့္ အရည္အခ်င္းမရွိေသာ လုပ္ ေဆာင္မႈအတြက္လည္း လြန္စြာေတာင္းပန္အပ္ပါေၾကာင္းလည္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.