ကမ္ဘာ့ Pole Vault ချန်ပီယံဟောင်း ရှရွန်းဘာဘာ အသက် ၂၉ နှစ်အရွယ်မှာ ကွယ်လွန်

 418

ရောင်နီ (NP News) - ဇန်နဝါရီ ၂၀

၂၀၁၅ ခုနှစ်ရဲ့ Pole Vault ကမ္ဘာ့ချန်ပီယံဟောင်း ရှရွန်းဘာဘာဟာ အသက် ၂၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဘာဘာ ဟာ ဆေးဘက်ဆိုင်ရာရှုပ်ထွေးမှုတွေကြောင့် တက္ကဆက်ပြည်နယ် ကရစ်ဝုဒ် ရှိ နေအိမ်မှာပဲဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၇ ရက်) က ကွယ်လွန်သွားခဲ့တယ်လို့ သူမရဲ့အေးဂျင့် ပေါဒိုရယ်လ် က ပြောကြားခဲ့ပါတယ်။

"ဒီလို လူကောင်းတစ်ယောက်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးလိုက်ရတာက ဝမ်းနည်းစရာပါပဲ" လို့ ပေါလ်က ဆိုပါတယ်။

ဘာဘာဟာ ၂၀၁၅ ခုနှစ်၊ Pan American Games မှာ ရွှေတံဆိပ်ရယူခဲ့ပြီး၊ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ ရေပန်းအစားဆုံး အားကစားသမား ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်ကလည်း ဘာဘာဟာ အကောင်းဆုံး ခုန်နိုင်မှု အမြင့် ၆.၀ မီတာ နဲ့ စံချိန်တင်ခဲ့ပါတယ်။

ဘာဘာ ဟာ အဖေဖြစ်သူ နည်းပြ ဂျော့ဂ်ျရဲ့ သမီးငယ်ပီသစွာ အဖေ့ခြေရာနင်းဖို့ကြိုးစားရင်း အသက် ၇ နှစ်အရွယ်ကတည်းက pole vault မှာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Aversion;







Related news

© 2021. All rights reserved.