ကျောက်တော်၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံးခဲ့ရဟုဆို

 12295

မြူနစ် (NP News) - ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်းသည် စစ်တွေမြို့မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို စောင့်ဆိုင်းကယ်ထုတ်နေစဉ်အချိန်တွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

“အကြီးက နှစ်စင်း၊ အသေးက တစ်စင်းပေါ့။ အဲဒီမှာ ကျားပိုက်တွေကို အောက်ခြေတစ်ကြောလုံးမှာ ချထားတာ။ ပြောရရင်တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ဆွဲထားတာ။ ဒလက်တွေက အဲဒါတွေနဲ့ အကုန်ငြိကုန်တာ။ ပထမဆုံးက ကမ်းထိုးရေယာဉ်အကြီးတစ်စင်းနဲ့ ငြိပြီးတော့ သောင်တင်သွားတယ်။ အဲဒါမှာ အသေးတစ်စင်းနဲ့ အကြီးတစ်စင်းက သွားပြီးဆွဲတာ။ အဲဒီမှာ ဒရော့ဗုံးတွေနဲ့ တိုက်ခိုက်ခံရတာပေါ့။ ပြီးတော့ ကမ်းပေါ်ကို တက်ပြေးတဲ့သူတွေကို ဓါးနဲ့ ဝိုင်းခုတ်တာတွေ ဖြစ်တဲ့အချိန်မှာ တစ်ချို့ရေကူးတတ်တဲ့ (၄)၊(၅)၊(၁၀)ယောက်လောက်က မြစ်ကြောင်းအတိုင်းမျောပြီးတော့ ဆင်းသွားတဲ့အချိန်မှာ ကယ်ဆယ်ရေးရေယာဉ်နဲ့တွေ့ပြီးတော့မှ အသက်ရှင်သွားတာလည်းရှိတယ်။ ကမ်းပေါ်ကို တက်ပြီးတော့ ပြေးလို့ အသက်ရှင်တာမဟုတ်ဘူး”ဟု ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက NP News ကို ပြောသည်။

ရခိုင့်လက်နက်ကိုင် AA ပူးပေါင်းအဖွဲ့သည် အထက်ပါကယ်ဆယ်ရေးရေယာဉ်(၃)စင်းကို ဒရှော့ဗုံးအပါ အဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ၎င်းဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲ့ဝင်နှင့်မိသားစုဝင် စုစုပေါင်း (၆၀၀)ထက်မနည်း သေဆုံးခဲ့ရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“စုစုပေါင်း (၇၀၀)ဝန်းကျင်လောက်ရှိမယ်။ ကြည်းတပ်နဲ့ မိသားစုဝင်အင်အားက ဘယ်လောက်ရှိလဲ ကျွန်တော်တို့ တိတိကျကျမသိဘူး။ ဒါပေမဲ့ ရေတပ်အင်အားကတော့ သင်္ဘောမောင်းတဲ့သူတွေ၊ ကယ် ဆယ်ရေးလုပ်တဲ့သူတွေလည်း ပါတယ်။ အဲဒီသင်္ဘောပေါ်မှာက တပ်မတော်သားတွေ၊ မိသားစုဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ကလေးတွေအများကြီးပါတယ်”ဟု အထက်ပါနိုင်ငံ့ဝန်ထမ်းက ထပ်မံပြောသည်။

အဆိုပါရေယာဉ်(၃)စင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၆ ရက်မှစတင်ကာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင် အပြီးသတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ၎င်းရေယာဉ်များသည် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်စဉ် ရန်ကုန်မြို့မှတစ်ဆင့် ဆန်အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်ကာ မုန်တိုင်းဒဏ်သင့်ဒေသခံများကို ကူညီပေးခဲ့သော ကမ်းထိုးရေယာဉ်များ ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်အပေါ် NP News အနေဖြင့် ထပ်မံသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

လက်ရှိတွင် အထက်ပါရေယာဉ်(၃)စင်းကို တိုက်ခိုက်ခဲ့သော အခြေအနေများနှင့်ပတ်သက်၍လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဓါတ်ပုံများနှင့်တကွ အသိပေးထုတ်ပြန်လာသည်ကို တွေ့ရှိရသည်။

ဖေဖော်ဝါရီလ ၈ ရက်သည် နစက၏ သင်္ဘောများကို အလဲထိုးကာ အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်သည်ဟုလည်း AA အဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထို့ပြင် အထက်ပါရေယာဉ်များအပေါ်မှ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာကို ကယ်တင်ထားနိုင်ခဲ့ကြောင်းလည်း AA အဖွဲ့က ထပ်မံအသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။

zawgyi version
ေက်ာက္ေတာ္၌ ကယ္ဆယ္ေရးကမ္းထိုးေရယာဥ္ (၃)စင္း တိုက္ခိုက္ခံခဲ့ရၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ အမ်ားအျပားေသဆုံးခဲ့ရဟုဆို

ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၁၂

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း၌ ကယ္ဆယ္ေရးကမ္းထိုးေရယာဥ္ (၃)စင္း တိုက္ခိုက္ခံခဲ့ရၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ အမ်ားအျပားေသဆုံးခဲ့ရေၾကာင္း သတင္းရရွိသည္။

ကယ္ဆယ္ေရးကမ္းထိုးေရယာဥ္(၃)စင္းသည္ စစ္ေတြၿမိဳ႕မွတစ္ဆင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝ႐ြာအနီး၌ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား၊ ၎တို႔၏ မိသားစုဝင္မ်ား ႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ေစာင့္ဆိုင္းကယ္ထုတ္ေနစဥ္အခ်ိန္တြင္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕၏ ပစ္ခတ္တိုက္ခိုက္ျခင္းကို ခံခဲ့ရေၾကာင္း သိရသည္။

“အႀကီးက ႏွစ္စင္း၊ အေသးက တစ္စင္းေပါ့။ အဲဒီမွာ က်ားပိုက္ေတြကို ေအာက္ေျခတစ္ေၾကာလုံးမွာ ခ်ထားတာ။ ေျပာရရင္ေတာ့ ဟိုဘက္ကမ္းနဲ႔ ဒီဘက္ကမ္းကို ဆြဲထားတာ။ ဒလက္ေတြက အဲဒါေတြနဲ႔ အကုန္ၿငိကုန္တာ။ ပထမဆုံးက ကမ္းထိုးေရယာဥ္အႀကီးတစ္စင္းနဲ႔ ၿငိၿပီးေတာ့ ေသာင္တင္သြားတယ္။ အဲဒါမွာ အေသးတစ္စင္းနဲ႔ အႀကီးတစ္စင္းက သြားၿပီးဆြဲတာ။ အဲဒီမွာ ဒေရာ့ဗုံးေတြနဲ႔ တိုက္ခိုက္ခံရတာေပါ့။ ၿပီးေတာ့ ကမ္းေပၚကို တက္ေျပးတဲ့သူေတြကို ဓါးနဲ႔ ဝိုင္းခုတ္တာေတြ ျဖစ္တဲ့အခ်ိန္မွာ တစ္ခ်ိဳ႕ေရကူးတတ္တဲ့ (၄)၊(၅)၊(၁၀)ေယာက္ေလာက္က ျမစ္ေၾကာင္းအတိုင္းေမ်ာၿပီးေတာ့ ဆင္းသြားတဲ့အခ်ိန္မွာ ကယ္ဆယ္ေရးေရယာဥ္နဲ႔ေတြ႕ၿပီးေတာ့မွ အသက္ရွင္သြားတာလည္းရွိတယ္။ ကမ္းေပၚကို တက္ၿပီးေတာ့ ေျပးလို႔ အသက္ရွင္တာမဟုတ္ဘူး”ဟု ရခိုင္ျပည္နယ္အတြင္းရွိ ႏိုင္ငံ့ဝန္ထမ္းတစ္ဦးက NP News ကို ေျပာသည္။

ရခိုင့္လက္နက္ကိုင္ AA ပူးေပါင္းအဖြဲ႕သည္ အထက္ပါကယ္ဆယ္ေရးေရယာဥ္(၃)စင္းကို ဒေရွာ့ဗုံးအပါ အဝင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး ၎ျဖစ္စဥ္အတြင္း လုံၿခဳံေရးအဖြဲ႕ဝင္ႏွင့္မိသားစုဝင္ စုစုေပါင္း (၆၀၀)ထက္မနည္း ေသဆုံးခဲ့ရသည္ဟုလည္း ၎က ဆက္လက္ေျပာၾကားသည္။

“စုစုေပါင္း (၇၀၀)ဝန္းက်င္ေလာက္ရွိမယ္။ ၾကည္းတပ္နဲ႔ မိသားစုဝင္အင္အားက ဘယ္ေလာက္ရွိလဲ ကြၽန္ေတာ္တို႔ တိတိက်က်မသိဘူး။ ဒါေပမဲ့ ေရတပ္အင္အားကေတာ့ သေဘၤာေမာင္းတဲ့သူေတြ၊ ကယ္ ဆယ္ေရးလုပ္တဲ့သူေတြလည္း ပါတယ္။ အဲဒီသေဘၤာေပၚမွာက တပ္မေတာ္သားေတြ၊ မိသားစုဝင္ေတြ၊ ႏိုင္ငံ့ဝန္ထမ္းေတြ၊ ကေလးေတြအမ်ားႀကီးပါတယ္”ဟု အထက္ပါႏိုင္ငံ့ဝန္ထမ္းက ထပ္မံေျပာသည္။

အဆိုပါေရယာဥ္(၃)စင္း တိုက္ခိုက္ခံရမႈျဖစ္စဥ္သည္ ေဖေဖာ္ဝါရီလ ၆ ရက္မွစတင္ကာ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၈ ရက္တြင္ အၿပီးသတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ၎ေရယာဥ္မ်ားသည္ ရခိုင္ျပည္နယ္၌ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)တိုက္ခတ္စဥ္ ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ ဆန္အပါအဝင္ ကယ္ဆယ္ေရးပစၥည္းမ်ားကို တင္ေဆာင္ကာ မုန္တိုင္းဒဏ္သင့္ေဒသခံမ်ားကို ကူညီေပးခဲ့ေသာ ကမ္းထိုးေရယာဥ္မ်ား ျဖစ္ေၾကာင္းလည္း ထပ္မံသိရွိရသည္။

ကယ္ဆယ္ေရးကမ္းထိုးေရယာဥ္(၃)စင္း တိုက္ခိုက္ခံရမႈျဖစ္စဥ္ႏွင့္အေပၚ NP News အေနျဖင့္ ထပ္မံသီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးသကဲ့သို႔ နစက၏သတင္းထုတ္ျပန္ေရးအဖြဲ႕အေနျဖင့္လည္း လက္ရွိအခ်ိန္ထိ တစ္စုံတစ္ရာထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

လက္ရွိတြင္ အထက္ပါေရယာဥ္(၃)စင္းကို တိုက္ခိုက္ခဲ့ေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍လည္း ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က ဓါတ္ပုံမ်ားႏွင့္တကြ အသိေပးထုတ္ျပန္လာသည္ကို ေတြ႕ရွိရသည္။

ေဖေဖာ္ဝါရီလ ၈ ရက္သည္ နစက၏ သေဘၤာမ်ားကို အလဲထိုးကာ ေအာင္ပြဲရယူႏိုင္ခဲ့ေသာ ေန႔တစ္ေန႔ျဖစ္သည္ဟုလည္း AA အဖြဲ႕က ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

ထို႔ျပင္ အထက္ပါေရယာဥ္မ်ားအေပၚမွ အသက္မေသဘဲ ေရကူးလြတ္ေျမာက္လာေသာသူမ်ားစြာကို ကယ္တင္ထားႏိုင္ခဲ့ေၾကာင္းလည္း AA အဖြဲ႕က ထပ္မံအသိေပးထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.