မြန်မာ့သမိုင်းဝင် ကွေ့ချောင်းခံတပ်ကြီး၌ ကမ္ဘာလှည့်ခရီးသွားများအဆင်ပြေစေရန်အတွက် Base Camp များ တည်ဆောက်သင့်ဟုဆို

 2510

photo: Bagan GIS team

ယွန်း (NP News) - ဇန်နဝါရီ ၁၃

မြန်မာ့သမိုင်းဝင် ကွေ့ချောင်းခံတပ်ကြီး၌ ကမ္ဘာလှည့်ခရီးသွားများအဆင်ပြေစေရေးအတွက် Base Camp များ တည်ဆောက်သင့်ကြောင်း ရှေးဟောင်း သုတေသနပညာရှင်အသိုင်းအဝိုင်းက အကြံပြုပြောကြားထားသည်။

မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် အဆိုပါကွေ့ချောင်းခံတပ်ကြီးသည် ပုဂံဒေသတွင် တည်ရှိပြီး သုံးနှစ်ကြာအောင်တည်ဆောက်ခဲ့ရသည့် ခံတပ်ကြီးဖြစ်သည်။

လက်ရှိတွင် အဆိုပါခံတပ်ကြီး၌ အများသုံးသန့်စင်ခန်းများမရှိသည့်အတွက် လာရောက်လည်ပတ်သူများအနေ ဖြင့် ကြုံရာနေရာများတွင် အပေါ့၊ အလေး သွားခြင်းများနှင့် အမှိုက်ပစ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“နိုင်ငံခြားမှာဆိုရင် တော်တော်လေးကိုစိတ်ဝင်စားတဲ့နေရာပေါ့။ ကျွန်တော်တို့ဆီမှာကြတော့ ဒီတိုင်းကြီးပဲပစ်ထားသလိုဖြစ်နေတယ်။ အဲဒီမှာဆိုရင် toilet လည်းမရှိတော့ လူတွေကခံတပ်ကြီးထဲမှာပဲ အမှိုက်တွေပစ်ကြတာတို့၊ အလေးအပေါ့သွားကြတွေလည်းရှိတယ်။ အဲဒီတော့ နိုင်ငံခြားသားတွေလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာလည်းကျတယ်”ဟု သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအဆင်ပြေစေရန် နှင့် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အဆိုပါသမိုင်းဝင်ခံတပ်ကြီးတွင် Base Camp များ တည်ဆောက်သင့်ကြောင်း ၎င်းက အကြုံပြုပြောကြားထားသည်။

“အဓိကကတော့ ဒီလိုနေရာမျိုးမှာ Base Camp လိုမျိုးဆောက်မယ်။ ပြီးရင် toilet လေးတွေလည်းဆောက်ပေးမယ်။ နောက်တစ်ခုက စားသောက်ဆိုင်လိုမျိုးဟာလေးတွေဖွင့်ပေးထားမယ်ဆိုရင် တွေ့ရာနေရာမှာ မစားတော့ဘူး၊ တွေ့ရာနေရာမှ အလေးအပေါ့မသွားကြတော့ဘူး။ သမိုင်းဝင်အဆောက်အဦးလည်းဖြစ်တယ်ဆိုတော့ ထိန်းသိမ်းသင့်တယ်လို့လည်းမြင်မိတယ်။ Base Camp လိုမျိုးတွေဆောက်ရင်တော့ ဒေသခံတွေအနေနဲ့လည်း အလုပ်အကိုင် အခွင့်အလမ်းတွေလည်းရလာနိုင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းခံတပ်ကြီးသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်သည့်နေရာထဲတွင်ပါဝင်ပြီး ကုန်းဘောင်ခေတ်တွင် တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံရှိ ခံတပ်ကြီးများထဲတွင် အကြီးဆုံးဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာ့သမိုင္းဝင္ ေကြ႕ေခ်ာင္းခံတပ္ႀကီး၌ ကမာၻလွည့္ခရီးသြားမ်ားအဆင္ေျပေစရန္အတြက္ Base Camp မ်ား တည္ေဆာက္သင့္ဟုဆို

ယြန္း (NP News) - ဇန္နဝါရီ ၁၃

ျမန္မာ့သမိုင္းဝင္ ေကြ႕ေခ်ာင္းခံတပ္ႀကီး၌ ကမာၻလွည့္ခရီးသြားမ်ားအဆင္ေျပေစေရးအတြက္ Base Camp မ်ား တည္ေဆာက္သင့္ေၾကာင္း ေရွးေဟာင္း သုေတသနပညာရွင္အသိုင္းအဝိုင္းက အႀကံျပဳေျပာၾကားထားသည္။

ျမန္မာသကၠရာဇ္ ၁၂၂၂ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့သည့္ အဆိုပါေကြ႕ေခ်ာင္းခံတပ္ႀကီးသည္ ပုဂံေဒသတြင္ တည္ရွိၿပီး သုံးႏွစ္ၾကာေအာင္တည္ေဆာက္ခဲ့ရသည့္ ခံတပ္ႀကီးျဖစ္သည္။

လက္ရွိတြင္ အဆိုပါခံတပ္ႀကီး၌ အမ်ားသုံးသန႔္စင္ခန္းမ်ားမရွိသည့္အတြက္ လာေရာက္လည္ပတ္သူမ်ားအေန ျဖင့္ ႀကဳံရာေနရာမ်ားတြင္ အေပါ့၊ အေလး သြားျခင္းမ်ားႏွင့္ အမႈိက္ပစ္ျခင္းမ်ားကို ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

“ႏိုင္ငံျခားမွာဆိုရင္ ေတာ္ေတာ္ေလးကိုစိတ္ဝင္စားတဲ့ေနရာေပါ့။ ကြၽန္ေတာ္တို႔ဆီမွာၾကေတာ့ ဒီတိုင္းႀကီးပဲပစ္ထားသလိုျဖစ္ေနတယ္။ အဲဒီမွာဆိုရင္ toilet လည္းမရွိေတာ့ လူေတြကခံတပ္ႀကီးထဲမွာပဲ အမႈိက္ေတြပစ္ၾကတာတို႔၊ အေလးအေပါ့သြားၾကေတြလည္းရွိတယ္။ အဲဒီေတာ့ ႏိုင္ငံျခားသားေတြလာတဲ့အခါမွာ ကြၽန္ေတာ္တို႔ရဲ႕ ဂုဏ္သိကၡာလည္းက်တယ္”ဟု သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ပုဂံဌာနခြဲမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထို႔ေၾကာင့္ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ားအဆင္ေျပေစရန္ ႏွင့္ ေဒသခံမ်ားအလုပ္အကိုင္အခြင့္အလမ္းရရွိေရးအတြက္ အဆိုပါသမိုင္းဝင္ခံတပ္ႀကီးတြင္ Base Camp မ်ား တည္ေဆာက္သင့္ေၾကာင္း ၎က အႀကဳံျပဳေျပာၾကားထားသည္။

“အဓိကကေတာ့ ဒီလိုေနရာမ်ိဳးမွာ Base Camp လိုမ်ိဳးေဆာက္မယ္။ ၿပီးရင္ toilet ေလးေတြလည္းေဆာက္ေပးမယ္။ ေနာက္တစ္ခုက စားေသာက္ဆိုင္လိုမ်ိဳးဟာေလးေတြဖြင့္ေပးထားမယ္ဆိုရင္ ေတြ႕ရာေနရာမွာ မစားေတာ့ဘူး၊ ေတြ႕ရာေနရာမွ အေလးအေပါ့မသြားၾကေတာ့ဘူး။ သမိုင္းဝင္အေဆာက္အဦးလည္းျဖစ္တယ္ဆိုေတာ့ ထိန္းသိမ္းသင့္တယ္လို႔လည္းျမင္မိတယ္။ Base Camp လိုမ်ိဳးေတြေဆာက္ရင္ေတာ့ ေဒသခံေတြအေနနဲ႔လည္း အလုပ္အကိုင္ အခြင့္အလမ္းေတြလည္းရလာႏိုင္တယ္” ဟု ၎ကဆက္လက္ေျပာသည္။

၎ခံတပ္ႀကီးသည္ ကမာၻလွည့္ခရီးသြားမ်ား လာေရာက္လည္ပတ္သည့္ေနရာထဲတြင္ပါဝင္ၿပီး ကုန္းေဘာင္ေခတ္တြင္ တည္ေဆာက္ခဲ့သည့္ ျမန္မာႏိုင္ငံရွိ ခံတပ္ႀကီးမ်ားထဲတြင္ အႀကီးဆုံးျဖစ္ေၾကာင္း သိရသည္။

Related news

"နော်ဝေး"

30/12/2024 10:21

© 2021. All rights reserved.