စင်ကာပူမှာ မွေးဖွားခဲ့တဲ့ ပန်ဒါဝက်ဝံကြီးလဲ့လဲ့ တရုတ်နိုင်ငံကို ပြန်ရောက်ရှိပြီးနောက် ကွာရန်တင်းဝင်ရ

933

ရောင်နီ (NP News) - ဇန်နဝါရီ ၁၉
စင်ကာပူနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ပန်ဒါဝက်ဝံလဲ့လဲ့ဟာ ဇန်နဝါရီ (၁၆)ရက် ညပိုင်းက စင်ကာပူ လေကြောင်းလိုင်း Singapore Airlines (SIA) နဲ့အတူ မိခင် တရုတ်နိုင်ငံ ချန်ဒူးမြို့ဆီ ရောက်ရှိလာခဲ့ပါတယ်။
ပန်ဒါဝက်ဝံလဲ့လဲ့ဟာ စင်ကာပူကို တရုတ်က လက်ဆောင်အဖြစ် ပေးပို့ခဲ့တဲ့ ပန်ဒါဝက်ဝံကြီး ကျာကျာမှ မွေးဖွားခဲ့တဲ့ ပန်ဒါမျိုးဆက်ဖြစ်ပါတယ်။
၎င်းဟာ ၁၆ ရက် ည ၇ နာရီ ၁၇ မိနစ်မှာ SIA Boeing 747-400F ကုန်တင်လေယာဉ်နဲ့ စင်္ကာပူမှ ထွက်ခွာခဲ့ပြီး၊ ချန်ဒူးရှန်လျူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ည ၁၁ နာရီ ၁၄ မိနစ်က ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက သုံးနှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ စင်ကာပူနိုင်ငံမှာ မွေးဖွားတဲ့ ပန်ဒါဝက်ဝံ လဲ့လဲ့ဟာ တရုတ်နိုင်ငံကို ရောက်ရှိပြီးနောက် အစီအမံတစ်ခုဖြစ်တဲ့ ကွာရန်တင်းဝင်ဖို့ လုပ်နေတယ်လို့ Mandai Wildlife Group နဲ့ SIA က ဇန်နဝါရီ ၁၇ ရက် ပူးတွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လဲ့လဲ့ရဲ့ ကွာရန်တင်းဟာ ရက်ပေါင်း ၃၀ ကြာမြင့်မယ်လို့ ခန့်မှန်းရပြီး ကွာရန်တင်းဝင်ချိန်မှာ ၎င်းကို တရုတ် ထိန်းသိမ်းရေးနဲ့ သုတေသနစင်တာမှ Giant Panda (CCRCGP) မှ အနီးကပ်စောင့်ကြည့်မယ်လို့ သိရပါတယ်။
လဲ့လဲ့ကို ခန့်မှန်းခြေ အရှည် ၁.၇ မီတာ၊ အနံ ၁.၁ မီတာ ၊ အမြင့် ၁.၃ မီတာ ရှိတဲ့ သေတ္တာနဲ့ Bukit Timah၊ Seletar ၊ Tampines Expressways မှတဆင့် ချန်ဂီ လေဆိပ်ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version;
စင္ကာပူမွာ ေမြးဖြားခဲ့တဲ့ ပန္ဒါဝက္ဝံႀကီးလဲ့လဲ့ တ႐ုတ္ႏိုင္ငံကို ျပန္ေရာက္ရွိၿပီးေနာက္ ကြာရန္တင္းဝင္ရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၉
စင္ကာပူႏိုင္ငံမွာ ေမြးဖြားခဲ့တဲ့ ပန္ဒါဝက္ဝံလဲ့လဲ့ဟာ ဇန္နဝါရီ (၁၆)ရက္ ညပိုင္းက စင္ကာပူ ေလေၾကာင္းလိုင္း Singapore Airlines (SIA) နဲ႔အတူ မိခင္ တ႐ုတ္ႏိုင္ငံ ခ်န္ဒူးၿမိဳ႕ဆီ ေရာက္ရွိလာခဲ့ပါတယ္။
ပန္ဒါဝက္ဝံလဲ့လဲ့ဟာ စင္ကာပူကို တ႐ုတ္က လက္ေဆာင္အျဖစ္ ေပးပို႔ခဲ့တဲ့ ပန္ဒါဝက္ဝံႀကီး က်ာက်ာမွ ေမြးဖြားခဲ့တဲ့ ပန္ဒါမ်ိဳးဆက္ျဖစ္ပါတယ္။
၎ဟာ ၁၆ ရက္ ည ၇ နာရီ ၁၇ မိနစ္မွာ SIA Boeing 747-400F ကုန္တင္ေလယာဥ္နဲ႔ စကၤာပူမွ ထြက္ခြာခဲ့ၿပီး၊ ခ်န္ဒူးရွန္လ်ဴ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ည ၁၁ နာရီ ၁၄ မိနစ္က ဆင္းသက္ခဲ့တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဩဂုတ္လက သုံးႏွစ္ျပည့္ခဲ့ၿပီျဖစ္တဲ့ စင္ကာပူႏိုင္ငံမွာ ေမြးဖြားတဲ့ ပန္ဒါဝက္ဝံ လဲ့လဲ့ဟာ တ႐ုတ္ႏိုင္ငံကို ေရာက္ရွိၿပီးေနာက္ အစီအမံတစ္ခုျဖစ္တဲ့ ကြာရန္တင္းဝင္ဖို႔ လုပ္ေနတယ္လို႔ Mandai Wildlife Group နဲ႔ SIA က ဇန္နဝါရီ ၁၇ ရက္ ပူးတြဲသတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
လဲ့လဲ့ရဲ႕ ကြာရန္တင္းဟာ ရက္ေပါင္း ၃၀ ၾကာျမင့္မယ္လို႔ ခန္႔မွန္းရၿပီး ကြာရန္တင္းဝင္ခ်ိန္မွာ ၎ကို တ႐ုတ္ ထိန္းသိမ္းေရးနဲ႔ သုေတသနစင္တာမွ Giant Panda (CCRCGP) မွ အနီးကပ္ေစာင့္ၾကည့္မယ္လို႔ သိရပါတယ္။
လဲ့လဲ့ကို ခန႔္မွန္းေျခ အရွည္ ၁.၇ မီတာ၊ အနံ ၁.၁ မီတာ ၊ အျမင့္ ၁.၃ မီတာ ရွိတဲ့ ေသတၱာနဲ႔ Bukit Timah၊ Seletar ၊ Tampines Expressways မွတဆင့္ ခ်န္ဂီ ေလဆိပ္ကို ပို႔ေဆာင္ခဲ့တာ ျဖစ္ပါတယ္။