EV ကားအပါအဝင် အခြားသောပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် မီးလောင်မှုဖြစ်စဉ် မြောက်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွား

10381
သန့်ဇင်(NP News) - ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုးဖြစ်ပွားခဲ့ရာ EV ကားအပါအဝင် အခြားသောပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဇန်နဝါရီလ ၁၂ ရက်)၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊(ဋ)ရပ်ကွက်၊ အိန္ဒြာ(၁၂)လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စလောင်တာက ဖိနပ်တွေလုပ်တဲ့အိမ်ကစလောင်တာ။ မီးလောင်တဲ့ဖြစ်စဉ်တော့ မသိရသေးဘူး။ အဲဒီအိမ်က ပျဉ်ထောင်အိမ်ဆိုတော့ လောင်ပြီးဘေးက (၄)ထပ်တိုက်ကို မီးဟပ်ပြီး ကူးတာပေါ့။ အဲဒီမှာ (၄)ထပ်တိုက်ပါလောင်သွားတာ။ မီးစလောင်တဲ့ အိမ်ကလည်း EV ကား တစ်စီးနဲ့ အိမ်စီးကားတစ်စီးမီးလောင်သွားတယ်” ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော် လည်း ပျဉ်ထောင်အိမ်တစ်လုံး၊ (၄)ထပ်တိုက်တစ်လုံးနှင့် EV ကားတစ်စီး အပါအဝင် အိမ်စီးကားတစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှုတော့မရှိခဲ့ဘူး။ တော်တော်များများတော့ပါ သွားတယ်။ အဲဒီရပ်ကွက်ကလည်း အိမ်ချင်းတွေကကပ်နေတာ။ အခြားထပ်ကူးပြီး မီးလောင်တာမရှိခဲ့ပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုအား မြောက်ဥက္ကလာပမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များပူးပေါင်းကာ (၃၀) မိနစ်ခန့်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် မီးစတင်လောင်ကျွမ်းခဲ့သည့် ဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့၊ နံနက် ၃နာရီ ၁၈မိနစ် အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၇၂ ရပ်ကွက်၊ ပိတောက်လမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မီးသတ်စခန်းမှ (၃၀)မိနစ်ခန့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
EV ကားအပါအဝင္ အျခားေသာပ်က္စီးဆုံးရႈံးမႈမ်ားျပားခဲ့သည့္ မီးေလာင္မႈျဖစ္စဥ္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၌ ျဖစ္ပြား
သန႔္ဇင္(NP News) - ဇန္နဝါရီ ၁၂
ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ မီးေလာင္မႈးျဖစ္ပြားခဲ့ရာ EV ကားအပါအဝင္ အျခားေသာပ်က္စီးဆုံးရႈံးမႈမ်ားရွိခဲ့ေၾကာင္း သြားေရာက္ကူညီခဲ့သည့္ လူမႈကူညီေရးအသင္းထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔(ဇန္နဝါရီလ ၁၂ ရက္)၊ နံနက္ ၉ နာရီ ၁၅ မိနစ္အခ်ိန္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊(ဋ)ရပ္ကြက္၊ အိျႏၵာ(၁၂)လမ္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“စေလာင္တာက ဖိနပ္ေတြလုပ္တဲ့အိမ္ကစေလာင္တာ။ မီးေလာင္တဲ့ျဖစ္စဥ္ေတာ့ မသိရေသးဘူး။ အဲဒီအိမ္က ပ်ဥ္ေထာင္အိမ္ဆိုေတာ့ ေလာင္ၿပီးေဘးက (၄)ထပ္တိုက္ကို မီးဟပ္ၿပီး ကူးတာေပါ့။ အဲဒီမွာ (၄)ထပ္တိုက္ပါေလာင္သြားတာ။ မီးစေလာင္တဲ့ အိမ္ကလည္း EV ကား တစ္စီးနဲ႔ အိမ္စီးကားတစ္စီးမီးေလာင္သြားတယ္” ဟု သြားေရာက္ကူညီခဲ့သည့္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္ လည္း ပ်ဥ္ေထာင္အိမ္တစ္လုံး၊ (၄)ထပ္တိုက္တစ္လုံးႏွင့္ EV ကားတစ္စီး အပါအဝင္ အိမ္စီးကားတစ္စီးတို႔ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
“လူထိခိုက္မႈေတာ့မရွိခဲ့ဘူး။ ေတာ္ေတာ္မ်ားမ်ားေတာ့ပါ သြားတယ္။ အဲဒီရပ္ကြက္ကလည္း အိမ္ခ်င္းေတြကကပ္ေနတာ။ အျခားထပ္ကူးၿပီး မီးေလာင္တာမရွိခဲ့ပါဘူး” ဟု ၎ကဆက္လက္ေျပာသည္။
၎မီးေလာင္မႈအား ေျမာက္ဥကၠလာပၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားအသင္းအဖြဲ႕မ်ားပူးေပါင္းကာ (၃၀) မိနစ္ခန႔္မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္ မီးစတင္ေလာင္ကြၽမ္းခဲ့သည့္ ျဖစ္စဥ္ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား မီးသတ္တပ္ဖြဲ႕တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ယေန႔၊ နံနက္ ၃နာရီ ၁၈မိနစ္ အခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ ၇၂ ရပ္ကြက္၊ ပိေတာက္လမ္း၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ မီးသတ္စခန္းမွ (၃၀)မိနစ္ခန႔္သြားေရာက္ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။