အမြန်လမ်းတွင် သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင်သော ယာဉ်များကို ဖမ်းဆီးအရေးယူလျက်ရှိရာ တစ်ရက်လျှင် အစီးရေ ပျမ်းမျှ (၅၀)ခန့် ရှိ

 593

စော (NP News) - ဖေဖော်ဝါရီ ၂၂

အမြန်လမ်းတွင် သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင်သော ယာဉ်များကို ဖမ်းဆီးအရေးယူလျက်ရှိရာ တစ်ရက်လျှင် အစီးရေ ပျမ်းမျှ(၅၀)ခန့် အရေးယူရကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။

“သူ့နေ့အလိုက် တစ်ရက်နဲ့တစ်ရက်တော့ ဖမ်းဆီးရမိတာ အနည်းအများတော့ကွာပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်မှာ အစီး ၅၀ နဲ့ ၆၀ကြားလောက် သတ်မှတ်အရှိန်နှုန်းထက်ကျော်လွန်မောင်းနင်တဲ့ကားတွေ ဖမ်းဆီး အရေးယူတာရှိပါတယ်။ အသက်ကယ်ထိုင်ခုံခါးပတ်မပတ်တဲ့ယာဉ်တွေ ဟိုးတုန်းကတော့ တော်တော်များများ ဖမ်းမိပေမဲ့ အခုနောက်ပိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာလာတဲ့အခါကျတော့ အသက်ကယ် ထိုင်ခုံ ခါးပတ်မပတ်တဲ့ယာဉ်ဆိုရင် တစ်ရက်မှာ သုံးစီး၊ လေးစီး၊ ငါးစီး အဲဒီဝန်းကျင်လောက်ပဲ ဖမ်းဆီးအရေးယူတာရှိ ပါတယ်” ဟု နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်အမျိုး အစားပေါ်မူတည်၍ မောင်းနှင်ရမည့် ကီလိုမီတာများကို သတ်မှတ်ရာ တွင် အိမ်စီးယာဉ်များအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)၊ ခရီးသည်တင် express ယာဉ်များအတွက် ကီလိုမီတာ (၉၀) နှင့် Light Truck၊ Hijet၊ Telematics စနစ်တပ်ထားသည့် ကုန်တင်ယာဉ်များအတွက် ကီလိုမီတာ (၆၀) အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

“အမြန်လမ်း စတင်ဖောက်လုပ်ထဲက ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်းတာ တွက်ချက်ပြီးတော့ ဒီယာဉ်အမျိုးအစားက ဒီအရှိန်နှုန်းလောက်အတွင်းမှာ မောင်းမယ်ဆိုရင် အန္တရာယ်ကင်းနိုင် မယ်။ တစ်ခုခုထိခိုက်ရင် သူ့ဘာသာအချိန်မှီထိန်းနိုင်သိမ်းနိုင်မယ်ဆိုတဲ့ သူတို့စံသတ်မှတ်ချက်ပေါ့။ အဲဒီအတွက် သတ်မှတ်အရှိန်နှုန်းအတွင်း အန္တရာယ်ကင်းကင်း မောင်းနှင်ပေးဖို့၊ မောင်းနှင်ခြင်းအားဖြင့် ယာဉ်မတော်တဆမှုတွေ လျော့နည်းကျဆင်းဖို့ ဒါကိုရည်ရွယ်ပြီးတော့ အရှိန်နှုန်းထက်ကျော်လွန်မောင်းနှင်တဲ့ယာဉ်တွေကို ဖမ်းဆီး အရေးယူရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းကို တစ်ရက်လျှင် ဖြတ်သန်းသွားလာ အသုံးပြုသည့် ခန့်မှန်းအစီးရေ (၅၀၀၀)ခန့် ရှိ ကြောင်း သိရသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များအနေဖြင့် အခါအားလျော်စွာ အသိပညာပေးဆွေးနွေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၌ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သော ယာဉ်များကို ဖမ်းဆီးကာ သက်ဆိုင်ရာတရားရုံးများသို့ တရားစွဲတင်ပို့ခဲ့သည့် အမှုပေါင်း (၁၃၀၁၉)မှုရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
အျမန္လမ္းတြင္ သတ္မွတ္အျမန္ႏႈန္းထက္ေက်ာ္လြန္ေမာင္းႏွင္ေသာ ယာဥ္မ်ားကို ဖမ္းဆီးအေရးယူလ်က္ရွိရာ တစ္ရက္လွ်င္ အစီးေရ ပ်မ္းမွ် (၅၀)ခန႔္ ရွိ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၂

အျမန္လမ္းတြင္ သတ္မွတ္အျမန္ႏႈန္းထက္ေက်ာ္လြန္ေမာင္းႏွင္ေသာ ယာဥ္မ်ားကို ဖမ္းဆီးအေရးယူလ်က္ရွိရာ တစ္ရက္လွ်င္ အစီးေရ ပ်မ္းမွ်(၅၀)ခန႔္ အေရးယူရေၾကာင္း ေနျပည္ေတာ္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးထံ ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။

“သူ႔ေန႔အလိုက္ တစ္ရက္နဲ႔တစ္ရက္ေတာ့ ဖမ္းဆီးရမိတာ အနည္းအမ်ားေတာ့ကြာပါတယ္။ ပ်မ္းမွ်အားျဖင့္ တစ္ရက္မွာ အစီး ၅၀ နဲ႔ ၆၀ၾကားေလာက္ သတ္မွတ္အရွိန္ႏႈန္းထက္ေက်ာ္လြန္ေမာင္းနင္တဲ့ကားေတြ ဖမ္းဆီး အေရးယူတာရွိပါတယ္။ အသက္ကယ္ထိုင္ခုံခါးပတ္မပတ္တဲ့ယာဥ္ေတြ ဟိုးတုန္းကေတာ့ ေတာ္ေတာ္မ်ားမ်ား ဖမ္းမိေပမဲ့ အခုေနာက္ပိုင္း ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းကို လိုက္နာလာတဲ့အခါက်ေတာ့ အသက္ကယ္ ထိုင္ခုံ ခါးပတ္မပတ္တဲ့ယာဥ္ဆိုရင္ တစ္ရက္မွာ သုံးစီး၊ ေလးစီး၊ ငါးစီး အဲဒီဝန္းက်င္ေလာက္ပဲ ဖမ္းဆီးအေရးယူတာရွိ ပါတယ္” ဟု ေနျပည္ေတာ္ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ရန္ကုန္-မႏၲေလး အျမန္လမ္း၌ ယာဥ္အမ်ိဳး အစားေပၚမူတည္၍ ေမာင္းႏွင္ရမည့္ ကီလိုမီတာမ်ားကို သတ္မွတ္ရာ တြင္ အိမ္စီးယာဥ္မ်ားအတြက္ တစ္နာရီလွ်င္ ကီလိုမီတာ (၁၀၀)၊ ခရီးသည္တင္ express ယာဥ္မ်ားအတြက္ ကီလိုမီတာ (၉၀) ႏွင့္ Light Truck၊ Hijet၊ Telematics စနစ္တပ္ထားသည့္ ကုန္တင္ယာဥ္မ်ားအတြက္ ကီလိုမီတာ (၆၀) အျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။

“အျမန္လမ္း စတင္ေဖာက္လုပ္ထဲက ေဆာက္လုပ္ေရးဝန္ႀကီးဌာနကေန ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ တိုင္းတာ တြက္ခ်က္ၿပီးေတာ့ ဒီယာဥ္အမ်ိဳးအစားက ဒီအရွိန္ႏႈန္းေလာက္အတြင္းမွာ ေမာင္းမယ္ဆိုရင္ အႏၲရာယ္ကင္းႏိုင္ မယ္။ တစ္ခုခုထိခိုက္ရင္ သူ႔ဘာသာအခ်ိန္မွီထိန္းႏိုင္သိမ္းႏိုင္မယ္ဆိုတဲ့ သူတို႔စံသတ္မွတ္ခ်က္ေပါ့။ အဲဒီအတြက္ သတ္မွတ္အရွိန္ႏႈန္းအတြင္း အႏၲရာယ္ကင္းကင္း ေမာင္းႏွင္ေပးဖို႔၊ ေမာင္းႏွင္ျခင္းအားျဖင့္ ယာဥ္မေတာ္တဆမႈေတြ ေလ်ာ့နည္းက်ဆင္းဖို႔ ဒါကိုရည္႐ြယ္ၿပီးေတာ့ အရွိန္ႏႈန္းထက္ေက်ာ္လြန္ေမာင္းႏွင္တဲ့ယာဥ္ေတြကို ဖမ္းဆီး အေရးယူရျခင္းျဖစ္ပါတယ္” ဟု ၎က ဆိုသည္။

ရန္ကုန္-မႏၲေလး အျမန္လမ္းကို တစ္ရက္လွ်င္ ျဖတ္သန္းသြားလာ အသုံးျပဳသည့္ ခန႔္မွန္းအစီးေရ (၅၀၀၀)ခန႔္ ရွိ ေၾကာင္း သိရသည္။

အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ အခါအားေလ်ာ္စြာ အသိပညာေပးေဆြးေႏြးေဆာင္႐ြက္ျခင္းႏွင့္ အသိပညာေပးလက္ကမ္းစာေစာင္ျဖန႔္ေဝျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္တြင္ ရန္ကုန္-မႏၲေလး အျမန္လမ္း၌ သတ္မွတ္အရွိန္ထက္ ေက်ာ္လြန္ေမာင္းႏွင္ေသာ ယာဥ္မ်ားကို ဖမ္းဆီးကာ သက္ဆိုင္ရာတရား႐ုံးမ်ားသို႔ တရားစြဲတင္ပို႔ခဲ့သည့္ အမႈေပါင္း (၁၃၀၁၉)မႈရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.