ဖမ်းဆီးထားသော အစ္စရေးဓါးစာခံသုံးဦး၏ ဗီဒီယိုဖိုင်တစ်ခုကို ဟားမက်အဖွဲ့ ထုတ်ပြန်

1259

Pika (NP News) - ဇန်နဝါရီ ၁၅
ဟားမက်လက်နက်ကိုင်အဖွဲ့သည် ဂါဇာစစ်ပွဲဖြစ်ပွားမှု ရက်(၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ၎င်းတို့ဖမ်းဆီးထား သော အစ္စရေးဓါးစာခံ(၃)ဦး၏ ဗီဒီယိုဖိုင်တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ(၁၄)ရက်က ထုတ်ပြန်ခဲ့သော (၃၇)စက္ကန့်ကြာ ဗီဒီယိုဖိုင်ထဲတွင် ဖမ်းဆီးခံထားရသော အသက်(၂၆)နှစ် အရွယ် Noa Argamani၊ အသက်(၅၃)နှစ်အရွယ် Yossi Sharabi၊ အသက်(၃၈)နှစ်အရွယ် Itay Svirsky တို့ကို တွေ့မြင်ခဲ့ရသည်။
ထို့အပြင် ၎င်းတို့သုံးဦးလုံးသည် ဖမ်းဆီးခံထားရခြင်းမှ လွတ်မြောက်စေရန်အတွက် အစ္စရေးအာဏာပိုင်များကို တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။ အဆိုပါဗီဒီယိုဖိုင်သည် အာရပ်၊ ဟီဘရူး နှင့် အင်္ဂလိပ်လိုဖြင့် ရေးထား သောစာတန်းနှစ်ခုဖြင့် အဆုံးသတ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ဗီဒီယိုဖိုင်တွင် "မနက်ဖြန်မှာ ဒီလူတွေရဲ့ကံကြမ္မာအကြောင်းကို ကျွန်တော်တို့ အကြောင်းကြားသွားမှာပါ။ ပြီးတော့ အခြားလူတွေလည်း ပါပါတယ်။ အစ္စရေးအစိုးရက လိမ်ညာနေတာပါ" ဟု ရေးသားထားသည်။ Supernova သီချင်းပွဲတော်မှာ Noa Argamani အား ဖမ်းဆီးခဲ့သည့် ရုပ်သံဖိုင်မှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင် ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် ပထမဆုံးထွက်ပေါ်လာသည့် ဗီဒီယိုတစ်ခုဖြစ်ကြောင်း လည်း သိရသည်။
ဝှီးချဲပေါ်တွင် ထိုင်နေရကာ ကင်ဆာဖြစ်နေသော Noa Argamani ၏ မိခင်သည် Tel Aviv မြို့တွင်ကျင်းပသည့် အစ္စရေးဓါးစာခံများအား ထောက်ခံသောလူထုစည်းဝေးပွဲတွင် လူ(၁၂ဝဝဝဝ)ခန့်ရှေ့မှာ စကားပြောဆိုခဲ့ကြောင်း လည်း သိရသည်။ ၎င်းက "Noa Argamani ဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံရထား ရက်ပေါင်း (၁ဝဝ)ပြည့်ပါပြီ။ Noa Argamani ဟာ အဲဒီနေရာမှာ ဘာလို့ဆက်ရှိနေတာလဲ၊ ဘယ်လိုတွေဖြစ်နေလဲဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မရဲ့နောက်ဆုံးနေ့မတိုင်ခင် သမီးဖြစ်တဲ့ Noa Argamani ကို ပြန်တွေ့နိုင်ဖို့ပဲ မျှော်လင့်ပါတယ်" ဟု ပြောခဲ့သည်။
Yossi Sharabi နှင့် Itay Svirsky တို့သည်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးနယ်စပ် အနီးရှိ Be’eri kibbutz မြို့မှာ ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဆက်လက်တိုက်ခိုက်နေခြင်းက အစ္စရေးဓါးစာခံများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဟားမက်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Abu Obeida က ပြောကြားခဲ့သည်။
၎င်းက "ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေရဲ့ကံကြမ္မာကို သိရတော့မှာမဟုတ်ပါဘူး။ သူတို့ထဲက အများစုဟာ မကြာသေးမီက အသတ်ခံခဲ့ရပါတယ်။ ကျန်ရှိနေတဲ့သူတွေရဲ့အသက်ကလည်း အချိန်တိုင်း အန္တရာယ်ထဲကို ရောက်နေတာဖြစ်ပါတယ်။ ဒါဟာ အစ္စရေးခေါင်းဆောင်ပိုင်းနဲ့ စစ်တပ်တို့မှာ တာဝန်အပြည့်အဝရှိပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ဖမ္းဆီးထားေသာ အစၥေရးဓါးစာခံသုံးဦး၏ ဗီဒီယိုဖိုင္တစ္ခုကို ဟားမက္အဖြဲ႕ ထုတ္ျပန္
Pika (NP News) - ဇန္နဝါရီ ၁၅
ဟားမက္လက္နက္ကိုင္အဖြဲ႕သည္ ဂါဇာစစ္ပြဲျဖစ္ပြားမႈ ရက္(၁ဝဝ)ျပည့္ အထိမ္းအမွတ္အျဖစ္ ၎တို႔ဖမ္းဆီးထား ေသာ အစၥေရးဓါးစာခံ(၃)ဦး၏ ဗီဒီယိုဖိုင္တစ္ခုကို ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
ဇန္နဝါရီလ(၁၄)ရက္က ထုတ္ျပန္ခဲ့ေသာ (၃၇)စကၠန႔္ၾကာ ဗီဒီယိုဖိုင္ထဲတြင္ ဖမ္းဆီးခံထားရေသာ အသက္(၂၆)ႏွစ္ အ႐ြယ္ Noa Argamani၊ အသက္(၅၃)ႏွစ္အ႐ြယ္ Yossi Sharabi၊ အသက္(၃၈)ႏွစ္အ႐ြယ္ Itay Svirsky တို႔ကို ေတြ႕ျမင္ခဲ့ရသည္။
ထို႔အျပင္ ၎တို႔သုံးဦးလုံးသည္ ဖမ္းဆီးခံထားရျခင္းမွ လြတ္ေျမာက္ေစရန္အတြက္ အစၥေရးအာဏာပိုင္မ်ားကို ေတာင္းဆိုခဲ့ၾကေၾကာင္းလည္း သိရသည္။ အဆိုပါဗီဒီယိုဖိုင္သည္ အာရပ္၊ ဟီဘ႐ူး ႏွင့္ အဂၤလိပ္လိုျဖင့္ ေရးထား ေသာစာတန္းႏွစ္ခုျဖင့္ အဆုံးသတ္ခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါ ဗီဒီယိုဖိုင္တြင္ "မနက္ျဖန္မွာ ဒီလူေတြရဲ႕ကံၾကမၼာအေၾကာင္းကို ကြၽန္ေတာ္တို႔ အေၾကာင္းၾကားသြားမွာပါ။ ၿပီးေတာ့ အျခားလူေတြလည္း ပါပါတယ္။ အစၥေရးအစိုးရက လိမ္ညာေနတာပါ" ဟု ေရးသားထားသည္။ Supernova သီခ်င္းပြဲေတာ္မွာ Noa Argamani အား ဖမ္းဆီးခဲ့သည့္ ႐ုပ္သံဖိုင္မွာ အစၥေရး-ဟားမက္စစ္ပြဲ စတင္ ျဖစ္ပြားခဲ့သည့္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ(၇)ရက္တြင္ ပထမဆုံးထြက္ေပၚလာသည့္ ဗီဒီယိုတစ္ခုျဖစ္ေၾကာင္း လည္း သိရသည္။
ဝွီးခ်ဲေပၚတြင္ ထိုင္ေနရကာ ကင္ဆာျဖစ္ေနေသာ Noa Argamani ၏ မိခင္သည္ Tel Aviv ၿမိဳ႕တြင္က်င္းပသည့္ အစၥေရးဓါးစာခံမ်ားအား ေထာက္ခံေသာလူထုစည္းေဝးပြဲတြင္ လူ(၁၂ဝဝဝဝ)ခန႔္ေရွ႕မွာ စကားေျပာဆိုခဲ့ေၾကာင္း လည္း သိရသည္။ ၎က "Noa Argamani ဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ဖမ္းဆီးမႈကိုခံရထား ရက္ေပါင္း (၁ဝဝ)ျပည့္ပါၿပီ။ Noa Argamani ဟာ အဲဒီေနရာမွာ ဘာလို႔ဆက္ရွိေနတာလဲ၊ ဘယ္လိုေတြျဖစ္ေနလဲဆိုတာ ကြၽန္မ မသိပါဘူး။ ကြၽန္မရဲ႕ေနာက္ဆုံးေန႔မတိုင္ခင္ သမီးျဖစ္တဲ့ Noa Argamani ကို ျပန္ေတြ႕ႏိုင္ဖို႔ပဲ ေမွ်ာ္လင့္ပါတယ္" ဟု ေျပာခဲ့သည္။
Yossi Sharabi ႏွင့္ Itay Svirsky တို႔သည္လည္း ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ(၇)ရက္တြင္ အစၥေရးနယ္စပ္ အနီးရွိ Be’eri kibbutz ၿမိဳ႕မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕၏ ဖမ္းဆီးျခင္းကို ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ ဂါဇာကမ္းေျမာင္ေဒသကို အစၥေရးက ဆက္လက္တိုက္ခိုက္ေနျခင္းက အစၥေရးဓါးစာခံမ်ား၏ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ေနျခင္းျဖစ္ေၾကာင္း ဟားမက္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Abu Obeida က ေျပာၾကားခဲ့သည္။
၎က "ဓါးစာခံအျဖစ္ ဖမ္းဆီးခံထားရသူေတြရဲ႕ကံၾကမၼာကို သိရေတာ့မွာမဟုတ္ပါဘူး။ သူတို႔ထဲက အမ်ားစုဟာ မၾကာေသးမီက အသတ္ခံခဲ့ရပါတယ္။ က်န္ရွိေနတဲ့သူေတြရဲ႕အသက္ကလည္း အခ်ိန္တိုင္း အႏၲရာယ္ထဲကို ေရာက္ေနတာျဖစ္ပါတယ္။ ဒါဟာ အစၥေရးေခါင္းေဆာင္ပိုင္းနဲ႔ စစ္တပ္တို႔မွာ တာဝန္အျပည့္အဝရွိပါတယ္" ဟု ေျပာခဲ့သည္။