အတိုက်အခံခေါင်းဆောင် Alexey Navalny ထောင်ထဲမှာသေဆုံးသွားကြောင်း ရုရှားအစိုးရ ကြေညာ
428
ALynn (NP News) - ဖေဖော်ဝါရီ ၁၇
အစွန်းရောက်ဝါဒစွဲချက်ဖြင့် အကျဉ်းချခံထားရသော ရုရှား အတိုက်အခံခေါင်းဆောင် Alexey Navalny သည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် သေဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာမှ ဖော်ပြခဲ့သည်။
၎င်းသေဆုံးချိန်၌ အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်အရ Navalny သည် လမ်းလျှောက်ပြီးနောက် ရုတ်တရက်သတိလစ်ပြီး အခြေအနေဆိုးရွားသွားခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက Navalny ကို မော်စကိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁,၉၀၀ ခန့်အကွာ Yamalo-Nenets ဒေသ၊ Kharp မြို့ရှိ အကျဉ်းစခန်းသို့ ရွှေ့ပြောင်း ထားခဲ့သည်။ Navalny သေဆုံးမှုနှင့်ပတ်သက်၍ သမ္မတပူတင်လည်း သိရှိပြီးဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဖော်ပြခဲ့သည်။ ၎င်းသေဆုံးကြောင်း သတင်းထုတ်ပြန်ပြီးနောက် ရုရှားအစိုးရရှေ့နေရုံးက မော်စကိုမြို့လယ်ခေါင် လူထုဆန္ဒပြပွဲများတွင် မပါဝင်ရန် ပြည်သူများကို သတိပေးခဲ့သည်။
Navalny ၏ လက်ထောက်က “ရုရှားအာဏာပိုင်များသည် Navalny ကို အကျဉ်းထောင်ထဲမှာ သတ်ပစ်ကြောင်း ဝန်ခံချက်ထုတ်ပြန်ခြင်းသာဖြစ်ပြီး ၎င်းနှင့်ပတ်သက်လို့ ကျွန်ုပ်တို့မှာ အတည်ပြုဖို့ ဒါမှမဟုတ် မမှန်ကြောင်း သက်သေပြဖို့ နည်းလမ်းမရှိပါဘူး”ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
ကမ္ဘာ့ခေါင်းဆောင်များနှင့် အရာရှိများတက်ရောက်ကျသည့် မြူးနစ်လုံခြုံ ရေးထိပ်သီးအစည်းအဝေးတွင် Navalny ၏ အမျိုးသမီးက သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး “၎င်း၏ ခင်ပွန်း သေဆုံးမှုသတင်း အမှန်ဖြစ်ခဲ့ပါက ပူတင်နှင့် ၎င်း၏ အပေါင်းအပါများကို အရေးမယူဘဲ လွှတ်မထားသင့်ကြောင်း၊ မော်စကိုရှိ ကြောက်မက်ဖွယ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အတူတကွတွန်းလှန်သင့်ကြောင်း” တောင်းဆိုခဲ့သည်။
ကမ္ဘာ့ခေါင်းဆောင်အများစုက Navalny သည် ၎င်း၏ရဲစွမ်းသတ္တိကို ဘဝနှင့်ရင်း၍ ပြသသွားခြင်းဖြစ်ပြီး သမ္မတပူတင်အားဆန့်ကျင်သည့် ပြစ်မှုအတွက် အကျဉ်းချခြင်းနှင့် သေဆုံးမှုကို ရုရှားအစိုး ရအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း သဘောထားမှတ်ချက်ပြုကြသည်။ ရုရှားသမ္မတပူတင်ကို နောက်ထပ် ခြောက်နှစ်ကြာ အာဏာရစေမည့် ရွေးကောက်ပွဲမကျင်းပမီ တစ်လအလိုတွင် ဖြစ်ပွားခဲ့သော ၎င်း၏သေဆုံးမှုသည် ပြည်တွင်းရှိ အတိုက်အခံအားလုံးကို နှိမ်နင်းခဲ့သည့် ခေါင်းဆောင်အပေါ် ဝေဖန်မှုများ ထပ်မံဂယက်ရိုက်စေသည်။ Navalny အဖမ်းမခံရခင်က ၎င်းသည် အကျင့်ပျက်ခြစားမှု ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဦးဆောင်ခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အဓိက ဦးဆောင်လှုံ့ဆောင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းအား အထူးစစ်ဆင်ရေး စတင်ဆင်နွှဲခဲ့ချိန်ကလည်း Navalny သည် ထောင်ထဲမှနေ၍ စစ်ပွဲကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဆိုရှယ်မီဒီယာများ၌ ရေးသားဖော်ပြခဲ့သည်။
zawgyi version
အတိုက္အခံေခါင္းေဆာင္ Alexey Navalny ေထာင္ထဲမွာေသဆုံးသြားေၾကာင္း ႐ုရွားအစိုးရ ေၾကညာ
ALynn (NP News) - ေဖေဖာ္ဝါရီ ၁၇
အစြန္းေရာက္ဝါဒစြဲခ်က္ျဖင့္ အက်ဥ္းခ်ခံထားရေသာ ႐ုရွား အတိုက္အခံေခါင္းေဆာင္ Alexey Navalny သည္ ေဖေဖာ္ဝါရီလ ၁၆ ရက္တြင္ ေသဆုံးသြားၿပီျဖစ္ေၾကာင္း ႏိုင္ငံပိုင္မီဒီယာမွ ေဖာ္ျပခဲ့သည္။
၎ေသဆုံးခ်ိန္၌ အသက္ ၄၇ ႏွစ္ရွိၿပီျဖစ္ၿပီး ႏိုင္ငံပိုင္မီဒီယာ၏ ေဖာ္ျပခ်က္အရ Navalny သည္ လမ္းေလွ်ာက္ၿပီးေနာက္ ႐ုတ္တရက္သတိလစ္ၿပီး အေျခအေနဆိုး႐ြားသြားျခင္းျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ဒီဇင္ဘာလက Navalny ကို ေမာ္စကိုၿမိဳ႕ အေရွ႕ေျမာက္ဘက္ ကီလိုမီတာ ၁,၉၀၀ ခန႔္အကြာ Yamalo-Nenets ေဒသ၊ Kharp ၿမိဳ႕ရွိ အက်ဥ္းစခန္းသို႔ ေ႐ႊ႕ေျပာင္း ထားခဲ့သည္။ Navalny ေသဆုံးမႈႏွင့္ပတ္သက္၍ သမၼတပူတင္လည္း သိရွိၿပီးျဖစ္ေၾကာင္း ကရင္မလင္နန္းေတာ္က ေဖာ္ျပခဲ့သည္။ ၎ေသဆုံးေၾကာင္း သတင္းထုတ္ျပန္ၿပီးေနာက္ ႐ုရွားအစိုးရေရွ႕ေန႐ုံးက ေမာ္စကိုၿမိဳ႕လယ္ေခါင္ လူထုဆႏၵျပပြဲမ်ားတြင္ မပါဝင္ရန္ ျပည္သူမ်ားကို သတိေပးခဲ့သည္။
Navalny ၏ လက္ေထာက္က “႐ုရွားအာဏာပိုင္မ်ားသည္ Navalny ကို အက်ဥ္းေထာင္ထဲမွာ သတ္ပစ္ေၾကာင္း ဝန္ခံခ်က္ထုတ္ျပန္ျခင္းသာျဖစ္ၿပီး ၎ႏွင့္ပတ္သက္လို႔ ကြၽႏ္ုပ္တို႔မွာ အတည္ျပဳဖို႔ ဒါမွမဟုတ္ မမွန္ေၾကာင္း သက္ေသျပဖို႔ နည္းလမ္းမရွိပါဘူး”ဟု ဆိုရွယ္မီဒီယာတြင္ ေရးသားခဲ့သည္။
ကမာၻ႔ေခါင္းေဆာင္မ်ားႏွင့္ အရာရွိမ်ားတက္ေရာက္က်သည့္ ျမဴးနစ္လုံၿခဳံ ေရးထိပ္သီးအစည္းအေဝးတြင္ Navalny ၏ အမ်ိဳးသမီးက သတင္းစာရွင္းလင္းပြဲက်င္းပခဲ့ၿပီး “၎၏ ခင္ပြန္း ေသဆုံးမႈသတင္း အမွန္ျဖစ္ခဲ့ပါက ပူတင္ႏွင့္ ၎၏ အေပါင္းအပါမ်ားကို အေရးမယူဘဲ လႊတ္မထားသင့္ေၾကာင္း၊ ေမာ္စကိုရွိ ေၾကာက္မက္ဖြယ္အစိုးရကို ႏိုင္ငံတကာအသိုင္းအဝိုင္း အေနျဖင့္ အတူတကြတြန္းလွန္သင့္ေၾကာင္း” ေတာင္းဆိုခဲ့သည္။
ကမာၻ႔ေခါင္းေဆာင္အမ်ားစုက Navalny သည္ ၎၏ရဲစြမ္းသတၱိကို ဘဝႏွင့္ရင္း၍ ျပသသြားျခင္းျဖစ္ၿပီး သမၼတပူတင္အားဆန႔္က်င္သည့္ ျပစ္မႈအတြက္ အက်ဥ္းခ်ျခင္းႏွင့္ ေသဆုံးမႈကို ႐ုရွားအစိုး ရအေနျဖင့္ တာဝန္ယူရမည္ျဖစ္ေၾကာင္း သေဘာထားမွတ္ခ်က္ျပဳၾကသည္။ ႐ုရွားသမၼတပူတင္ကို ေနာက္ထပ္ ေျခာက္ႏွစ္ၾကာ အာဏာရေစမည့္ ေ႐ြးေကာက္ပြဲမက်င္းပမီ တစ္လအလိုတြင္ ျဖစ္ပြားခဲ့ေသာ ၎၏ေသဆုံးမႈသည္ ျပည္တြင္းရွိ အတိုက္အခံအားလုံးကို ႏွိမ္နင္းခဲ့သည့္ ေခါင္းေဆာင္အေပၚ ေဝဖန္မႈမ်ား ထပ္မံဂယက္႐ိုက္ေစသည္။ Navalny အဖမ္းမခံရခင္က ၎သည္ အက်င့္ပ်က္ျခစားမႈ ဆန႔္က်င္သည့္ လႈပ္ရွားမႈမ်ားကို ဦးေဆာင္ခဲ့ၿပီး အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားကို အဓိက ဦးေဆာင္လႈံ႕ေဆာင္ခဲ့ပါသည္။ ၂၀၂၂ ခုႏွစ္တြင္ ႐ုရွားက ယူကရိန္းအား အထူးစစ္ဆင္ေရး စတင္ဆင္ႏႊဲခဲ့ခ်ိန္ကလည္း Navalny သည္ ေထာင္ထဲမွေန၍ စစ္ပြဲကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္း ဆိုရွယ္မီဒီယာမ်ား၌ ေရးသားေဖာ္ျပခဲ့သည္။