လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး နစက နှင့် ယော PDF အဖွဲ့တို့ အပြန်အလှန်စွပ်စွဲနေ

18604

သုတကျော် (NP News) - ဖေဖော်ဝါရီ ၇
PDF နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်တစ်ခု အင်တာနက်စာမျက်နှာများထက်တွင်ပျံ့နှံ့ခဲ့ကာ အဆိုပါ လုပ်ရပ်ကို ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက ဆောင် ရွက်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း နစက က ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်) တွင် ရှင်းလင်းထုတ်ပြန်သည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၊ တယ်လီဂရမ်ချန်နယ်များတွင်ရုပ်သံဖိုင်များ၊ ဓာတ်ပုံများ ပျံ့နှံ့ခဲ့ခြင်း ဖြစ်ကာ သေဆုံသူ ၂ ဦးမှာ PDF အဖွဲ့တစ်ဖွဲ့ ဖြစ်သော ယောကာကွယ်ရေးတပ် (YDF) မှ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ကြကာဝေဖန်မှုများ ရှိခဲ့ခြင်းဖြစ်သည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံများထံမှ စုံစမ်းသိရှိရသည့် သတင်းရင်းမြစ်အချို့အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း၌ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များအား PDF အမည်ခံအကြမ်း ဖက်သမားများက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွား ခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား အရှင်ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း ကနဦးသိရှိရသည်ဟု ရှင်းလင်းချက်တွင်ဖော်ပြထားသည်။
ဆက်လက်စိစစ်ချက်များအရ လူမှုကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေလျက်ရှိသည့် ရုပ်သံဖိုင်၌ ရက်ရက်စက်စက် သတ်ဖြတ်ခံရသူနှစ်ဦးမှာ PDF အမည်ခံအကြမ်းဖက် သမားများဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အချင်းချင်း နယ်မြေလုခြင်း၊ ငွေကြေးအရှုပ်အရှင်းများရှိခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်မလုပ်ဆောင်လိုခြင်း စသည့်အကြောင်းချင်းရာများကြောင့် အချင်းချင်းစိတ်သဘောထားမတိုက်ဆိုင်သဖြင့် ၎င်းတို့အချင်းချင်း ယခုကဲ့သို့လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းကို ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည့်အသွင်ဖြင့် လုပ်ကြံဖန်တီး ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုသာဖြစ်ကြောင်း သိရှိရသည်ဟု နစက၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အတူ ယော PDF အဖွဲ့ကလည်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ PDF လူငယ်နှစ်ဦးကို ပြည်သူ့စစ်နှင့် လုံခြုံရေးအဖွဲ့ဝင်များက မီးရှို့သတ် ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Zawgyi Version;
လူငယ္ႏွစ္ဦး အရွင္လတ္လတ္ မီးရႈိ႕သတ္ျဖတ္ခံရျခင္းႏွင့္ပတ္သက္ၿပီး နစက ႏွင့္ ေယာ PDF အဖြဲ႕တို႔ အျပန္အလွန္စြပ္စြဲေန
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၇
PDF ႏွစ္ဦးကို အရွင္လတ္လတ္ မီးရႈိ႕သတ္ျဖတ္ေနသည့္ ႐ုပ္သံဖိုင္တစ္ခု အင္တာနက္စာမ်က္ႏွာမ်ားထက္တြင္ပ်ံ႕ႏွံ႔ခဲ့ကာ အဆိုပါ လုပ္ရပ္ကို ရပ္႐ြာကာကြယ္ေရးအဖြဲ႕ဝင္မ်ားက ေဆာင္ ႐ြက္သည္ဆိုျခင္းမွာ မဟုတ္မွန္ေၾကာင္း နစက က ယေန႔ (ေဖေဖာ္ဝါရီလ ၇ ရက္) တြင္ ရွင္းလင္းထုတ္ျပန္သည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမ်ား၊ တယ္လီဂရမ္ခ်န္နယ္မ်ားတြင္႐ုပ္သံဖိုင္မ်ား၊ ဓာတ္ပုံမ်ား ပ်ံ႕ႏွံ႔ခဲ့ျခင္း ျဖစ္ကာ ေသဆုံသူ ၂ ဦးမွာ PDF အဖြဲ႕တစ္ဖြဲ႕ ျဖစ္ေသာ ေယာကာကြယ္ေရးတပ္ (YDF) မွ ျဖစ္ေၾကာင္း ေဖာ္ထုတ္ခဲ့ၾကကာေဝဖန္မႈမ်ား ရွိခဲ့ျခင္းျဖစ္သည္။
၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ေဒသခံမ်ားထံမွ စုံစမ္းသိရွိရသည့္ သတင္းရင္းျမစ္အခ်ိဳ႕အရ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလ ပထမအပတ္အတြင္း၌ မေကြးတိုင္းေဒသႀကီး၊ ဂန႔္ေဂါၿမိဳ႕နယ္၊ ေျမာက္ခင္ရန္းေက်း႐ြာတြင္ လုံၿခဳံေရးေဆာင္႐ြက္လ်က္ရွိသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ရပ္႐ြာကာကြယ္ေရးအဖြဲ႕ဝင္မ်ားအား PDF အမည္ခံအၾကမ္း ဖက္သမားမ်ားက လာေရာက္တိုက္ခိုက္ခဲ့ၿပီး အက်အဆုံးမ်ားစြာျဖင့္ ဆုတ္ခြာထြက္ေျပးသြား ခဲ့ေၾကာင္းႏွင့္ အၾကမ္းဖက္သမားမ်ားအား အရွင္ဖမ္းဆီးရမိခဲ့ျခင္းမရွိေၾကာင္း ကနဦးသိရွိရသည္ဟု ရွင္းလင္းခ်က္တြင္ေဖာ္ျပထားသည္။
ဆက္လက္စိစစ္ခ်က္မ်ားအရ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ ျဖန႔္ေဝလ်က္ရွိသည့္ ႐ုပ္သံဖိုင္၌ ရက္ရက္စက္စက္ သတ္ျဖတ္ခံရသူႏွစ္ဦးမွာ PDF အမည္ခံအၾကမ္းဖက္ သမားမ်ားျဖစ္ေၾကာင္း သိရွိရၿပီး ၎တို႔အခ်င္းခ်င္း နယ္ေျမလုျခင္း၊ ေငြေၾကးအရႈပ္အရွင္းမ်ားရွိျခင္းႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို ဆက္လက္မလုပ္ေဆာင္လိုျခင္း စသည့္အေၾကာင္းခ်င္းရာမ်ားေၾကာင့္ အခ်င္းခ်င္းစိတ္သေဘာထားမတိုက္ဆိုင္သျဖင့္ ၎တို႔အခ်င္းခ်င္း ယခုကဲ့သို႔လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ထိုကဲ့သို႔ လုပ္ေဆာင္ခဲ့ျခင္းကို ရပ္႐ြာကာကြယ္ေရးအဖြဲ႕ဝင္မ်ားက လုပ္ေဆာင္ခဲ့သည့္အသြင္ျဖင့္ လုပ္ႀကံဖန္တီး ႐ိုက္ကူးထားသည့္ ႐ုပ္သံဖိုင္တစ္ခုသာျဖစ္ေၾကာင္း သိရွိရသည္ဟု နစက၏ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ထို႔အတူ ေယာ PDF အဖြဲ႕ကလည္း အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ၎တို႔၏ PDF လူငယ္ႏွစ္ဦးကို ျပည္သူ႔စစ္ႏွင့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက မီးရႈိ႕သတ္ ျဖတ္ခဲ့သည္ဟု ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။