စီရော်နယ်ဒိုနှင့် အယ်လ်နာဆာအသင်းတွင် ပြန်လည်ပေါင်းစည်းနိုင်ဖွယ်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကစားဖော်ဟောင်း ဘန်ဇီမာ

 646

Pika (NP News) - ဇန်နဝါရီ ၃ဝ

လက်ရှိ ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ Al-Ittihad အသင်းတိုက်စစ်မှူး ဘန်ဇီမာသည် ၎င်း၏ ရီးရဲလ်မက်ဒရစ်အသင်းကစားဖော်ဟောင်း စီရော်နယ်ဒို နှင့် အယ်လ်နာဆာအသင်းတွင် ပြန်လည်ပေါင်းစည်းနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ဘန်ဇီမာသည် ဆော်ဒီပရိုလိဂ် Al-Ittihad အသင်းတွင် မပျော်မရွှင်ဖြစ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး နောက် အသင်းမှ ထွက်ခွာရန်အတွက် ချိတ်ဆက်မှုများစွာရှိနေကြောင်းလည်း သိရသည်။ ဘန်ဇီမာသည် အယ်လ်နာဆာအသင်းတာဝန်ရှိသူများ နှင့် စကားပြောဆိုမှုများလုပ်ဆောင်ခဲ့ပြီး ၎င်း၏ ရီးရဲလ်မက်ဒရစ်အသင်းကစားဖော်ဟောင်း စီရော်နယ်ဒို နှင့် အယ်လ်နာဆာအသင်းတွင် ပြန်လည် ပေါင်းစည်းနိုင်ဖွယ်ရှိနေကြောင်း L’Équipe ချန်နယ်က ဖော်ပြခဲ့သည်။

သို့သော်လည်း အယ်လ်နာဆာအသင်းအပြင် Al-Hilal အသင်းသည်လည်း ဘန်ဇီမာကိုခေါ်ယူရန်အတွက် ချိတ်ဆက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဘန်ဇီမာ နှင့် စီရော်နယ်ဒိုတို့သည် ရီးရဲလ်မက်ဒရစ်အသင်းတွင် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ (၉)နှစ်ကြာ တွဲကစားခဲ့ဖူးကြောင်းလည်း သိရသည်။ အဆိုပါ(၉)နှစ်အတွင်း ဘန်ဇီမာ နှင့် စီရော်နယ်ဒိုတို့သည် ချန်ပီယံလိဂ်ဆုဖလား (၄)ကြိမ် အပါအဝင် ဆုဖလားပေါင်းများစွာကို အတူတကွ ဆွတ်ခူးနိုင်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
စီေရာ္နယ္ဒိုႏွင့္ အယ္လ္နာဆာအသင္းတြင္ ျပန္လည္ေပါင္းစည္းႏိုင္ဖြယ္ရွိေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းကစားေဖာ္ေဟာင္း ဘန္ဇီမာ
Pika (NP News) - ဇန္နဝါရီ ၃ဝ

လက္ရွိ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီ Al-Ittihad အသင္းတိုက္စစ္မႉး ဘန္ဇီမာသည္ ၎၏ ရီးရဲလ္မက္ဒရစ္အသင္းကစားေဖာ္ေဟာင္း စီေရာ္နယ္ဒို ႏွင့္ အယ္လ္နာဆာအသင္းတြင္ ျပန္လည္ေပါင္းစည္းႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။

ဘန္ဇီမာသည္ ေဆာ္ဒီပ႐ိုလိဂ္ Al-Ittihad အသင္းတြင္ မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ၿပီး ေနာက္ အသင္းမွ ထြက္ခြာရန္အတြက္ ခ်ိတ္ဆက္မႈမ်ားစြာရွိေနေၾကာင္းလည္း သိရသည္။ ဘန္ဇီမာသည္ အယ္လ္နာဆာအသင္းတာဝန္ရွိသူမ်ား ႏွင့္ စကားေျပာဆိုမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ၎၏ ရီးရဲလ္မက္ဒရစ္အသင္းကစားေဖာ္ေဟာင္း စီေရာ္နယ္ဒို ႏွင့္ အယ္လ္နာဆာအသင္းတြင္ ျပန္လည္ ေပါင္းစည္းႏိုင္ဖြယ္ရွိေနေၾကာင္း L’Équipe ခ်န္နယ္က ေဖာ္ျပခဲ့သည္။

သို႔ေသာ္လည္း အယ္လ္နာဆာအသင္းအျပင္ Al-Hilal အသင္းသည္လည္း ဘန္ဇီမာကိုေခၚယူရန္အတြက္ ခ်ိတ္ဆက္မႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ဘန္ဇီမာ ႏွင့္ စီေရာ္နယ္ဒိုတို႔သည္ ရီးရဲလ္မက္ဒရစ္အသင္းတြင္ ၂ဝဝ၉ ခုႏွစ္မွ ၂ဝ၁၈ ခုႏွစ္အထိ (၉)ႏွစ္ၾကာ တြဲကစားခဲ့ဖူးေၾကာင္းလည္း သိရသည္။ အဆိုပါ(၉)ႏွစ္အတြင္း ဘန္ဇီမာ ႏွင့္ စီေရာ္နယ္ဒိုတို႔သည္ ခ်န္ပီယံလိဂ္ဆုဖလား (၄)ႀကိမ္ အပါအဝင္ ဆုဖလားေပါင္းမ်ားစြာကို အတူတကြ ဆြတ္ခူးႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.