ထိုင်းနိုင်ငံမှာ ကျောင်းသားတစ်ဦးက အတန်းဖော်တစ်ဦးကို ဓားနဲ့ထိုးသတ်မှုဖြစ်ပွား

 2088

ရောင်နီ (NP News) - ဇန်နဝါရီ ၃၀

ထိုင်းနိုင်ငံမှာ အဋ္ဌမတန်း ကျောင်းသားတစ်ဦးဟာ ဇန်နဝါရီ ၂၉ ရက် (တနင်္လာနေ့) နံနက်က အတန်းဖော်တစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ မြို့တော်ရှိ ရဲတပ်ဖွဲ့နဲ့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

Nak Nava Upatham ကျောင်းမှာ ဇန်နဝါရီ ၂၉ ရက် (တနင်္လာနေ့)၊ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဓားထိုးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့က အတန်းအားလုံးဖျက်သိမ်းပြီး ကျောင်းပိတ်လိုက်ရပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူရဲ့အတန်းဖော်တွေနဲ့ တိုက်ခိုက်သူဟာ အဲဒီနေ့ နံနက်က နိုင်ငံတော် သီချင်းသီဆိုပြီးနောက် ဒုတိယထပ်ရှိ စာသင်ခန်းဆီ သွားရောက်နေစဉ် အသတ်ခံရတဲ့ ကျောင်းသားက တိုက်ခိုက်သူကို စနောက်အနိုင်ကျင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အနေအေးတယ်လို့ အားလုံးက ဆိုကြတဲ့ တိုက်ခိုက်သူက သစ်သီးလှီးတဲ့ဓားကိုယူကာ သေဆုံးသူရဲ့ လည်ပင်းကို ဓားနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ကလေးဟာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ လည်ပင်းညာဘက်ခြမ်းကို ထပ်မံ ဓားနဲ့ ထိုးတာကြောင့်လဲကျသေဆုံးခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်သူ ကျောင်းသားဟာ မူလအနေအေးသူဖြစ်ပြီး၊ သူ့ကိုအခြားကျောင်းသားတွေက စနောက်ကဲ့ရဲ့တတ်ကြတယ်လို့ ကျောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ယင်းနောက် ကျူးလွန်သူ ကျောင်းသားကို စစ်ဆေးမေးမြန်းဖို့ Klong Tan ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ ေက်ာင္းသားတစ္ဦးက အတန္းေဖာ္တစ္ဦးကို ဓားနဲ႔ထိုးသတ္မႈျဖစ္ပြား
ေရာင္နီ (NP News) - ဇန္နဝါရီ ၃၀

ထိုင္းႏိုင္ငံမွာ အ႒မတန္း ေက်ာင္းသားတစ္ဦးဟာ ဇန္နဝါရီ ၂၉ ရက္ (တနလၤာေန႔) နံနက္က အတန္းေဖာ္တစ္ဦးကို ဓားနဲ႔ထိုးသတ္ခဲ့တယ္လို႔ ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ရွိ ရဲတပ္ဖြဲ႕နဲ႔ ေက်ာင္းတာဝန္ရွိသူေတြက ေျပာပါတယ္။

Nak Nava Upatham ေက်ာင္းမွာ ဇန္နဝါရီ ၂၉ ရက္ (တနလၤာေန႔)၊ နံနက္ ၈ နာရီ ၃၀ မိနစ္ခန္႔က ဓားထိုးမႈ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အဲဒီေန႔က အတန္းအားလုံးဖ်က္သိမ္းၿပီး ေက်ာင္းပိတ္လိုက္ရပါတယ္။ အၾကမ္းဖက္တိုက္ခိုက္သူရဲ႕အတန္းေဖာ္ေတြနဲ႔ တိုက္ခိုက္သူဟာ အဲဒီေန႔ နံနက္က ႏိုင္ငံေတာ္ သီခ်င္းသီဆိုၿပီးေနာက္ ဒုတိယထပ္ရွိ စာသင္ခန္းဆီ သြားေရာက္ေနစဥ္ အသတ္ခံရတဲ့ ေက်ာင္းသားက တိုက္ခိုက္သူကို စေနာက္အႏိုင္က်င့္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီေနာက္ အေနေအးတယ္လို႔ အားလုံးက ဆိုၾကတဲ့ တိုက္ခိုက္သူက သစ္သီးလွီးတဲ့ဓားကိုယူကာ ေသဆုံးသူရဲ႕ လည္ပင္းကို ဓားနဲ႔ထိုးခဲ့တယ္လို႔ သိရပါတယ္။

တိုက္ခိုက္ခံရတဲ့ကေလးဟာ ထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ အဲဒီအခ်ိန္မွာပဲ လည္ပင္းညာဘက္ျခမ္းကို ထပ္မံ ဓားနဲ႔ ထိုးတာေၾကာင့္လဲက်ေသဆုံးခဲ့ပါတယ္။

အဆိုပါတိုက္ခိုက္သူ ေက်ာင္းသားဟာ မူလအေနေအးသူျဖစ္ၿပီး၊ သူ႔ကိုအျခားေက်ာင္းသားေတြက စေနာက္ကဲ့ရဲ႕တတ္ၾကတယ္လို႔ ေက်ာင္းဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ယင္းေနာက္ က်ဴးလြန္သူ ေက်ာင္းသားကို စစ္ေဆးေမးျမန္းဖို႔ Klong Tan ရဲစခန္းကို ေခၚေဆာင္သြားခဲ့ပါတယ္။

Related news

© 2021. All rights reserved.